``ယဇ်ပုရောဟိတ်အဖြစ်ခံယူရာ၌ ပူဇော် သောသိုး၏ရင်ပုံသားနှင့်ပေါင်ကိုအထူး ပူဇော်သကာအဖြစ် ငါ့အားဆက်သသော အခါထိုအသားပိုင်းတို့သည် ယဇ်ပုရော ဟိတ်များ၏ဝေစုဖြစ်စေရမည်။-
ဝတ်ပြု 7:32 - Common Language Bible မိတ်သဟာယယဇ်ကောင်၏သွေးနှင့်အဆီ ကို ပူဇော်သောယဇ်ပုရောဟိတ်အား ယဇ်ကောင် ၏လက်ယာပေါင်ကိုအထူးလှူဖွယ်အဖြစ် ပေးရမည်။- Garrad Bible မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ များ အ နက် မြှောက် ဆက် ရာ အ လှူ အ ဖြစ် လက်ျာ ပေါင် ကို လည်း ပ ရော ဖက် အား လှူ ကြ ရ မည်။ Judson Bible မိတ်သဟာယယဇ်ထဲက လက်ယာပခုံးကို ချီမြှောက်သောပူဇော်သကာဖို့ ယဇ်ပုရောဟိတ်အားပေးရမည်။ မြန်မာ့စံမီသမ္မာကျမ်း မိတ်သဟာယယဇ်ကောင်၏ယာဘက်ပေါင်ကို အလှူပစ္စည်းအဖြစ် ယဇ်ပုရောဟိတ်အား ပေးရမည်။ |
``ယဇ်ပုရောဟိတ်အဖြစ်ခံယူရာ၌ ပူဇော် သောသိုး၏ရင်ပုံသားနှင့်ပေါင်ကိုအထူး ပူဇော်သကာအဖြစ် ငါ့အားဆက်သသော အခါထိုအသားပိုင်းတို့သည် ယဇ်ပုရော ဟိတ်များ၏ဝေစုဖြစ်စေရမည်။-
သင်နှင့်သင်တို့၏မိသားစုများသည်ယဇ် ပုရောဟိတ်များအတွက် ထာဝရဘုရား အားအထူးဆက်သသောရင်ဒူးသားနှင့် ပေါင်တို့ကို ဘာသာရေးထုံးနည်းအရသန့် ရှင်းသောအရပ်တွင်စားရမည်။ ဤဝေစု များသည်ဣသရေလအမျိုးသားတို့၏ မိတ်သဟာယပူဇော်သကာများထဲမှ သင်နှင့်သင်၏သားသမီးများအတွက် ဝေစုများဖြစ်သည်။-
ယဇ်ကောင်၏ရင်ပုံသားနှင့်လက်ယာပေါင်တို့ သည် ထာဝရဘုရားကဣသရေလအမျိုး သားတို့ထံမှ ယဇ်ပုရောဟိတ်များအား အထူးလှူဖွယ်အဖြစ်သတ်မှတ်ပေးသော ဝေစုဖြစ်သည်။ ဣသရေလအမျိုးသားတို့ သည် ထိုဝေစုကိုယဇ်ပုရောဟိတ်တို့အား ထာဝစဉ်လှူဒါန်းရမည်။-
သူသည်မောရှေမှာထားသည့်အတိုင်းရင်ဒူး များနှင့် နောက်ပေါင်များကိုယဇ်ပုရောဟိတ် အတွက်ထာဝရဘုရားအားအထူးလှူဖွယ် အဖြစ်ဝှေ့ရမ်းလျက်ဆက်ကပ်လေသည်။
ယဇ်ပုရောဟိတ်မှတစ်ဆင့်ဣသရေလအမျိုး သားတို့က ထာဝရဘုရားအားဆက်သသော အထူးအလှူဒါနရှိသမျှကိုယဇ်ပုရော ဟိတ်ပိုင်သည်။-
ယဇ်ပုရောဟိတ်သည် ထိုပူဇော်သကာများ ကိုထာဝရဘုရားအား အထူးလှူဖွယ် အဖြစ်ဆက်သရမည်။ ထိုပူဇော်သကာများ အပြင်ပညတ်တော်အရ ယဇ်ပုရောဟိတ် ပိုင်သောသိုး၏ရင်ပုံသားနှင့်ပေါင်တို့သည် ယဇ်ပုရောဟိတ်အတွက်လှူဖွယ်ပစ္စည်းများ ဖြစ်သည်။ သို့ပြီးမှနာဇရိဂိုဏ်းဝင်သည် စပျစ်ရည်ကိုသောက်နိုင်သည်။
``နွားသို့မဟုတ်သိုးကိုယဇ်ပူဇော်သောအခါ ပခုံး၊ မေးရိုးနှင့်အစာအိမ်ကိုယဇ်ပုရော ဟိတ်တို့အားပေးရမည်။-
သို့ဖြစ်၍စားတော်ကဲသည်လက်ရွေးစင်ပေါင် တစ်ပေါင်ကိုယူလာပြီးလျှင် ရှောလု၏ရှေ့တွင် ချထားလေ၏။ ရှမွေလက``ဤအရာကား သင်၏အတွက်သီးသန့်ဖယ်ထားသောအသား ဖြစ်၏။ ယူ၍စားလော့။ ငါဖိတ်ခေါ်ထားသူတို့ နှင့်အတူယခုအချိန်၌သင်စားရန်ဤ အသားကိုငါဖယ်ထားခဲ့၏'' ဟုဆို၏။ ထို့ကြောင့်ရှောလုသည် ထိုနေ့၌ရှမွေလနှင့် အတူစားသောက်လေ၏။-