ယေရုရှလင်မြို့အရှေ့ဘက်ရှိတောင်ပေါ်တွင် စက် ဆုပ်ဖွယ်ကောင်းသည့်မောဘဘုရား၊ ခေမုရှနှင့် စက်ဆုပ်ဖွယ်ကောင်းသောအမ္မုန်ဘုရားမောလုတ် အားဝတ်ပြုကိုးကွယ်ရန်ဌာနကိုလည်းကောင်း တည်ဆောက်လေသည်။-
ဝတ်ပြု 20:2 - Common Language Bible ဣသရေလအမျိုးသားတို့အားအောက်ပါအတိုင်းမိန့်တော်မူ၏။ ``သင်တို့အထဲကဖြစ်စေ၊ သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြားထဲကဖြစ်စေ၊ တစ်ဦးဦးကမိမိ၏သားသမီးကိုမောလုတ်ဘုရားအားမီးရှို့ပူဇော်လျှင်တစ်မျိုးသားလုံးကထိုသူကိုခဲနှင့်ပစ်သတ်ရမည်။- Judson Bible ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌တည်းနေသော တစ်ပါးအမျိုးသားဖြစ်စေ၊ မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူသည် အသေသတ်ခြင်းကိုအမှန်ခံရမည်။ ပြည်သားတို့လည်း ခဲနှင့်ပစ်ရကြမည်။ မြန်မာ့စံမီသမ္မာကျမ်း “သင်သည် အစ္စရေးအမျိုးသားတို့အား ‘အစ္စရေးအမျိုးသားထဲမှဖြစ်စေ၊ အစ္စရေးလူမျိုးထံ၌တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားထဲမှဖြစ်စေ တစ်စုံတစ်ယောက်သည် မိမိသားမြေးကို မောလုတ်ဘုရားအားပေးလှူလျှင် သူသည် မုချအသတ်ခံရမည်။ ပြည်သူပြည်သားတို့သည် သူ့ကို ခဲနှင့်ပေါက်သတ်ရမည်။ |
ယေရုရှလင်မြို့အရှေ့ဘက်ရှိတောင်ပေါ်တွင် စက် ဆုပ်ဖွယ်ကောင်းသည့်မောဘဘုရား၊ ခေမုရှနှင့် စက်ဆုပ်ဖွယ်ကောင်းသောအမ္မုန်ဘုရားမောလုတ် အားဝတ်ပြုကိုးကွယ်ရန်ဌာနကိုလည်းကောင်း တည်ဆောက်လေသည်။-
သူတို့သည်မိမိတို့၏သားသမီးများကို မီးရှို့ရာယဇ်အဖြစ်ဖြင့် ရုပ်တုတို့အားပူဇော် ကြ၏။ နတ်ဝင်သည်များ၊ ဗေဒင်ဆရာများ နှင့်တိုင်ပင်ကာထာဝရဘုရား၏ရှေ့တော်တွင် မှားယွင်းသည့်အမှုများကိုသာလျှင်ပြု လုပ်သောအားဖြင့်ကိုယ်တော်၏အမျက်တော် ကိုလှုံ့ဆော်ကြ၏။-
နောက်တစ်ဖန်မည်သူမျှမောလုတ်ဘုရား အား သားသမီးကိုမီးဖြင့်မပူဇော်နိုင်စေရန် ယောရှိမင်းသည်ဟိန္နုံချိုင့်ဝှမ်းရှိရုပ်တုကိုး ကွယ်ရာတောဖက်ဟုခေါ်သောအရပ်ကို လည်းညစ်ညမ်းစေတော်မူ၏။-
