အပြစ်ဖြေရာယဇ်ကောင်များဖြစ်သည့်နွား နှင့်ဆိတ်သွေးကို အလွန်သန့်ရှင်းရာဌာန တော်ထဲသို့ယူဆောင်ပြီးနောက် ယဇ်ကောင် များ၏အသား၊ သားရေ၊ ဝမ်းတွင်းသားရှိ သမျှကိုစခန်းအပြင်သို့ထုတ်ဆောင်၍ မီးရှို့ပစ်ရမည်။-
ဝတ်ပြု 6:23 - Common Language Bible ယဇ်ပုရောဟိတ်ပူဇော်သောဘောဇဉ်သကာ ကိုမည်သူမျှမစားရ။ မုန့်အားလုံးကိုမီး ရှို့ရမည်။ Garrad Bible ထို နည်း တူ ပ ရော ဟိတ် ၏ ဘော ဇဉ် သ က္ကာ အ တိုင်း အ ကုန် အ စင် ကျွမ်း လောင် စေ။ မ စား ရ ဟု မိန့် တော် မူ ၏။ Judson Bible ယဇ်ပုရောဟိတ်အတွက်ပြုသော ဘောဇဉ်ပူဇော်သကာရှိသမျှကို အကုန်အစဉ်မီးရှို့ရမည်။ အလျှင်းမစားရဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်ပူဇော်သမျှသော ဘောဇဉ်ပူဇော်သက္ကာသည် အကုန်အစင်လောင်ကျွမ်းရမည်။ ၎င်းကိုမစားရ”ဟု မိန့်တော်မူ၏။ |
အပြစ်ဖြေရာယဇ်ကောင်များဖြစ်သည့်နွား နှင့်ဆိတ်သွေးကို အလွန်သန့်ရှင်းရာဌာန တော်ထဲသို့ယူဆောင်ပြီးနောက် ယဇ်ကောင် များ၏အသား၊ သားရေ၊ ဝမ်းတွင်းသားရှိ သမျှကိုစခန်းအပြင်သို့ထုတ်ဆောင်၍ မီးရှို့ပစ်ရမည်။-
ကျန်သောမုန့်သည် ယဇ်ပုရောဟိတ်များသုံး ဆောင်ရန်အတွက်ဖြစ်စေရမည်။ ထိုမုန့်သည် ထာဝရဘုရားအားပူဇော်ပြီးသောမုန့် ထဲကဖြစ်သောကြောင့်အလွန်သန့်ရှင်းသည်။
တပ်စခန်းအပြင်သို့ယူဆောင်၍ပြာသွန်ရာ သန့်ရှင်းသောနေရာတွင်ထင်းမီးပုံ၌မီးရှို့ ရမည်။
ထိုနောက်သူသည်မိမိ၏အပြစ်အတွက် ပူဇော်သောနွားကိုတပ်စခန်းအပြင်တွင် မီးရှို့သည့်နည်းတူ ဤနွားကိုလည်းစခန်း အပြင်တွင်မီးရှို့ရမည်။ ထိုယဇ်ပူဇော်နည်း သည်တစ်မျိုးလုံး၏အပြစ်ပြေစေရန်အတွက် ဖြစ်သတည်း။
ယဇ်ပုရောဟိတ်မင်းသည်နွား၏သွေးအနည်း ငယ်ကိုတဲတော်ထဲသို့ယူဆောင်သွားရမည်။-
အာရုန်၏အဆက်အနွယ်ထဲမှယဇ်ပုရော ဟိတ်မင်းအဖြစ်အမှုတော်ဆောင်ရွက်ရသူ တိုင်းသည် ထိုပူဇော်သကာကိုအစဉ်ဆက်သ ရမည်။ ဤပြဋ္ဌာန်းချက်ကိုထာဝစဉ်လိုက်နာ ရမည်။ ထာဝရဘုရားအားပူဇော်သော ထို ဘောဇဉ်သကာကိုအကုန်အစင်မီးရှို့ ပူဇော်ရမည်။-
ထာဝရဘုရားသည်အပြစ်ဖြေရာပူဇော် သကာနှင့်ဆိုင်သော အောက်ပါပြဋ္ဌာန်းချက် များကိုမောရှေမှတစ်ဆင့်၊ အာရုန်နှင့်သူ၏ သားတို့အားချမှတ်ပေးတော်မူ၏။ ယဇ်ပလ္လင် ၏မြောက်ဘက်ရှိမီးရှို့ရာယဇ်ကောင်များကို သတ်သောနေရာတွင် အပြစ်ဖြေရာယဇ်ကောင် ကိုသတ်ရမည်။ ဤပူဇော်သကာသည်အလွန် သန့်ရှင်း၏။-