မီးရှို့ရာယဇ်ပူဇော်သကာအနေနှင့် မိမိ လက်နှင့်ကိုယ်တိုင်ယူဆောင်ခဲ့ရမည်။ သူသည် ယဇ်ကောင်၏အဆီနှင့်တကွရင်ပုံသားကို ထာဝရဘုရားအတွက် အထူးပူဇော် သကာအဖြစ်ယူဆောင်ခဲ့ရမည်။-
ထာ ဝ ရ ဘု ရား ထံ မီး ပူ ဇော် ရာ များ ကို ကိုယ့် လက် ဖြင့် တင် သွင်း ရာ ထို ဆီ ဥ နှင့် တ ကွ ရင် ထူး ကို လည်း တင် သွင်း လျက် ထာ ဝ ရ ဘု ရား ရှေ့ ဦး တိုက် ရာ အ လှူ အ ဖြစ် ဖြင့် ရင် ထူး ကို ဦး တိုက် ပြီး မှ၊
ထာဝရဘုရားရှေ့တော်၌ ရင်ပတ်ကိုချီလွှဲ၍၊ ချီလွှဲသောပူဇော်သကာ ပြုစေခြင်းငှာ၊ ရင်ပတ်နှင့် ဆီဥတည်းဟူသောမီးဖြင့် ထာဝရဘုရားအား ပူဇော်သောအရာကို ကိုယ်တိုင်ဆောင်ခဲ့ရမည်။
ထိုသူသည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်ကို မိမိလက်ဖြင့်ယူဆောင်လာရမည်။ အဆီနှင့်တကွရင်ပုံကို ယူဆောင်လာ၍ ရင်ပုံကို ချီလွှဲရာပူဇော်သက္ကာအဖြစ် ထာဝရဘုရားရှေ့တော်၌ ချီလွှဲရမည်။
ရန်သူတို့အားအရှင်မင်းကြီးတိုက်ခိုက် တော်မူသောနေ့၌ အရှင်၏ပြည်သားတို့သည်အလိုအလျောက် ကိုယ်တော်နှင့်လိုက်ပါချီတက်ကြပါလိမ့်မည်။ နံနက်ချိန်၌ကျသည့်ဆီးနှင်းကဲ့သို့သန်စွမ်း သော လူငယ်လူရွယ်အမြောက်အမြားသည် အရှင်မင်းကြီးရှိရာသန့်ရှင်းမြင့်မြတ်သည့် တောင်ပေါ်သို့ရောက်ရှိကြပါလိမ့်မည်။
သင်နှင့်သင်တို့၏မိသားစုများသည်ယဇ် ပုရောဟိတ်များအတွက် ထာဝရဘုရား အားအထူးဆက်သသောရင်ဒူးသားနှင့် ပေါင်တို့ကို ဘာသာရေးထုံးနည်းအရသန့် ရှင်းသောအရပ်တွင်စားရမည်။ ဤဝေစု များသည်ဣသရေလအမျိုးသားတို့၏ မိတ်သဟာယပူဇော်သကာများထဲမှ သင်နှင့်သင်၏သားသမီးများအတွက် ဝေစုများဖြစ်သည်။-
သူတို့သည်ထာဝရဘုရားအား ပူဇော် သကာအဖြစ်ယဇ်ကောင်အဆီကိုပူဇော် သောအခါ ရင်ဒူးနှင့်ပေါင်တို့ကိုယူဆောင် ခဲ့ရမည်။ ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်း ဤယဇ်ကောင်ပိုင်းများသည် သင်နှင့် သင်၏သားစဉ်မြေးဆက်အတွက်ဝေစု ဖြစ်ရမည်'' ဟုဆိုလေသည်။
ထို့နောက်ဝမ်းတွင်းသားများမှရှိသမျှ အဆီ၊ ကျောက်ကပ်များနှင့်ကျောက်ကပ်အဆီ၊ အသည်းမှအကောင်းဆုံးအပိုင်းတို့ကို ထာဝရဘုရားအားဆက်ကပ်ရမည်။-