ဟိန္နုံချိုင့်ဝှမ်းတွင်နံ့သာပေါင်းကိုမီးရှို့ ပူဇော်၏။ သူသည်ဣသရေလအမျိုးသား တို့ချီတက်လာချိန်၌ ထာဝရဘုရားနှင် ထုတ်တော်မူသောလူမျိုးတို့၏စက်ဆုတ် ရွံရှာဖွယ်ကောင်းသည့်ဋ္ဌလေ့ထုံးစံတို့ကို အတုခိုး၍ မိမိ၏သားတော်များကိုပင် မီးရှို့၍ပူဇော်သကာအဖြစ်ဖြင့်ရုပ်တု တို့အားပူဇော်လေသည်။-
မိမိ၏သားတော်များကိုဟိန္နုံချိုင့်တွင်မီးဖြင့် ပူဇော်၏။ မင်းကြီးသည်နတ်ဝိဇ္ဇာအတတ်နှင့်မှော် အတတ်များကိုကျင့်သုံး၍ဗေဒင်ဆရာနှင့်နတ် ဝင်သည့်သူတို့ထံမှအကြံဉာဏ်များကိုတောင်း ယူတတ်လေသည်။ သူသည်ထာဝရဘုရားအား လွန်စွာပြစ်မှား၍အမျက်တော်ကိုလှုံ့ဆော် ပေး၏။-
သူတို့သည်မိမိတို့၏အပြစ်မဲ့သူ သားသမီးအရင်းအချာများကိုသတ် ဖြတ်ကာ ခါနာန်ရုပ်တုများအားပူဇော်ကြရာတိုင်းပြည်ကို ညစ်ညမ်းစေကြ၏။
သူတို့သည်မိမိတို့သားသမီးများအား မောလုပ်ဘုရားကိုယဇ်ပူဇော်ရန်ဟိန္နုံချိုင့် ဝှမ်းတွင် ဗာလဘုရားအတွက်ယဇ်ပလ္လင်ကို တည်ဆောက်ကြ၏။ ဤအမှုကိုပြရန်သူတို့ အားငါမခိုင်းစေခဲ့။ သူတို့သည်ယုဒပြည် သားတို့အားဤသို့အပြစ်ကူးလွန်ရန်ပို့ ဆောင်လမ်းပြကြလိမ့်မည်ဟုလည်း အဘယ် အခါကမျှငါမတွေးတောမိခဲ့'' ဟု မိန့်တော်မူ၏။
သူတို့သည်မိမိတို့၏သားသမီးများအား မီးရှို့ပူဇော်နိုင်ရန် ဟိန္နုံချိုင့်ဝှမ်းတွင်တောဖက် နာမည်တွင်သောယဇ်ပလ္လင်ကိုတည်ဆောက်ကြ လေပြီ။ ထိုအမှုကိုပြုရန်သူတို့အားငါ မစေခိုင်းခဲ့၊ စိတ်ပင်မကူးခဲ့။-
သူတို့သည်မိမိတို့၏သားဦးများကိုယဇ်ပူ ဇော်ခြင်းအားဖြင့် မိမိတို့ကိုယ်ကိုညစ်ညမ်း ကြစေရန်သူတို့အားငါအခွင့်ပေး၏။ ယင်း သို့အခွင့်ပေးရသည့်အကြောင်းမှာ ငါသည် ဘုရားသခင်ဖြစ်တော်မူကြောင်းပြသရန် နှင့်သူတို့အားဒဏ်ခတ်ရန်ဖြစ်၏။''
သင်တို့သည်ယနေ့တိုင်အောင်ပင်သူတို့ ဆက်သသည့်ပူဇော်သကာများကိုဆက် သလျက် ရုပ်တုများအားမိမိတို့၏သား သမီးများကိုမီးရှို့ပူဇော်ကာကိုယ့်ကိုယ် ကိုညစ်ညမ်းစေကြ၏။ အချင်းဣသရေလ အမျိုးသားတို့၊ သင်တို့သည်ငါ့ထံသို့ လာ၍ငါ၏အလိုတော်ကိုစုံစမ်းမေး မြန်းကြ၏။ ငါသည်အသက်ရှင်တော်မူ သောအရှင်ထာဝရဘုရားဖြစ်တော်မူ သည်နှင့်အညီ အဘယ်သို့မျှစုံစမ်းမေး မြန်းခွင့်ကိုသင်တို့အားပေးမည်မဟုတ်။-
သူတို့သည်မျောက်မထားမှု၊ လူသတ်မှုတို့ကို ကူးလွန်ကြ၏။ ရုပ်တုများနှင့်မျောက်မထား၍ ငါနှင့်ရသောသားများကိုသတ်ကြ၏။ သူတို့ သည်ငါ၏သားတို့ကိုရုပ်တုတို့အားယဇ် ပူဇော်ကြ၏။-
