မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။
ဝတ်ပြု 7:18 - Common Language Bible အသားအကြွင်းအကျန်ကိုတတိယနေ့၌ စားလျှင် ဘုရားသခင်သည်ထိုသူပူဇော်သော ယဇ်ကိုလက်ခံတော်မူမည်မဟုတ်။ ပူဇော်သော သူသည်လည်းအကျိုးကိုမခံရ။ ထိုယဇ်သည် မစင်ကြယ်သဖြင့် အသားကိုစားသောသူ၌ အပြစ်ရောက်လိမ့်မည်။- Garrad Bible တ တိ ယ နေ့ မှာ မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ၏ အ သား ကို စား လျှင် ဆက် ကပ် သူ အား အ ရေး ယူ၍ လက် ခံ တော် မူ မည် မ ဟုတ်။ ရွံ ရှာ ဖွယ် ဖြစ် သည့် အ တိုင်း စား သော သူ သည် ဒု စ ရိုက် ဝန် ကို ထမ်း ရ မည်။ Judson Bible မိတ်သဟာယယဇ်အသားအနည်းငယ်ကို၊ သန်ဘက်နေ့၌စားမိလျှင် စိတ်တော်နှင့်မတွေ့။ ပူဇော်သောသူသည် အကျိုးကိုမရ။ ရွံရှာဖွယ်ဖြစ်လိမ့်မည်။ စားသောသူသည် ကိုယ်အပြစ်ကိုခံရလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သုံးရက်မြောက်သောနေ့၌ မိတ်သဟာယယဇ်အသားကို အနည်းငယ်မျှပင်စားမိလျှင် ထိုယဇ်ကို လက်ခံတော်မူမည်မဟုတ်။ ပူဇော်သောသူကိုလည်း အသိအမှတ်ပြုမည်မဟုတ်။ ထိုယဇ်သည် ရွံရှာဖွယ်ဖြစ်၏။ ၎င်းကိုစားမိသောသူသည် ကိုယ့်အပြစ်ကိုယ်ခံရမည်။ |
မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။
ညဥ့်အခါ၌သူတို့သည်ဂူများသင်္ချိုင်းတွင်း များသို့သွား၍သူသေဝိညာဉ်များနှင့်နှီး နှောတိုင်ပင်ကြ၏။ သူတို့သည်ဝက်သားကို စား၍သူတို့၏အိုးများတွင် မသန့်ရှင်း သောအသားပြုတ်ရည်ရှိကြ၏။-
လူတို့သည်မိမိတို့စိတ်အလိုဆန္ဒအတိုင်း ပြုကျင့်တတ်ကြ၏။ သူတို့အတွက်နွားကို သတ်၍ယဇ်ပူဇော်ခြင်းသည်လူကိုသတ်၍ ပူဇော်ခြင်းနှင့်အတူတူဖြစ်၏။ သိုးကိုပူ ဇော်ခြင်းနှင့်ခွေးကိုပူဇော်ခြင်းအတူတူ ဖြစ်၏။ သီးနှံပူဇော်သကာသည်ဝက်သွေး ပူဇော်သကာနှင့်တူ၏။ နံ့သာပေါင်းကိုမီး ရှို့ပူဇော်ခြင်းသည်ရုပ်တုရှေ့တွင်ဆုတောင်း ခြင်းနှင့်အတူတူပင်ဖြစ်သည်။ သူတို့သည် စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့်အရာများ ၌မွေ့လျော်တတ်ကြ၏။-
ထာဝရဘုရားသည်ထိုသူတို့အကြောင်း နှင့်ပတ်သက်၍``သူတို့သည်ငါ့ထံမှထွက် ပြေးရန်နှစ်သက်ကြ၏။ မိမိတို့ခြေကို မချုပ်တည်းလိုကြ။ ထို့ကြောင့်ငါသည်သူ တို့ကိုမနှစ်သက်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုအောက်မေ့သတိရ၍ သူတို့အား အပြစ်ဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
အကယ်၍သူတို့သည်အစာရှောင်၍ပင် အကူအညီဟစ်အော်တောင်းခံကြစေ ကာမူ ငါသည်လူတို့၏ဟစ်အော်သံကို နားထောင်လိမ့်မည်မဟုတ်။ အကယ်၍သူ တို့သည်ငါ့အားမီးရှို့ရာယဇ်များနှင့် ပူဇော်သကာများကိုပင်ဆက်သသော် လည်း ငါသည်သူတို့အားနှစ်သက်လိမ့် မည်မဟုတ်။ ယင်းသို့နှစ်သက်မည့်အစား သူတို့အားစစ်ပွဲများတွင်ကျဆုံးစေမည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ အနာရောဂါ ဘေးသင့်၍သေစေမည်'' ဟုမိန့်တော်မူ ပါ၏။