ထို့နောက်သိုးအဆီ၊ ဆူဖြိုးသောအမြီး၊ ဝမ်း တွင်းသားများမှရှိသမျှအဆီ၊ ကျောက်ကပ် များနှင့်ကျောက်ကပ်အဆီ၊ အသည်းမှအကောင်း ဆုံးအပိုင်းတို့ကိုထာဝရဘုရားအားဆက် ကပ်ရမည်။-
သူသည်၎င်းတို့ကိုအာရုန်နှင့်သူ၏သားတို့ လက်သို့ပေးအပ်သဖြင့် သူတို့သည်ထာဝရ ဘုရားအားအထူးပူဇော်သကာအဖြစ် ဆက်သကြသည်။-
ထို့နောက်မောရှေသည်သိုး၏ရင်ပုံသားကို အထူးပူဇော်သကာအဖြစ် ထာဝရဘုရား အားဆက်ကပ်လေသည်။ ထိုရင်ပုံသားမှာ သိက္ခာတင်ရာယဇ်ကောင်မှမောရှေပိုင်ဝေစု ဖြစ်သည်။ မောရှေသည်ထာဝရဘုရားမိန့် မှာတော်မူသမျှအတိုင်းဆောင်ရွက်လေ သည်။
အာရုန်သည်နွားနှင့်သိုးတို့၏ရင်ဒူးများ အပေါ်တွင် အဆီပိုင်းများကိုယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်၏။-
သူသည်မောရှေမှာထားသည့်အတိုင်းရင်ဒူး များနှင့် နောက်ပေါင်များကိုယဇ်ပုရောဟိတ် အတွက်ထာဝရဘုရားအားအထူးလှူဖွယ် အဖြစ်ဝှေ့ရမ်းလျက်ဆက်ကပ်လေသည်။
ယဇ်ပုရောဟိတ်သည် ထိုပူဇော်သကာများ ကိုထာဝရဘုရားအား အထူးလှူဖွယ် အဖြစ်ဆက်သရမည်။ ထိုပူဇော်သကာများ အပြင်ပညတ်တော်အရ ယဇ်ပုရောဟိတ် ပိုင်သောသိုး၏ရင်ပုံသားနှင့်ပေါင်တို့သည် ယဇ်ပုရောဟိတ်အတွက်လှူဖွယ်ပစ္စည်းများ ဖြစ်သည်။ သို့ပြီးမှနာဇရိဂိုဏ်းဝင်သည် စပျစ်ရည်ကိုသောက်နိုင်သည်။
လေဝိအနွယ်တို့ကိုဣသရေလအမျိုး သားတို့မှ ငါ့အားဆက်သသောအထူး ပူဇော်သကာအဖြစ်အာရုန်သည်ဆက်ကပ် ရမည်။ ဤနည်းဖြင့်သူတို့သည် ငါ၏အမှု တော်ကိုဆောင်ရွက်နိုင်မည်။-
အဘယ်သူမျှငါ့အသက်ကိုစွန့်စေသည်မဟုတ်။ ငါ့အလိုအလျောက်စွန့်ခြင်းဖြစ်၏။ ငါ့မှာ အသက်ကိုစွန့်ပိုင်ခွင့်၊ ပြန်ယူပိုင်ခွင့်ရှိ၏။ ဤ သို့ပြုရန်ခမည်းတော်ကငါ့အားစေခိုင်း တော်မူ၏'' ဟုမိန့်တော်မူ၏။
သင်တို့ပေးလှူလိုသောစေတနာစိတ်ရှိလျှင် ဘုရားသခင်သည်သင်တို့မတတ်နိုင်မှုကို မထောက်ဘဲတတ်နိုင်မှုကိုထောက်၍သင်တို့ ၏အမှုကိုလက်ခံတော်မူလိမ့်မည်။
``နွားသို့မဟုတ်သိုးကိုယဇ်ပူဇော်သောအခါ ပခုံး၊ မေးရိုးနှင့်အစာအိမ်ကိုယဇ်ပုရော ဟိတ်တို့အားပေးရမည်။-