ငါ၏သားသမီးများကိုရုပ်တုတို့အားယဇ် ပူဇော်သည့်နေ့၌ပင် ငါ၏ဗိမာန်တော်သို့လာ ၍ဗိမာန်တော်ကိုညစ်ညမ်းစေလျက် ဤသို့ငါ ၏ဗိမာန်ကိုပြုကြသည်တကား။
ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလ အမျိုးသားတို့နှင့်နေထိုင်သောလူမျိုးခြား ဖြစ်စေ၊ စားနိုင်သောတိရစ္ဆာန်သို့မဟုတ်ငှက် ကိုဖမ်းမိလျှင် ထိုသတ္တဝါ၏သွေးကိုမြေကြီး ပေါ်သို့သွန်းလောင်း၍မြေဖြင့်ဖုံးရမည်။-
ဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြား သားဖြစ်စေ၊ ဋ္ဌမ္မတာအလျောက်သေသော တိရစ္ဆာန်၏အသား သို့မဟုတ်သားရဲကိုက် သတ်၍သေသောတိရစ္ဆာန်၏အသားကိုစား လျှင် မိမိအဝတ်ကိုဖွပ်လျှော်၍ရေချိုးရ မည်။ သူသည်ညဦးတိုင်အောင်စောင့်ဆိုင်း ပြီးမှ ဘာသာရေးထုံးနည်းအရသန့်စင် လာလိမ့်မည်။-
ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလ အမျိုးသားတို့နှင့်နေထိုင်သောလူမျိုးခြား သားဖြစ်စေ၊ တဲတော်တံခါးဝမှလွဲ၍အခြား တစ်နေရာတွင် မီးရှို့သောယဇ်ကိုသော်လည်း ကောင်း၊ အခြားယဇ်ကောင်ကိုသော်လည်းကောင်း ထာဝရဘုရားအားပူဇော်လျှင်ထိုသူကို ဘုရားသခင်၏လူမျိုးတော်မှထုတ်ပယ် ရမည်။
သင်၏သားသမီးတို့ကိုမောလုတ်ဘုရားအား မီးရှို့ပူဇော်ရန်မအပ်နှင့်။ ထိုသို့ပြုခြင်းဖြင့် သင်၏ဘုရားသခင်ထာဝရဘုရား၏နာမ တော်ကိုမရှုတ်ချရ။-
``သေလွန်သူတို့၏ဝိညာဉ်များနှင့်တိုင်ပင်သောအမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေကျောက်ခဲနှင့်ပစ်သတ်ရမည်။ သူသည်သေထိုက်သောအပြစ်ကိုကူးလွန်၏'' ဟုမိန့်တော်မူ၏။
``ထိုသူကိုစခန်းအပြင်သို့ထုတ်လော့။ သူ ကျိန်ဆဲခြင်းကိုကြားရသူတိုင်းသည်သူ၏ ဦးခေါင်းပေါ်သို့လက်ကိုတင်၍ဟုတ်မှန်ကြောင်း သက်သေခံရမည်။ ထို့နောက်ဣသရေလ အမျိုးသားအပေါင်းတို့ကသူ့အားခဲဖြင့် ပစ်သတ်ရမည်။-
သူ့အားသေဒဏ်စီရင်ရမည်ဟူ၍ဣသရေလ အမျိုးသားတို့အားပြောရမည်။ ဣသရေလ အမျိုးသားဖြစ်စေ၊ ဣသရေလနိုင်ငံတွင်နေ ထိုင်သောလူမျိုးခြားဖြစ်စေ၊ ထာဝရဘုရား ကိုကျိန်ဆဲလျှင်ဣသရေလတစ်မျိုးသား လုံးက ထိုသူကိုခဲဖြင့်ပစ်သတ်ရမည်။
