ဆီပါသောမုန့်၊ ဆီလူးသောမုန့်ချပ်တို့ကို လည်းယူလော့။ ထိုမုန့်များကိုတဆေးမပါ သောအကောင်းဆုံးဂျုံမုန့်ညက်ဖြင့်ပြုလုပ် ရမည်။-
ဝတ်ပြု 2:1 - Common Language Bible တစ်စုံတစ်ယောက်သည်ထာဝရဘုရားအား ဘောဇဉ်ပူဇော်လိုလျှင်မုန့်ညက်ကိုပူဇော်ရ မည်။ မုန့်ညက်တွင်သံလွင်ဆီနှင့်အမွှေးနံ့ သာလောင်းထည့်၍၊- Garrad Bible လူ တစ် ဦး သည် ထာ ဝ ရ ဘု ရား ထံ ဘော ဇဉ် သ က္ကာ ကို တင် သွင်း လှူ ဒါန်း လျှင် လော ဗန် တင် လျက် ဆီ လောင်း သော မုန့် ညက် ကို လှူ ဒါန်း ၍၊ Judson Bible ထာဝရဘုရားအား ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ မုန့်ညက်ကိုဆက်ရမည်။ မုန့်ညက်အပေါ်မှာ ဆီကိုလောင်း၍၊ လောဗန်ကိုလည်းထည့်ပြီးမှ၊ မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်သည် ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်လိုလျှင် အကောင်းဆုံးဂျုံမှုန့်ကို ပူဇော်ရမည်။ ဂျုံမှုန့်ပေါ်တွင် ဆီကိုလောင်း၍ လော်ဗန်ကို တင်ထားပြီးလျှင် |
ဆီပါသောမုန့်၊ ဆီလူးသောမုန့်ချပ်တို့ကို လည်းယူလော့။ ထိုမုန့်များကိုတဆေးမပါ သောအကောင်းဆုံးဂျုံမုန့်ညက်ဖြင့်ပြုလုပ် ရမည်။-
သင်တို့သည်မိမိတို့မီးရှို့ပူဇော်ရာသိုးများကို ငါ့ထံသို့မယူဆောင်ခဲ့ကြ။ သင်တို့၏ယဇ်များဖြင့်ဂုဏ်ပြုချီးမြှောက်ခြင်း ခံရသူမှာလည်းငါမဟုတ်။ ငါသည်ပူဇော်သကာများကိုတောင်းဆိုခြင်း အားဖြင့် သင်တို့အားဝန်မလေးစေပါ။ မွှေးကြိုင်သောနံ့သာပေါင်းကို တောင်းဆိုခြင်းအားဖြင့်လည်းသင်တို့စိတ်ကို မငြီးငွေ့စေပါ။
``သူတို့သည်လူမျိုးတကာတို့ထံမှသင် တို့အမျိုးသားများကို ထာဝရဘုရား အတွက်လက်ဆောင်ပဏ္ဏာအဖြစ်ခေါ်ဆောင် လာကြလိမ့်မည်။ ဣသရေလအမျိုးသား တို့သည်အသီးအနှံများကို ထုံးတမ်းစဉ် လာအရသန့်စင်သည့်အိုးခွက်များတွင် ထည့်၍ ဗိမာန်တော်သို့ယူဆောင်လာကြ သကဲ့သို့၊ ထိုသူတို့သည်အဆိုပါလက် ဆောင်ပဏ္ဏာများကိုမြင်း၊ မြည်း၊ ကုလား အုပ်များမြင်းရထားနှင့်လှည်းများနှင့် တင်၍ယေရုရှလင်မြို့ရှိသန့်ရှင်းမြင့် မြတ်သောတောင်တော်ပေါ်သို့ယူဆောင် လာကြလိမ့်မည်။-
