ဝတ်ပြု 4:28 - Common Language Bible28 မိမိ၏အပြစ်ကိုသိလျှင်သိချင်း အပြစ် အနာကင်းသောဆိတ်မတစ်ကောင်ကို ယဇ် ပူဇော်ရန်ယူဆောင်ခဲ့ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible28 ပြစ် မှား မိ သော အ ပြစ် ကို သိ သော အ ခါ ကြန် အင် စုံ သော ဆိတ် မ ကို ထို အ ပြစ် အ တွက် လှူ ဒါန်း တင် သွင်း၍၊ အခန်းကိုကြည့်ပါ။Judson Bible28 မိမိပြစ်မှားမိသောအပြစ်ကို သိသောအခါ၊ ထိုအပြစ်အတွက် ပူဇော်သကာဖို့ အပြစ်မပါသော ဆိတ်သငယ်အမကိုဆောင်ခဲ့ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 သူကျူးလွန်မိသောအပြစ်ကို တစ်စုံတစ်ယောက်က သူ့အား ဖော်ပြလျှင် သူကျူးလွန်မိသောအပြစ်အတွက် အပြစ်အနာအဆာကင်းသည့် ဆိတ်သငယ်အမတစ်ကောင်ကို ပူဇော်သက္ကာအဖြစ် ယူဆောင်လာရမည်။ အခန်းကိုကြည့်ပါ။ |
လူ့ဇာတိသဘောအားနည်းမှုကြောင့်ပညတ် တရားက မဆောင်ရွက်ပေးနိုင်သောအမှုကို ဘုရားသခင်ကဆောင်ရွက်ပေးတော်မူ၏။ ကိုယ်တော်သည်လူ့ဇာတိသဘောတွင်သက် ရှင်လှုပ်ရှားသည့်အပြစ်တရားကိုအပြစ် ဒဏ်စီရင်ရန် မိမိ၏သားတော်အားလောက သို့စေလွှတ်တော်မူ၏။ သားတော်သည်အပြစ် တရားကိုဖျက်ဆီးပစ်ရန်လူ့ဇာတိကို ခံယူတော်မူသည်။-