ယင်းသို့ထွက်ပြေးသည်ကိုအမ္မုန်တပ်သား တို့မြင်သောအခါ သူတို့သည်လည်းအဘိရှဲ ၏ရှေ့မှထွက်ပြေးကာမြို့တွင်းသို့ဆုတ် ခွာသွားကြကုန်၏။ ထိုအခါယွာဘသည် ယေရုရှလင်မြို့သို့ပြန်လေ၏။
ဝတ်ပြု 26:7 - Common Language Bible သင်တို့သည်ရန်သူများကိုနှိမ်နင်းအောင်မြင် ရလိမ့်မည်။- Garrad Bible လိုက် လံ ခွင့် ရ လျက် ရှေ့ တွင် ပင် သင် တို့ ဓား ဖြင့် ရန် သူ တို့ ကျ ဆုံး ကြ လိမ့် မည်။ Judson Bible သင်တို့သည် ရန်သူများကိုလိုက်၍ ဓားလက်နက်ဖြင့် အောင်ကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ရန်သူတို့ကိုလိုက်၍ သူတို့သည် သင်တို့ရှေ့မှောက်၌ ဓားလက်နက်ဖြင့် ကျဆုံးကြရလိမ့်မည်။ |
ယင်းသို့ထွက်ပြေးသည်ကိုအမ္မုန်တပ်သား တို့မြင်သောအခါ သူတို့သည်လည်းအဘိရှဲ ၏ရှေ့မှထွက်ပြေးကာမြို့တွင်းသို့ဆုတ် ခွာသွားကြကုန်၏။ ထိုအခါယွာဘသည် ယေရုရှလင်မြို့သို့ပြန်လေ၏။
ပြည်နယ်များတွင်နေထိုင်သောယုဒအမျိုး သားတို့သည်လည်း မိမိတို့ကိုယ်ကိုအသက် ဘေးမှကာကွယ်ကြ၏။ သူတို့သည်မိမိတို့ အားမုန်းထားသူလူပေါင်းခုနစ်ထောင့်ငါး ရာကိုသတ်ဖြတ်ခြင်းအားဖြင့် ရန်သူများ ကိုသုတ်သင်ပယ်ရှင်းကြလေသည်။ သို့ရာ တွင်လုယက်မှုကိုမူမပြုကြ။-
ငါ့ကိုမုန်းသောသူတို့သည်ငါ့ရှေ့၌ ကြောက်ရွံ့ပျပ်ဝပ်ကြလိမ့်မည်။ သူတို့သည်ထာဝရအပြစ်ဒဏ်ခံရကြ လိမ့်မည်။
``သင်တို့သည်နိုင်ငံရပ်ခြားသို့ရောက်ရှိနေထိုင် ရစဉ် လေတိုက်ခတ်သောသစ်ရွက်သံကိုကြားရုံ မျှဖြင့်ကြောက်လန့်ထွက်ပြေးရလိမ့်မည်။ သင်တို့ သည်စစ်ပွဲ၌ရန်သူလိုက်၍ပြေးရဘိသကဲ့ သို့ပြေးရလိမ့်မည်။ အနီးတွင်ရန်သူမရှိဘဲ လဲကျလိမ့်မည်။-
``ငါသည်သင်တို့၏ပြည်ကိုအေးချမ်းသာယာ စေသဖြင့် သင်တို့သည်ညအခါဘေးရန်အတွက် စိုးရိမ်ကြောင့်ကြမှုမရှိဘဲအိပ်ရလိမ့်မည်။ ငါ သည်သင်တို့ပြည်မှသားရဲများကိုဖယ်ရှားမည်။ စစ်ဘေးစစ်ဒဏ်ကိုနောက်တစ်ဖန်မခံစားစေရ။-
သင်တို့ဘက်မှလူငါးယောက်သည်ရန်သူတစ်ရာ ကိုလည်းကောင်း၊ သင်တို့ဘက်မှလူတစ်ရာသည် ရန်သူတစ်ထောင်ကိုလည်းကောင်း နှိမ်နင်းအောင် မြင်လိမ့်မည်။-
``ထာဝရဘုရားသည် သင်တို့အားတိုက်ခိုက် သောရန်သူများကိုနှိမ်နင်းတော်မူလိမ့်မည်။ သူတို့သည်တစ်လမ်းတည်းဖြင့်လာရောက် တိုက်ခိုက်သော်လည်း လမ်းအသွယ်သွယ်ဖြင့် ထွက်ပြေးရလိမ့်မည်။
လူတစ်ထောင်တပ်ကိုလူတစ်ယောက် ကလည်းကောင်း၊ လူတစ်သောင်းတပ်ကိုလူနှစ်ယောက်တို့ ကလည်းကောင်း အဘယ်ကြောင့်နှိမ်နင်းနိုင်ခဲ့သနည်း။ သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့အားစွန့်ပစ်တော်မူသောကြောင့်တည်း။ သူတို့၏တန်ခိုးကြီးသောဘုရားသခင်သည် သူတို့အားရန်သူလက်သို့အပ်တော်မူ သောကြောင့်တည်း။
သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်ကတိတော်ရှိသည်အတိုင်း သင်တို့ အတွက်စစ်တိုက်တော်မူသဖြင့်သင်တို့ အထဲမှသူရဲတစ်ယောက်က ရန်သူတစ် ထောင်ကိုကစဥ့်ကလျားထွက်ပြေးစေ နိုင်၏။-
ထိုနောက်သူသည်မကြာမီကသေသွားသည့် မြည်းတစ်ကောင်၏မေးရိုးတစ်ချောင်းကိုတွေ့ ရှိသဖြင့်ကောက်ယူပြီးလျှင် ထိုမေးရိုးဖြင့် လူတစ်ထောင်မျှကိုတိုက်ခိုက်သတ်ဖြတ်ပစ် လိုက်လေသည်။
ဗာရက်သည်လည်းသူ၏ရထားများနှင့်တပ် သားတို့ကို လူမျိုးခြားတို့နေရာဟာရောရှက် မြို့သို့တိုင်အောင်လိုက်လံတိုက်ခိုက်ရာ သိသရ ၏တပ်သားတို့သည်တစ်ယောက်မျှမကျန် သေဆုံးကြကုန်၏။
ထိုအခါနဿလိနှင့်အာရှာအနွယ်ဝင် တို့ကိုလည်းကောင်း၊ မနာရှေဒေသနှစ်ပိုင်း စလုံးမှလူတို့ကိုလည်းကောင်းဆင့်ခေါ် လိုက်ရာ သူတို့သည်မိဒျန်အမျိုးသားတို့ ကိုလိုက်လံတိုက်ခိုက်ကြ၏။-
တောင်ကြားလမ်းထဲမှလေးဖက်တွား၍ထွက် လာခဲ့၏။ လူငယ်သည်လည်းသူ၏နောက်မှ လိုက်လာလေသည်။ ယောနသန်သည်ဖိလိတ္တိ အမျိုးသားတို့အားခုတ်လှဲ၍လူငယ်က သူတို့ကိုသတ်ဖြတ်လိုက်လေသည်။-