သေရမည့်သူကားအပြစ်ကူးလွန်သူ ဖြစ်၏။ သားဖြစ်သူသည်ဖခင်ပြုသည့် အပြစ်များ၏အကျိုးဆက်ကိုခံရမည် မဟုတ်။ ဖခင်ဖြစ်သူသည်လည်းသားပြု သည့်အပြစ်များ၏အကျိုးဆက်ကိုခံ ရမည်မဟုတ်။ လူကောင်းသည်ကောင်းမှု ကိုပြုသည့်အတွက်ကောင်းကျိုး၊ ဆိုးညစ် သောသူသည်ဆိုးညစ်မှုကိုပြုသည့် အတွက်ဆိုးကျိုးကိုလည်းကောင်းခံရ လိမ့်မည်။
သူတို့သည်ငါ့အားယဇ်ပူဇော်၍ယဇ်ကောင် ၏အသားကိုစားကြ၏။ သို့ရာတွင်ငါ ထာဝရဘုရားသည်သူတို့၏အပြုအစု ကိုနှစ်သက်တော်မမူ၊ ယခုငါသည်သူတို့ ၏အပြစ်ကိုသတိရ၍အပြစ်အတွက် ဒဏ်စီရင်မည်။ သူတို့ကိုအီဂျစ်ပြည်သို့ ပြန်ပို့မည်။
``သင်တို့သည်အဘယ်ကြောင့်ထိုယဇ်ကောင်၏ အသားကို သန့်ရှင်းရာဌာနတွင်မစားကြ သနည်း။ အပြစ်ဖြေရာယဇ်သည်အထူးပူ ဇော်သောပူဇော်သကာဖြစ်၍ ထာဝရဘုရား သည်ဣသရေလအမျိုးသားတို့၏အပြစ် ကိုဖြေရန်အတွက် သင်တို့အားထိုယဇ် ကောင်အသားကိုပေးတော်မူပြီ။-
ထိုအခါအာရုန်ကမောရှေအား``အကယ်၍ အကျွန်ုပ်သည်အပြစ်ဖြေရာယဇ်ကောင်၏ အသားကို ယနေ့စားခဲ့သော်ထာဝရဘုရား နှစ်သက်တော်မူပါမည်လော။ ဣသရေလ အမျိုးသားတို့သည် ယနေ့ထာဝရဘုရား အားအပြစ်ဖြေရာယဇ်နှင့် မီးရှို့ရာယဇ်တို့ ကိုပူဇော်ကြပါပြီ။ သို့ဖြစ်ပါလျက်နှင့် အကျွန်ုပ်၌ ဤအဖြစ်ဆိုးနှင့်တွေ့ကြုံရ ပါသည်တကား'' ဟုဖြေကြားလေ၏။-
မြေကြီးပေါ်တွင်တွားသွားတတ်သော သို့ မဟုတ်ခြေလေးချောင်းရှိသော သို့မဟုတ် ခြေလေးချောင်းထက်များသောခြေရှိသော သတ္တဝါငယ်များကိုသင်တို့မစားရ။-
``သင်တို့သည်မိတ်သဟာယယဇ်ကိုပူဇော် သည့်အခါ ငါ၏ပြဋ္ဌာန်းချက်များနှင့်အညီ ပူဇော်လျှင် ငါသည်ထိုပူဇော်သကာကို လက်ခံမည်။-
တစ်စုံတစ်ယောက်သည် မိမိ၏နှမအရင်းသို့မဟုတ်ဖအေတူမအေကွဲနှမနှင့်ထိမ်းမြားလျှင် သူတို့ကိုလူထုရှေ့မှောက်တွင်ရှုတ်ချ၍ ဣသရေလအမျိုးမှထုတ်ပယ်ရမည်။ သူသည်မိမိ၏နှမနှင့်ကာမစပ်ယှက်သောကြောင့်အပြစ်ကိုခံရမည်။-
တစ်စုံတစ်ယောက်သည်မိမိအဒေါ်နှင့်ကာမစပ်ယှက်လျှင် သွေးနီးစပ်သူချင်းဖောက်ပြန်သဖြင့်နှစ်ဦးစလုံးအပြစ်ခံရမည်။-
ပုကွသောတိရစ္ဆာန်သို့မဟုတ်ပုံပန်းမကျ သောတိရစ္ဆာန်ကို မိမိစေတနာအလျောက် ပူဇော်သောယဇ်အဖြစ်ဆက်သနိုင်သော် လည်း ကတိသစ္စာအလျောက်ပူဇော်သော ယဇ်အဖြစ်မဆက်သနိုင်။-
လူမျိုးခြားထံမှ ရရှိသောတိရစ္ဆာန်ကို ပူဇော်သကာအဖြစ်မပူဇော်ရ။ ထိုကဲ့သို့ သောတိရစ္ဆာန်သည် အနာအဆာရှိသည်ဟု ယူဆရမည်ဖြစ်သောကြောင့်ယင်းကိုမပူ ဇော်ရ။
တစ်စုံတစ်ယောက်သည် ထာဝရဘုရား၏ ပညတ်တော်တစ်ပါးပါးကိုအမှတ်မထင် ချိုးဖောက်မိလျှင် သူသည်အပြစ်ကူးလွန် သဖြင့်အပြစ်ဒဏ်ကိုပေးဆောင်ရမည်။-
