ဦးချိုသဏ္ဌာန်ရှိသောပလ္လင်၏အချွန်အတက် များတွင် နွားသွေးအနည်းငယ်ကို၊ သင်၏ လက်ချောင်းဖြင့်သုတ်ရမည်။ ကျန်ရှိနေသော နွားသွေးအားလုံးကို၊ ပလ္လင်၏ခြေရင်းတွင် လောင်းရမည်။-
ဝတ်ပြု 4:30 - Common Language Bible ယဇ်ပုရောဟိတ်သည်သူ၏လက်ချောင်းကိုသွေး ထဲ၌နှစ်၍ ယဇ်ပလ္လင်၏ထောင့်များရှိအတက် တို့တွင်သွေးသုတ်ရမည်။ ကျန်သောသွေးကို ယဇ်ပလ္လင်၏ခြေရင်း၌လောင်းရမည်။- Garrad Bible ပ ရော ဟိတ် သည် အ သွေး ကို လက် ချောင်း ဖြင့် တို့ ယူ ၍ မီး ရှို့ ပူ ဇော် ရာ ပ လ္လင် တော် စိန် တောင် များ၌ သုတ် ခြင်း၊ အ သွေး ကျန် သ မျှ ကို ပ လ္လင် တော် ခြေ ရင်း သို့ လောင်း ခြင်း၊ Judson Bible ယဇ်ပုရောဟိတ်သည် အသွေးကိုလက်ညှိုးနှင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင် ဦးချိုတို့၌ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သည် ဆိတ်သငယ်အမ၏သွေးအချို့ကို မိမိလက်ချောင်းဖြင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်းရမည်။ ကျန်သွေးအားလုံးကို ယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။ |
ဦးချိုသဏ္ဌာန်ရှိသောပလ္လင်၏အချွန်အတက် များတွင် နွားသွေးအနည်းငယ်ကို၊ သင်၏ လက်ချောင်းဖြင့်သုတ်ရမည်။ ကျန်ရှိနေသော နွားသွေးအားလုံးကို၊ ပလ္လင်၏ခြေရင်းတွင် လောင်းရမည်။-
ထာဝရဘုရားသည်ကယ်တင်ရန်စိတ်စော လျက်နေသည့် ဘုရားသခင်ဖြစ်၍၊ ကိုယ်တော်သည်မိမိ၏တရားတော်ကို ရိုသေလေးစားကြရန်အလိုရှိတော်မူ၏။
တဲတော်အတွင်းရှိနံ့သာပေါင်းမီးရှို့ရာ ပလ္လင်၏ထောင့်များရှိအတက်တို့တွင် နွားသွေး အနည်းငယ်ကိုသုတ်ရမည်။ ကျန်သောနွား သွေးကိုတဲတော်တံခါးဝ၌ရှိသောမီးရှို့ ပူဇော်ရာပလ္လင်ခြေရင်းတွင်လောင်းရမည်။-
ယဇ်ပုရောဟိတ်သည်သူ၏လက်ချောင်းကို သွေးထဲ၌နှစ်၍ ယဇ်ပလ္လင်၏ထောင့်များရှိ အတက်တို့တွင်သွေးသုတ်ရမည်။ ကျန်သော သွေးကိုယဇ်ပလ္လင်၏ခြေရင်း၌လောင်းချ ရမည်။-
ယဇ်ပုရောဟိတ်သည်သူ၏လက်ချောင်းကိုသွေး ထဲ၌နှစ်၍ ယဇ်ပလ္လင်၏ထောင့်များရှိအတက် တို့တွင်သွေးသုတ်ရမည်။ ကျန်သောသွေးကို ယဇ်ပလ္လင်၏ခြေရင်း၌လောင်းချရမည်။-
ထိုနောက်သူသည်တဲတော်အတွင်းရှိနံ့သာ ပေါင်းမီးရှို့ရာပလ္လင်၏ထောင့်များရှိအတက် တို့တွင် နွားသွေးအနည်းငယ်ကိုသုတ်ရမည်။ ကျန်သောနွားသွေးကို တဲတော်တံခါးဝ၌ ရှိသောမီးရှို့ပူဇော်ရာပလ္လင်ခြေရင်းတွင် လောင်းရမည်။-
ထို့နောက်ငှက်သွေးအချို့ကိုပလ္လင်ဘေးဘက် သို့ပက်ဖျန်း၍ ကျန်သောသွေးကိုပလ္လင်ခြေ ရင်းသို့ညှစ်ချရမည်။ ဤသည်ကားအပြစ် ဖြေရာယဇ်ဖြစ်သတည်း။-
မောရှေသည်နွားကိုသတ်ပြီးလျှင်လက်ချောင်း ဖြင့်သွေးအနည်းငယ်ကိုယူ၍ ယဇ်ပလ္လင်ထောင့် များ၌ရှိသောအတက်များကိုသုတ်လိမ်း ခြင်း၊ ကျန်သောသွေးကိုယဇ်ပလ္လင်၏အောက် ခြေတွင်သွန်းလောင်းခြင်းဖြင့်ပလ္လင်ကိုဆက် ကပ်၍အပြစ်ဖြေရာယဇ်ပူဇော်နိုင်ရန် သန့်ရှင်းစေ၏။-
သူ၏သားတို့သည်သူထံသို့သွေးအနည်း ငယ်ကိုယူလာသဖြင့် သူသည်သွေးထဲသို့ လက်ချောင်းကိုနှစ်၍ ယဇ်ပလ္လင်ထောင့်အတက် များကိုသွေးဖြင့်သုတ်လေသည်။ သူသည် ကျန်သောသွေးကိုယဇ်ပလ္လင်အောက်ခြေ တွင်သွန်းလောင်းလေသည်။-
ခရစ်တော်သည်ပညတ်တရားကိုအဆုံး သတ်စေတော်မူပြီဖြစ်ရာယုံကြည်သူအပေါင်း တို့သည် ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ် မှုကိုရရှိကြပြီ။
ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းပြုပြင် ထိန်းသိမ်းစောင့်ရှောက်တော်မူသောဘုရား သခင်သည် မိမိ၏သားအမြောက်အမြား တို့အားဘုန်းအသရေတော်ဝင်စားခွင့်ပေး တော်မူနိုင်ရန် ဆင်းရဲဒုက္ခကိုခံစေခြင်းအား ဖြင့် သခင်ယေရှုအားပြည့်ဝစုံလင်စေတော် မူ၏။ ဤသို့ဘုရားသခင်ပြုတော်မူသည်မှာ လျော်ကန်သင့်မြတ်လှပေသည်။ အဘယ် ကြောင့်ဆိုသော်ကယ်တင်ခြင်းရရှိကြစေ ရန် ထိုသူတို့အားပို့ဆောင်သူမှာသခင် ယေရှုပင်ဖြစ်သောကြောင့်တည်း။