အဝင်ခန်း၏အတွင်း၌တစ်ဖက်တစ်ချက်တွင်စားပွဲနှစ်လုံးစီရှိ၏။ တစ်ကောင်လုံးမီးရှို့ပူဇော်ရန်နှင့်အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်များအတွက်၊ တိရစ္ဆာန်များကိုဤစားပွဲများပေါ်တွင်တင်၍သတ်ရကြ၏။-
ဝတ်ပြု 5:6 - Common Language Bible အပြစ်ဒဏ်အတွက်သူသည် ထာဝရဘုရား ထံတော်သို့သိုးမသို့မဟုတ်ဆိတ်မကိုယဇ် ပူဇော်ရန်ယူဆောင်ခဲ့ရမည်။ ယဇ်ပုရောဟိတ် သည် ထိုသူ၏အပြစ်အတွက်ယဇ်ကောင်ကို ပူဇော်ရမည်။ Garrad Bible ပြစ် မှား မိ သော အ ပြစ် အ တွက် ဒဏ် ပြေ စေ ရန် ထာ ဝ ရ ဘု ရား ထံ၊ သိုး သား ငယ် မ၊ ဆိတ် မ တစ် ကောင် ကောင် ကို အုပ် မှ အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် ဖြင့် ဆောင် သွင်း ရာ ပ ရော ဟိတ် သည် ထို သူ့ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု ရ မည်။ Judson Bible ပြစ်မှားမိသောအပြစ်အတွက် အပြစ်ဖြေရာယဇ်ဖြစ်စေခြင်းငှာ သိုးသငယ်ဖြစ်စေ၊ ဆိတ်သငယ်ဖြစ်စေ၊ အမတစ်ကောင်ကောင်တည်းဟူသော ဒုစရိုက်ဖြေရာယဇ်ကို ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့ပြီးလျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူ၏အပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုရမည်။ မြန်မာ့စံမီသမ္မာကျမ်း သူကျူးလွန်မိခဲ့သောအပြစ်အတွက် အပြစ်ဒဏ်ဖြေရာယဇ်ပူဇော်ရန် သိုးဆိတ်တို့ထဲမှ သိုးသငယ်အမကိုဖြစ်စေ၊ ဆိတ်သငယ်အမကိုဖြစ်စေ အပြစ်ဖြေရာယဇ်အဖြစ် ထာဝရဘုရားထံသို့ယူဆောင်လာရမည်။ ယဇ်ပုရောဟိတ်သည် သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။ |
အဝင်ခန်း၏အတွင်း၌တစ်ဖက်တစ်ချက်တွင်စားပွဲနှစ်လုံးစီရှိ၏။ တစ်ကောင်လုံးမီးရှို့ပူဇော်ရန်နှင့်အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်များအတွက်၊ တိရစ္ဆာန်များကိုဤစားပွဲများပေါ်တွင်တင်၍သတ်ရကြ၏။-
ထိုသူကငါ့အား``ဤအဆောက်အအုံနှစ် ခုစလုံးသည်သန့်ရှင်းမြင့်မြတ်၏။ ထာဝရ ဘုရား၏ရှေ့တော်သို့ဝင်ရသူယဇ်ပုရော ဟိတ်တို့သည်ထိုအဆောက်အအုံများထဲ ၌အလွန်သန့်ရှင်းမြင့်မြတ်သောပူဇော် သကာများကိုစားသောက်ရကြ၏။ ထို အခန်းများသည်သန့်ရှင်းမြင့်မြတ်သဖြင့် ယဇ်ပုရောဟိတ်တို့သည်ဘောဇဉ်ပူဇော် သကာ၊ အပြစ်ဖြေရာယဇ်နှင့်ဒုစရိုက် ဖြေရာယဇ်တည်းဟူသောအလွန်သန့်ရှင်း မြင့်မြတ်သည့်ပူဇော်သကာများကိုထား ကြသည်။-
