သူသည်နွား၏သွေးအနည်းငယ်ကိုယူ၍ လက် ညှိုးဖြင့်ပဋိညာဉ်သေတ္တာဖုံးအရှေ့ပိုင်းကို ဖျန်းရမည်။ ပဋိညာဉ်သေတ္တာအရှေ့၌လည်း ခုနစ်ကြိမ်ဖျန်းရမည်။
ဝတ်ပြု 16:19 - Common Language Bible ယဇ်ပလ္လင်အပေါ်သို့လည်းသွေးကိုလက်ညှိုး ဖြင့်ခုနစ်ကြိမ်ဖြန်းရမည်။ ဤနည်းအား ဖြင့်သူသည် ဣသရေလအမျိုးသားတို့ ၏အပြစ်များအတွက် ယဇ်ပလ္လင်ကိုသန့်စင် စေပြီးသန့်စင်ခြင်းဝတ်ကိုပြုလေသည်။ Garrad Bible ပ လ္လင် တော် ပေါ် တွင် လက် ချောင်း ဖြင့် ခု နစ် ကြိမ် ဖျန်း ခြင်း များ ကို ပြု၍ ဣ သ ရေ လ အ မျိုး သား တို့ မ သန့် မှု များ မှ စင် ကြယ် သီး သန့် ရာ ရောက် စေ ရ မည်။ Judson Bible ယဇ်ပလ္လင်အပေါ်၌လည်း ထိုအသွေးကိုလက်ညှိုးနှင့် ခုနစ်ကြိမ်တိုင်အောင်ဖျန်း၍ ဣသရေလအမျိုးသားတို့၏ မစင်ကြယ်သောအပြစ်မှ စင်ကြယ်သန့်ရှင်းစေရမည်။ မြန်မာ့စံမီသမ္မာကျမ်း သွေးအချို့ကို မိမိ၏လက်ချောင်းဖြင့် ယဇ်ပလ္လင်ပေါ်၌ ခုနစ်ကြိမ်ဖျန်းပြီး စင်ကြယ်စေရမည်။ ဤသို့ဖြင့် ယဇ်ပလ္လင်ကို အစ္စရေးအမျိုးသားတို့၏မစင်ကြယ်ခြင်းမှ စင်ကြယ်အောင် ပြုရမည်။ |
သူသည်နွား၏သွေးအနည်းငယ်ကိုယူ၍ လက် ညှိုးဖြင့်ပဋိညာဉ်သေတ္တာဖုံးအရှေ့ပိုင်းကို ဖျန်းရမည်။ ပဋိညာဉ်သေတ္တာအရှေ့၌လည်း ခုနစ်ကြိမ်ဖျန်းရမည်။
အာရုန်သည်အလွန်သန့်ရှင်းရာဌာနတော်၊ ထာဝရဘုရားစံတော်မူရာတဲတော်နှင့် ယဇ်ပလ္လင်အတွက် သန့်စင်ခြင်းဝတ်ကိုဆောင် ရွက်ပြီးသောအခါ အဇာဇယ်အတွက်ရွေး ချယ်ထားသောဆိတ်အရှင်ကို ထာဝရ ဘုရားထံဆက်ကပ်ရမည်။-
ထာဝရဘုရားက``ထိုအချိန်ကျရောက် လာသောအခါ ဒါဝိဒ်၏သားစဉ်မြေးဆက် များနှင့်ယေရုရှလင်မြို့သူမြို့သားတို့ အား မိမိတို့၏အပြစ်များနှင့်ရုပ်တု ကိုးကွယ်မှုမှသန့်စင်စိမ့်သောငှာစမ်း ရေပေါက်ဖွင့်လျက်လာလိမ့်မည်။-