ဤအရပ်ကားယဇ်ပုရောဟိတ်တို့အပြစ် ဖြေရာယဇ်၊ သို့မဟုတ်ဒုစရိုက်ဖြေရာ ယဇ်ကိုပူဇော်ရန်အသားများကိုပြုတ် ရာ၊ မုန့်ညက်ပူဇော်သကာကိုဖုတ်ရာအရပ် ဖြစ်၏။ လူတို့ဘေးအန္တရာယ်မဖြစ်ကြ စေရန်သန့်ရှင်းမြင့်မြတ်သည့်အရာမှန် သမျှကိုတံတိုင်းအပြင်ဝင်းသို့မထုတ် ကြခြင်းဖြစ်၏'' ဟုဆို၏။
ဗိမာန်တော်တွင်ပူဇော်ဆက်သရန်ဂျုံဆန်သော်လည်းကောင်း စပျစ်ရည်သော်လည်းကောင်းမရှိတော့ပေ။ မိမိတို့ထံတွင်ထာဝရဘုရားအတွက် ပူဇော်သကာများမရှိသဖြင့်ယဇ်ပုရောဟိတ်တို့သည်ငိုကြွေးမြည်တမ်းကြကုန်၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရား သည်စိတ်တော်ကို ပြောင်းလဲကောင်းပြောင်းလဲတော်မူ၍ သင်တို့အားမြောက်မြားစွာသောအသီး အနှံများဖြင့် ကောင်းချီးပေးတော်မူပါလိမ့်မည်။ ထိုအခါသင်တို့သည်ကိုယ်တော်အား ဂျုံဆန်နှင့် စပျစ်ရည်ပူဇော်သကာများကိုဆက်သနိုင် ပါ၏။
အဋ္ဌမနေ့၌သူသည် အပြစ်အနာကင်း သောတစ်နှစ်သားအရွယ် သိုးထီးကလေး နှစ်ကောင်၊ သိုးမကလေးတစ်ကောင်၊ သံလွင် ဆီနှင့်ရောသောမုန့်ညက်ငါးပေါင်နှင့်သံလွင် ဆီအဝက်သားကိုယူဆောင်ခဲ့ရမည်။-
ထာဝရဘုရားအားဆက်သသည့်ပူဇော်သကာ အထိမ်းအမှတ်အဖြစ်မုန့်လုံးတစ်တန်းစီပေါ် တွင်နံ့သာအစစ်ကိုတင်လော့။-
သူသည်ချိုးနှစ်ကောင် သို့မဟုတ်ခိုနှစ်ကောင် ပူဇော်ရန်မတတ်နိုင်လျှင် အပြစ်ဖြေရာယဇ် အဖြစ်မုန့်ညက်နှစ်ပေါင်ကို ယဇ်ပုရောဟိတ် ထံသို့ယူဆောင်ခဲ့ရမည်။ ယင်းပူဇော်ခြင်း သည်ဘောဇဉ်သကာပူဇော်ခြင်းမဟုတ်။ အပြစ်ဖြေရာယဇ်အဖြစ်ပူဇော်ခြင်းဖြစ် သောကြောင့် မုန့်ညက်ပေါ်တွင်သံလွင်ဆီ သို့မဟုတ်၊ အမွှေးနံ့သာကိုမလောင်းရ။-
ထိုနောက်ယဇ်ပုရောဟိတ်သည်ထိုသူ၏ အပြစ်အတွက် ယဇ်ပူဇော်သဖြင့်သူသည် အပြစ်လွတ်လိမ့်မည်။
ထို့နောက်သူသည်ဘောဇဉ်သကာထဲမှမုန့် ညက်လက်တစ်ဆုပ်စာကိုယူ၍ ယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်သည်။ (နေ့စဉ်မီးရှို့ပူဇော် သောယဇ်အပြင်ထပ်ဆင့်ပူဇော်ခြင်းဖြစ် သည်။-)
ကမ္ဘာမြေကြီးတစ်စွန်းမှအခြားတစ်စွန်း တိုင်အောင်လူတို့သည် ငါ၏ဂုဏ်တော်ကို ချီးကူးကြပေသည်။ သူတို့သည်အရပ် တကာတွင်နံ့သာပေါင်းကိုမီးရှို့၍ နှစ် သက်ဖွယ်ကောင်းသည့်ယဇ်များကိုငါ့ အားပူဇော်ကြ၏။ သူတို့အားလုံးပင် ငါ၏နာမတော်ကိုချီးကူးကြ၏။-''