ထိုနောက်ဗိမာန်တော်တံတိုင်းအတွင်းရှိဝင်း သို့ဝင်၍မိမိ၏သန့်စင်မှုအတွက်ယဇ်ကို ပူဇော်ရမည်။ သို့မှသာလျှင်သူသည်ဗိမာန် တော်တွင်ပြန်၍အမှုတော်ထမ်းဆောင်နိုင် မည်။ ဤကားငါအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
သူသည်အပြစ်ဖြေရာယဇ်ကောင်နွားကို ပူဇော်သည့်နည်းစံနစ်အတိုင်း ယဇ်ကောင်ကို ပူဇော်ရမည်။ ဤနည်းအားဖြင့်ယဇ်ပုရော ဟိတ်သည် လူတို့၏အပြစ်အတွက်ယဇ်ကောင် ကိုပူဇော်သဖြင့် လူတို့သည်အပြစ်လွတ်ကြ လိမ့်မည်။-
မိမိ၏အပြစ်ကိုသိလျှင်သိချင်း အပြစ် အနာကင်းသောဆိတ်မတစ်ကောင်ကို ယဇ် ပူဇော်ရန်ယူဆောင်ခဲ့ရမည်။-
ထို့နောက်မိတ်သဟာယယဇ်ကောင်များမှ အဆီကိုထုတ်ယူသကဲ့သို့ ဆိတ်မမှအဆီ ရှိသမျှကိုထုတ်ယူပြီးလျှင်ယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်ရမည်။ ထိုပူဇော်သကာ၏ ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်သာမန် လူတစ်ဦး၏အပြစ်အတွက်ယဇ်ပူဇော် သဖြင့်ထိုသူအပြစ်လွတ်လိမ့်မည်။
အကယ်၍လူတစ်ဦးသည်အပြစ်ပြေရာယဇ် အဖြစ်သိုးကိုယူဆောင်ခဲ့လျှင် သိုးသည် အပြစ်အနာကင်းသောသိုးမဖြစ်ရမည်။-
ထို့နောက်မိတ်သဟာယယဇ်ကောင်သိုးမှ အဆီကိုထုတ်ယူသကဲ့သို့ သိုးမမှအဆီ ရှိသမျှကိုထုတ်ယူပြီးလျှင်ပူဇော်သကာ နှင့်တကွ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤနည်းအားဖြင့်ယဇ်ပုရောဟိတ်သည်လူ တစ်ဦး၏အပြစ်အတွက် ယဇ်ပူဇော်သဖြင့် ထိုအပြစ်လွတ်လိမ့်မည်။
သူသည်ထာဝရဘုရားအားပူဇော်ရန် အပြစ် ဒဏ်ပြေရာယဇ်အဖြစ်အပြစ်အနာကင်း သောသိုးထီး သို့မဟုတ်ဆိတ်ထီးကိုယဇ် ပုရောဟိတ်ထံသို့ယူဆောင်ခဲ့ရမည်။ သိုး သို့မဟုတ်ဆိတ်၏တန်ဖိုးကိုကျပ်ချိန်တော် အရအဖိုးဖြတ်သည့်ငွေကိုပါဆက်သ ရမည်။-
နာဇရိဂိုဏ်းဝင်အဖြစ် မိမိကိုယ်ကိုအသစ် တစ်ဖန်ဆက်ကပ်ရမည်။ ထာဝရဘုရားအား ဆက်ကပ်ထားသောဆံပင်သည်ညစ်ညမ်းသွား သောကြောင့် ယခင်အဋ္ဌိဋ္ဌာန်ကာလသည်ပျက် ပြယ်ပြီဖြစ်၏။ သူသည်ပြစ်ဒဏ်ပြေရာယဇ် ပူဇော်ရန် တစ်နှစ်သားသိုးကလေးကိုယူ ခဲ့ရမည်။