ထိုပွဲတော်ကိုခုနစ်ရက်တိုင်တိုင်ဆင်ယင် ကျင်းပရမည်။ သင်တို့၏အဆက်အနွယ် တို့သည်ဤပညတ်ကိုထာဝစဉ်စောင့်ထိန်း ရကြမည်။-
အ မျိုး အ စဉ် အ ဆက် ထုံး ဖွဲ့ ချက် ဖြစ် သည့် အ လျောက် တစ် နှစ် လျှင် တစ် ကြိမ်၊ သ တ္တ မ လ တွင် ခု နစ် ရက် ပတ် လုံး ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ပွဲ အ ဖြစ် ကျင်း ပ ကြ ရ မည်။
ထိုပွဲတော်ကို တစ်နှစ်တစ်နှစ်လျှင်ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဖို့ ခံရကြမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသောပညတ်တော်ဖြစ်သတည်း။ ထိုပွဲတော်ကို သတ္တမလ၌ခံရကြမည်။
ထာဝရဘုရားအဖို့ ထိုပွဲတော်ကို တစ်နှစ်လျှင် ခုနစ်ရက် ကျင်းပရမည်။ ဤသည်ကား သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။ ထိုပွဲတော်ကို သတ္တမလတွင် ကျင်းပရမည်။
သူတို့သည်ပွဲတော်ပထမနေ့မှနောက်ဆုံး နေ့အထိ နေ့စဉ်နေ့တိုင်းဘုရားသခင်၏ ပညတ်ကျမ်းကိုဖတ်ရွတ်ကြ၏။ သူတို့ သည်ထိုပွဲတော်ကိုခုနစ်ရက်တိုင်တိုင် ကျင်းပပြီးလျှင် ရှစ်ရက်မြောက်သောနေ့ ၌ပညတ်ကျမ်းပြဋ္ဌာန်းချက်အရဋ္ဌမ္မ ပွဲကိုခံကြ၏။
ဘုရားသခင်အားဦးစွာမဆက်သဘဲ ကောက်သစ်ကိုအစိမ်းဖြစ်စေ၊ ကျော်၍ဖြစ်စေ၊ မုန့်လုပ်၍ဖြစ်စေမစားရ။ သင်တို့၏အမျိုး အစဉ်အဆက်သည်ပညတ်ကိုထာဝစဉ် စောင့်ထိန်းရမည်။
ထိုနေ့၌အကောင်းဆုံးသစ်သီးများ၊ စွန် ပလွံခက်များ၊ အရွက်ဝေဆာသောအကိုင်း အခက်များကိုယူ၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းသောပွဲတော် ကိုစတင်ကျင်းပလော့။-
ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား အီဂျစ်ပြည်မှထုတ်ဆောင်သော အခါ၌ကိုယ်တော်သည် သူတို့အားသစ်ခက် တဲများတွင်နေထိုင်စေတော်မူကြောင်းကို သင်တို့၏အဆက်အနွယ်များသတိရ ကြစေခြင်းငှာ သင်တို့အပေါင်းသည်ခုနစ် ရက်ပတ်လုံးတဲများ၌နေထိုင်ရမည်။ ကိုယ် တော်သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်တော်မူ၏။
သင်တို့သည်သတ္တမလတစ်ဆယ့်ငါးရက်နေ့ တွင် စုဝေးဝတ်ပြုရမည်။ ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းသောဤပွဲတော်ကိုခုနစ် ရက်တိုင်တိုင်ကျင်းပရမည်။ ထိုရက်များတွင် အလုပ်မလုပ်ရ။-