ယောရှသည်ယဇ်ပုရောဟိတ်တို့ကိုခေါ်ပြီး လျှင် ဗိမာန်တော်အတွင်း၌ယဇ်ပူဇော်မှုနှင့် ပတ်သက်၍ရရှိသည့်ငွေများ၊ ယဇ်ကောင် များအတွက်ပေးချေငွေများနှင့် စေတနာ အလျောက်ပေးလှူငွေများကိုစုဆောင်း ထားရန်အမိန့်ပေး၏။-
ဝတ်ပြု 27:3 - Common Language Bible ကျပ်စံတော်အရပေးဆောင်၍ မိမိကိုယ်ကို ရွေးယူနိုင်သည်။ -အသက်နှစ်ဆယ်မှခြောက်ဆယ်အရွယ်အထိ ယောကျာ်းဖြစ်လျှင်ငွေသားငါးဆယ်ကျပ် -မိန်းမဖြစ်လျှင်ငွေသားသုံးဆယ်ကျပ် -အသက်ငါးနှစ်မှနှစ်ဆယ်အရွယ်အထိ ယောကျာ်းဖြစ်လျှင်ငွေသားနှစ်ဆယ်ကျပ် -မိန်းမဖြစ်လျှင်ငွေသားတစ်ဆယ်ကျပ် -အသက်ငါးနှစ်အောက်ယောကျာ်းကလေးဖြစ်လျှင် ငွေသားငါးကျပ် -အသက်ငါးနှစ်အောက်မိန်းကလေးဖြစ်လျှင် ငွေသားသုံးကျပ် -အသက်ခြောက်ဆယ်ကျော်ယောကျာ်းဖြစ်လျှင် ငွေသားတစ်ဆယ့်ငါးကျပ် -အသက်ခြောက်ဆယ်ကျော်မိန်းမဖြစ်လျှင် ငွေသားတစ်ဆယ်ကျပ် Garrad Bible အ သက် နှစ် ဆယ် က ခြောက် ဆယ် ထိ ယောက်ျား ကို ကျပ် ချိန် တော် အ လိုက် ငွေ ငါး ဆယ် ပြတ် လော့။ Judson Bible သင်သည် အဘယ်မျှ အဖိုးဖြတ်ရမည်နည်းဟူမူကား၊ ယောက်ျားကို အသက်နှစ်ဆယ်မှသည် ခြောက်ဆယ်တိုင်အောင်၊ အကျပ်တော်အလိုက် ငွေအကျပ်ငါးဆယ်နှင့် အဖိုးဖြတ်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း အသက်နှစ်ဆယ်အရွယ်မှ အသက်ခြောက်ဆယ်အရွယ်အထိ သင်ဖြတ်ရမည့်တန်ဖိုးမှာ ယောက်ျားဖြစ်လျှင် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ငွေငါးဆယ်ရှယ်ကယ်ဖြစ်ရမည်။ |
ယောရှသည်ယဇ်ပုရောဟိတ်တို့ကိုခေါ်ပြီး လျှင် ဗိမာန်တော်အတွင်း၌ယဇ်ပူဇော်မှုနှင့် ပတ်သက်၍ရရှိသည့်ငွေများ၊ ယဇ်ကောင် များအတွက်ပေးချေငွေများနှင့် စေတနာ အလျောက်ပေးလှူငွေများကိုစုဆောင်း ထားရန်အမိန့်ပေး၏။-
သန်းခေါင်စာရင်းဝင်သူတိုင်းသည်လိုအပ်သော အသက်ဖိုးငွေကို သတ်မှတ်ထားသောစံနှုန်း အတိုင်းခြင်တွယ်၍ပေးရမည်။ လူတိုင်းထို အခွန်ငွေကိုငါ့အားဆက်ကပ်ရမည်။-
တဲတော်အတွက်လူတို့လှူဒါန်းသောရွှေချိန် စုစုပေါင်းမှာ တရားဝင်ချင်တွယ်နည်းအရ နှစ်ထောင့်တစ်ရာကိုးဆယ့်ငါးပေါင်ရှိ၏။-
တစ်စုံတစ်ယောက်သောသူသည် ထာဝရ ဘုရားအားမိမိအိမ်ကိုပူဇော်ဆက်သသည့် အခါ ယဇ်ပုရောဟိတ်သည်အိမ်၏အခြေ အနေကိုစစ်ဆေး၍ တန်ဖိုးကိုသတ်မှတ် ရမည်။ ထိုသို့သတ်မှတ်သောတန်ဖိုးသည် အတည်ဖြစ်စေရမည်။-
တစ်စုံတစ်ယောက်သည်ထာဝရဘုရား၏ သန့်ရှင်းမြင့်မြတ်မှုကို အမှတ်မထင်ထိခိုက် အပြစ်ကူးလွန်မိသော်အပြစ်အနာကင်း သောသိုးထီး၊ သို့မဟုတ်ဆိတ်ထီးကိုထာဝရ ဘုရားထံတော်သို့ယူဆောင်ခဲ့ရမည်။ ထိုသိုး သို့မဟုတ်ဆိတ်၏တန်ဖိုးကို ကျပ်ချိန်တော် အရအဖိုးဖြတ်သည့်ငွေကိုပါဆက်သ ရမည်။-
သူသည်ထာဝရဘုရားအားပူဇော်ရန် အပြစ် ဒဏ်ပြေရာယဇ်အဖြစ်အပြစ်အနာကင်း သောသိုးထီး သို့မဟုတ်ဆိတ်ထီးကိုယဇ် ပုရောဟိတ်ထံသို့ယူဆောင်ခဲ့ရမည်။ သိုး သို့မဟုတ်ဆိတ်၏တန်ဖိုးကိုကျပ်ချိန်တော် အရအဖိုးဖြတ်သည့်ငွေကိုပါဆက်သ ရမည်။-
တစ်လသားအရွယ်ကလေးများကိုကျပ် ချိန်တော်အရ ငွေသားငါးကျပ်ဖြင့်ရွေးယူ စေရမည်။-