Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 23:14 - Common Language Bible

14 ဘု​ရား​သ​ခင်​အား​ဦး​စွာ​မ​ဆက်​သ​ဘဲ ကောက်​သစ်​ကို​အ​စိမ်း​ဖြစ်​စေ၊ ကျော်​၍​ဖြစ်​စေ၊ မုန့်​လုပ်​၍​ဖြစ်​စေ​မ​စား​ရ။ သင်​တို့​၏​အ​မျိုး အ​စဉ်​အ​ဆက်​သည်​ပ​ညတ်​ကို​ထာ​ဝ​စဉ် စောင့်​ထိန်း​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ဆို ခဲ့ သော နေ့၊ သင် တို့ ဘု ရား သ ခင်၏ အ လှူ ဒါ န ကို မ တင် မ သွင်း မ ချင်း ပေါင် မုန့်၊ မုန့် ဆန်း၊ အ သီး မည် သည် ကို မျှ မ စား ကြ ရ။ သင် တို့ နေ ရာ အ ရပ် ရပ်၌ အ မျိုး အ စဉ် အ ဆက် အ မြဲ ထုံး ဖွဲ့ ချက် ဖြစ် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 သင်​တို့၏​ဘု​ရား​သ​ခင်​ထံ​တော်​သို့ ပူ​ဇော်​သ​ကာ​ကို​ဆောင်​ခဲ့​သော​နေ့ မ​ရောက်​မီ၌ မုန့်၊ ဆန်​လှော်၊ စိမ်း​သော​အ​သီး​အ​နှံ​ကို မ​စား​ရ။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​တော်​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 သင်​တို့​ပူဇော်​မည့်​မုန့်​ဖြစ်စေ​၊ သီးနှံအခြောက်​ဖြစ်စေ​၊ သီးနှံအစို​ဖြစ်စေ သင်​တို့​၏​ဘုရားသခင်​ထံသို့ ပူဇော်သက္ကာ​အဖြစ် ယူဆောင်​လာ​ရ​မည့်​နေ့​မရောက်မချင်း မ​စား​ရ​။ ဤသည်ကား သင်​တို့​နေထိုင်​ရာ​အရပ်ရပ်​၌ သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 23:14
15 ပူးပေါင်းရင်းမြစ်များ  

``နှစ်​စဉ်​သင်​တို့​၏​လယ်​မြေ​မှ​အ​ဦး​သီး သော​အ​သီး​အ​နှံ​ကို၊ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အိမ်​တော်​သို့​ယူ ဆောင်​ဆက်​သ​ရ​ကြ​မည်။ ``သိုး​ငယ်၊ ဆိတ်​ငယ်​၏​အ​သား​ကို အ​မိ​နို့​ရည် ၌​မ​ချက်​ပြုတ်​ရ'' ဟု​မိန့်​တော်​မူ​၏။


ကိုယ်​တော်​သည်​သူ​တို့​အား​ဥ​ပုသ်​တော်​နေ့​ကို နေ့​မြတ်​အ​ဖြစ်​စောင့်​ထိန်း​ရန်​သွန်​သင်​တော်​မူ​၍ ပ​ညတ်​တော်​များ​ကို​ကိုယ်​တော်​၏​အ​စေ​ခံ မော​ရှေ​မှ​တစ်​ဆင့်​ပေး​အပ်​တော်​မူ​ပါ​၏။


သင်​တို့​သည်​ဤ​ပ​ညတ်​များ​ကို​စောင့်​ထိန်း​ရန် သ​တိ​ပြု​ကြ​လော့။ သင်​တို့​သည်​အီ​ဂျစ် ပြည်​တွင်​ကျွန်​ခံ​ခဲ့​ဖူး​ကြောင်း​မ​မေ့​နှင့်။''


မော​ရှေ​အား​ဖြင့်​ငါ​ပေး​သော​ပညတ်​ရှိ​သ​မျှ တို့​ကို သင်​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​သွန်​သင်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ဆီ ကို​သော်​လည်း​ကောင်း၊ သွေး​ကို​သော်​လည်း ကောင်း​မ​စား​ရ။ အ​ရပ်​ရပ်​တွင်​နေ​ထိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​လိုက်​နာ​ရ​ကြ​မည်။


ထာ​ဝ​ရ​ဘု​ရား​၏​နည်း​ဥ​ပ​ဒေ​တို့​သည် မှန်​ကန်​သည်​ဖြစ်​၍​လိုက်​နာ​စောင့်​ထိန်း​သူ တို့​၏ စိတ်​ကို​ရွှင်​လန်း​စေ​တတ်​၏။ ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​သည်​တ​ရား မျှ​တ​သည် ဖြစ်​၍​စိတ်​နှ​လုံး​ကို​အ​သိ​ဉာဏ်​ပေး​တတ်​၏။


သင်​တို့​သည်​အ​ဦး​ဆုံး​ရိတ်​သိမ်း​သော ကောက်​ပဲ​သီး​နှံ​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​အ​ခါ​ဆန်​လှော်​သို့​မ​ဟုတ် ဆန်​မှုန့်​ကို​ပူ​ဇော်​ရ​မည်။-


အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ တဲ​တော်​အ​တွင်း​ပ​ဋိ​ညာဉ်​သေတ္တာ ကို ကာ​ရံ​ထား​သော​ကန့်​လန့်​ကာ​အ​ပြင်​ဘက် တွင်၊ ထို​ဆီ​မီး​တိုင်​ကို​ည​နေ​မှ​နံ​နက်​ထိ ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ထွန်း​ထား​ရ မည်။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​သူ​တို့​၏ အ​ဆက်​အ​နွယ်​တို့​သည် ဤ​ပ​ညတ်​ချက်​ကို အ​မြဲ​စောင့်​ထိန်း​ရ​ကြ​မည်။


သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သည်​မည်​သည့် အ​ရပ်​တွင်​နေ​ထိုင်​သည်​မ​ဆို ဤ​ပ​ညတ်​ကို စောင့်​ထိန်း​ရ​မည်။-


ထို​ပွဲ​တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ဆင်​ယင် ကျင်း​ပ​ရ​မည်။ သင်​တို့​၏​အ​ဆက်​အ​နွယ် တို့​သည်​ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​စောင့်​ထိန်း ရ​ကြ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