ဘာသာရေးထုံးနည်းအရမစင်ကြယ်သော အရာတစ်စုံတစ်ခုနှင့် ထိမိသောအသား ကိုမစားရ။ ၎င်းကိုမီးရှို့ပစ်ရမည်။ ဘာသာရေးထုံးနည်းအရသန့်ရှင်းသောသူ သည် မိတ်သဟာယယဇ်ကောင်၏အသားကို စားနိုင်သည်။-
သင်တို့မီးပူဇော်ခြင်း၊ ဂျုံစပါးဆက်ကပ် ခြင်းကိုငါလက်မခံနိုင်။ ဆူဖြိုးသောသား ကောင်တို့ဖြင့် ပူဇော်ခြင်းကိုလည်းငါ အလိုမရှိ။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ ၏ယဇ်ပလ္လင်ပေါ်တွင်ညစ်ညမ်းသည့်မီးများ ကိုသင်တို့မထည့်နိုင်စေရန် ဗိမာန်တော် တံခါးများကိုပိတ်ထားမည့်သူရှိလျှင် အဘယ်မျှကောင်းလိမ့်မည်နည်း။ ငါသည် သင်တို့ကိုမနှစ်သက်။ ငါ့ထံသို့သင်တို့ ယူဆောင်လာသောပူဇော်သကာကိုလည်း လက်မခံလို။-
သင်တို့က`ဤအမှုများပြုရသည်ကိုငါ တို့ငြီးငွေ့လှပါပြီ' ဟုဆိုကာနှာခေါင်း ရှုတ်၍ငါ့အားမလေးမခန့်ပြုကြ၏။ သင် တို့သည်မိမိတို့ခိုးယူရရှိသည့်ယဇ်ကောင် ကိုသော်လည်းကောင်း၊ ခြေကျိုးသို့မဟုတ် ဖျားနာသည့်ယဇ်ကောင်ကိုသော်လည်းကောင်း ငါ၏အတွက်ပူဇော်သကာအဖြစ်နှင့်ယူ ဆောင်ခဲ့ကြ၏။ ငါသည်ဤပူဇော်သကာ များကိုလက်ခံလိမ့်မည်ဟုသင်တို့ထင် မှတ်ကြပါသလော။-''
ထိုအထူးအလှူကိုလယ်သမား၊ ခြံသမား ဆက်သသောကောက်သစ်၊ စပျစ်ရည်သစ် အလှူကဲ့သို့ငါမှတ်ယူမည်။-
ကိုယ်တော်က ``သင်တို့သည်မိမိတို့ကိုယ်ကို သူတော်ကောင်းများဟုလူတို့အားထင်မြင် စေကြ၏။ သို့ရာတွင်ဘုရားသခင်သည်သင် တို့၏စိတ်နှလုံးကိုသိတော်မူ၏။ လူတို့အမြတ် တနိုးထားသောအရာသည်ဘုရားသခင်၏ ရှေ့တော်မှာစက်ဆုပ်ဖွယ်ဖြစ်၏။
သူ့အားဘုရားသခင်ယင်းသို့လက်ခံတော်မူ ပြီးမှအာဗြဟံသည်အရေဖျားလှီးမင်္ဂလာ ခံရ၏။ ထိုအရေဖျားလှီးမင်္ဂလာကားဘုရား သခင်သည်အာဗြဟံ၏ယုံကြည်မှုကိုထောက် လျက် အရေဖျားလှီးမင်္ဂလာမခံမီဖြောင့်မတ်သူ အဖြစ်လက်ခံတော်မူကြောင်းကိုသက်သေပြ သောအမှတ်လက္ခဏာပင်ဖြစ်၏။ သို့ဖြစ်၍ အာဗြဟံသည်အရေဖျားလှီးမင်္ဂလာကို မခံသော်လည်းဘုရားသခင်ကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်သူအဖြစ်ကိုယ်တော် လက်ခံသူအပေါင်းတို့၏အဖဖြစ်လာ ၏။-
ထိုနည်းတူစွာခရစ်တော်သည်လည်းလူအများ ၏အပြစ်ကိုဖြေလွှတ်ရန်အတွက် မိမိ၏ကိုယ် ကိုတစ်ကြိမ်တည်းတင်လှူပူဇော်တော်မူသည်။ အပြစ်ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းရန် မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသူတို့အား ကယ်တင်တော်မူရန် ကိုယ်တော်သည်ဒုတိယ အကြိမ်ကြွလာတော်မူပေအံ့။
ငါတို့သည်အပြစ်ဒုစရိုက်ကိုအမြစ်ဖြတ် ၍ဖြောင့်မတ်ခြင်းအတွက်အသက်ရှင်နိုင် ကြစေရန် ကိုယ်တော်တိုင်ပင်လျှင်ငါတို့၏ အပြစ်များကိုကိုယ်ခန္ဓာတော်ပေါ်တွင်ယူ ဆောင်ကာလက်ဝါးကပ်တိုင်၌ဒုက္ခဝေဒနာ ခံတော်မူ၏။ ငါတို့သည်ကိုယ်တော်၏ဒဏ်ရာ ဒဏ်ချက်များအားဖြင့်အနာပျောက်လျက် ရှိကြ၏။-