ဝတ်ပြု 10:14 - Common Language Bible
14 သင်နှင့်သင်တို့၏မိသားစုများသည်ယဇ် ပုရောဟိတ်များအတွက် ထာဝရဘုရား အားအထူးဆက်သသောရင်ဒူးသားနှင့် ပေါင်တို့ကို ဘာသာရေးထုံးနည်းအရသန့် ရှင်းသောအရပ်တွင်စားရမည်။ ဤဝေစု များသည်ဣသရေလအမျိုးသားတို့၏ မိတ်သဟာယပူဇော်သကာများထဲမှ သင်နှင့်သင်၏သားသမီးများအတွက် ဝေစုများဖြစ်သည်။-
အခန်းကိုကြည့်ပါ။ ကော်ပီ
14 ဣ သ ရေ လ အ မျိုး သား တို့ ဆက် သော မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ များ အ နက် ဦး တိုက် ရာ ရင် ထူး၊ မြှောက် ဆက် ရာ ပေါင် များ ကို လည်း သင် နှင့် သား တို့ ထုံး ဖွဲ့ ချက် ဆွမ်း အ ဖြစ် လှူ ပြီး ဖြစ် သော ကြောင့် သင် မှ စ၍ သား သ မီး တို့ ပါ စင် ကြယ် ရာ အ ရပ် တွင် စား ကြ ရ မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
14 ချီလွှဲသောရင်ပတ်၊ ချီမြှောက်သောပခုံးကိုကား၊ သင်နှင့်တကွ သင်၏သားသမီးတို့သည် စင်ကြယ်သောအရပ်၌ စားရကြမည်။ ဣသရေလအမျိုးသားတို့သည် ပူဇော်သောမိတ်သဟာယယဇ်ထဲက၊ သင်နှင့်သင်၏သားတို့သည် ခံထိုက်သောအဖို့ဖြစ်သတည်း။
အခန်းကိုကြည့်ပါ။ ကော်ပီ
14 ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံ၊ အလှူပစ္စည်းဖြစ်သောပေါင်တို့ကို သင်နှင့် သင့်သားသမီးတို့သည် သန့်ရှင်းသောနေရာ၌ စားကြရမည်။ အကြောင်းမူကား ၎င်းတို့ကို အစ္စရေးအမျိုးသား၏မိတ်သဟာယယဇ်ထဲမှ သင်ရရှိရမည့်ဝေစု၊ သင့်သားသမီးတို့ရရှိရမည့်ဝေစုအဖြစ် ပေးထားတော်မူပြီ။
အခန်းကိုကြည့်ပါ။ ကော်ပီ