မောရှေသည်ထိုသို့ဣသရေလအမျိုးသား တို့အား မိန့်ကြားသည့်အတိုင်း သူတို့သည် အပြစ်ကူးလွန်သူကိုစခန်းအပြင်သို့ ထုတ်၍ခဲဖြင့်ပစ်ကြ၏။ ဤနည်းအားဖြင့် ဣသရေလအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း လိုက်နာဆောင်ရွက်ကြ၏။
သင်တို့သယ်ဆောင်လာသည့်အရာများမှာ မောလုပ်ဘုရားစင်နှင့်၊ သင်တို့၏ဘုရားရှင်ဖန်၏ကြယ်ဖြစ်သည်။ ထိုအရာတို့သည်သင်တို့ဝတ်ပြုကိုးကွယ်ရန် သွန်းလုပ်သည့်ရုပ်တုများဖြစ်ကြ၏။ ထို့ကြောင့်သင်တို့အားဗာဗုလုန်မြို့ကို ကျော်လွန်အောင်ပြည်နှင်ဒဏ်ငါပေးမည်''
သူတို့၏ဘုရားဝတ်ပြုနည်းကိုအတုမယူ ကြနှင့်။ ထိုသူတို့သည်မိမိတို့၏ဘုရားများ ကိုဝတ်ပြုရာ၌ ထာဝရဘုရားမုန်းတီးရွံ ရှာတော်မူသောအမှုများကိုပြုလုပ်ကြ သောကြောင့် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုဝတ်ပြုသည့်အခါ သူတို့ကဲ့သို့ ဝတ်မပြုကြနှင့်။ ထိုသူတို့သည်မိမိတို့ ၏သားသမီးများကိုပင်ယဇ်ပလ္လင်ပေါ်၌ မီးရှို့ပူဇော်ကြ၏။-
``အကယ်၍သင်တို့၏မြို့ရွာများတွင် ယောကျာ်း သို့မဟုတ်မိန်းမတစ်ဦးဦးသည် ထာဝရ ဘုရား၏အမိန့်တော်ကိုဆန့်ကျင်လျက် အခြားသောဘုရားများနှင့်နေ၊ လ၊ ကြယ် များကိုဝတ်ပြုကိုးကွယ်သဖြင့် ထာဝရ ဘုရား၏ပဋိညာဉ်ကိုချိုးဖောက်၍ အပြစ် ကူးလွန်ကြောင်းသတင်းကြားမိလျှင်စေ့ စေ့စပ်စပ်စုံစမ်းလော့။ ဣသရေလအမျိုး သားတို့တွင်ထိုစက်ဆုပ်ဖွယ်သောအမှု ပြုသည်ကိုဧကန်သိရသောအခါ၊-
သင်တို့၏သားသမီးများကိုမီးရှို့ရာယဇ် အဖြစ်မပူဇော်ရ။ သင်တို့သည်မှော်အတတ်၊ ဗေဒင်အတတ်၊ စုန်းကဝေအတတ်၊-
ထို့နောက်မြို့သားအပေါင်းတို့က ထိုသားကို ကျောက်ခဲနှင့်ပစ်၍သတ်ရမည်။ ဤနည်းအား ဖြင့်သင်တို့သည်ဤဒုစရိုက်ကိုဖယ်ရှားနိုင် ကြမည်။ ဣသရေလအမျိုးသားအပေါင်း တို့သည် ထိုသတင်းကိုကြားရသဖြင့် ကြောက်ရွံ့ကြလိမ့်မည်။''
မြို့အကြီးအကဲတို့ကဖခင်၏အိမ်ရှေ့ သို့ခေါ်ဆောင်သွားပြီးနောက် မြို့သားတို့က သူ့ကိုကျောက်ခဲနှင့်ပစ်သတ်ရမည်။ ထိုမိန်းမ သည်လက်မထပ်မီဖခင်၏အိမ်၌ရှိနေစဉ် ကပင် ကာမစပ်ယှက်မှုကိုပြုခဲ့သဖြင့် ဣသရေလလူမျိုးတွင်ရှက်ဖွယ်သောအမှု ကိုကူးလွန်ခဲ့လေပြီ။ ဤနည်းအားဖြင့် သင်တို့သည်ဤဒုစရိုက်ကိုဖယ်ရှားနိုင် ကြမည်။