မီးရှို့ရာသကာမဟုတ်သည့်ထူးမြတ်သော သကာများအနက် သင်ပိုင်ဆိုင်သောသကာ များမှာဘောဇဉ်သကာ၊ အပြစ်ဖြေရာ သကာနှင့်အပြစ်ဒဏ်ပြေရာသကာတို့ ဖြစ်သည်။ ငါ့အားဆက်သသောသကာ ဟူသမျှသည်သင်နှင့်သင်၏သားများ ပိုင်ဆိုင်၏။-
သိုးတစ်ကောင်စီနှင့်အတူဂျုံမုန့်ညက်နှစ် ပေါင်နှင့် အကောင်းဆုံးသံလွင်ဆီနှစ်ပိုင့်ရော နယ်ထားသောဘောဇဉ်သကာကိုလည်းပူဇော် ရမည်။-
ထိုနောက်သူတို့သည်နွားထီးပေါက်တစ်ကောင် နှင့်ဘောဇဉ်သကာအဖြစ် သံလွင်ဆီရောထား သောမုန့်ညက်ကိုယူဆောင်ခဲ့စေရမည်။ အပြစ် ဖြေရာယဇ်အတွက်နောက်ထပ်နွားတစ်ကောင် ယူဆောင်ခဲ့ရမည်။-
သခင်ယေရှုက ``ငါသည်အသက်၏အစာအာဟာ ရဖြစ်၏။ ငါ့ထံသို့လာသောသူသည်အဘယ်အခါ ၌မျှဆာငတ်လိမ့်မည်မဟုတ်။ ငါ့ကိုယုံကြည်သော သူသည်လည်း အဘယ်အခါမျှရေငတ်လိမ့်မည် မဟုတ်။-
သို့ရာတွင်ခရစ်တော်သည်သင်တို့အပေါ်သန့် ရှင်းသောဝိညာဉ်တော်ကိုသွန်းလောင်းတော်မူ သည်ဖြစ်၍ သင်တို့အပေါင်းသည်သမ္မာတရား ကိုသိကြပေသည်။-
သင်တို့မူကားခရစ်တော်သည်မိမိ၏ဝိညာဉ် တော်ကိုသင်တို့အပေါ်သို့သွန်းလောင်းတော်မူ ပြီ။ ဝိညာဉ်တော်သည်သင်တို့စိတ်နှလုံးတွင် ကိန်းအောင်းလျက်နေတော်မူသမျှကာလ ပတ်လုံးသင်တို့အားအခြားအဘယ်အရာမျှ သွန်သင်ပေးစရာမလို။ အဘယ်ကြောင့်ဆို သော်ကိုယ်တော်၏ဝိညာဉ်တော်သည်သင်တို့အား ခပ်သိမ်းသောအမှုအရာတို့ကိုသွန်သင်ပေး တော်မူသောကြောင့်ဖြစ်၏။ ဝိညာဉ်တော်သွန်သင် တော်မူသောအရာတို့သည်မှန်ကန်၍အမှား မရှိ။ ထို့ကြောင့်သင်တို့သည်ဝိညာဉ်တော်သွန် သင်သည့်အတိုင်းလိုက်နာဆောင်ရွက်ကြလော့။ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းတည်ကြ လော့။
သို့ရာတွင်ချစ်ဆွေတို့၊ သင်တို့သည်မိမိတို့ ၏အလွန်သန့်ရှင်းမြင့်မြတ်သည့်ယုံကြည်ခြင်း အပေါ်အခြေပြု၍ မိမိတို့ကိုယ်ကိုကြီးပွား စေကြလော့၊ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်ကိုအမှီပြု၍ဆုတောင်းပတ္ထနာ ပြုကြလော့။-
ထိုနောက်အခြားကောင်းကင်တမန်တစ်ပါး သည်ပလ္လင်တော်အနားသို့လာ၍ရပ်၏။ သူ သည်ရွှေလင်ပန်းကိုကိုင်ထား၏။ ပလ္လင်တော် ရှေ့၌ရှိသောရွှေယဇ်ပလ္လင်ပေါ်မှာဘုရား သခင်၏လူစုတော်ဝင်အပေါင်းတို့၏ဆု တောင်းပတ္ထနာများနှင့်အတူ ပူဇော်မီးရှို့ ရန်များစွာသောနံ့သာပေါင်းကိုသူ့အား ပေးအပ်ထားသည်။-