အို ယေရုရှင်လင်မြို့၊ သင်သည်အကျင့်ပျက်မှု များဖြင့် မိမိကိုယ်ကိုညစ်ညမ်းစေလေပြီ။ ငါ သည်သင့်အားသန့်စင်အောင်ပြုသော်လည်း သင်သည်ညစ်ညမ်း၍နေ၏။ ငါ၏အမျက်တော် ဒဏ်ကိုမခံရမချင်းသင်သည်သန့်စင်လာ လိမ့်မည်မဟုတ်။-
ဝတ်ပြု 14:43 - Common Language Bible ထိုအိမ်တွင်ကျောက်တုံးများကိုထုတ်၍ထရံ များကိုခြစ်လျက် အင်္ဂတေအသစ်မွမ်းမံပြီး နောက်ဖားဥစွဲပြန်လျှင်၊- Garrad Bible ထို သို့ ကျောက် ထုတ် ခြင်း၊ ခြစ် ခွာ ခြင်း၊ မွမ်း မံ ခြင်း များ ကို ပြု ပြီး နောက် တိုက် တွင် အ မှတ် လ က္ခ ဏာ ပေါ် ပြန် သော်၊ Judson Bible ထိုသို့ ကျောက်ကိုနုတ်ပယ်၍ အိမ်ကိုခြစ်ခြင်း၊ အသစ်မွမ်းမံခြင်းကိုပြုပြီးမှ၊ တစ်ဖန်အနာစွဲပြန်လျှင်၊ မြန်မာ့စံမီသမ္မာကျမ်း ကျောက်တုံးများကိုထုတ်ပစ်ပြီး၊ အိမ်ကိုခြစ်ထုတ်ပြီး၊ သရွတ်ကိုင်ပြီးဖြစ်သော်လည်း အိမ်ထဲ၌ အနာပြန်၍ပြန့်ပွားလျှင် |
အို ယေရုရှင်လင်မြို့၊ သင်သည်အကျင့်ပျက်မှု များဖြင့် မိမိကိုယ်ကိုညစ်ညမ်းစေလေပြီ။ ငါ သည်သင့်အားသန့်စင်အောင်ပြုသော်လည်း သင်သည်ညစ်ညမ်း၍နေ၏။ ငါ၏အမျက်တော် ဒဏ်ကိုမခံရမချင်းသင်သည်သန့်စင်လာ လိမ့်မည်မဟုတ်။-
ထုတ်ပစ်သောကျောက်တုံးများနေရာတွင် အခြားကျောက်တုံးများဖြင့်အစားထိုး ၍ ထရံများကိုအင်္ဂတေဖြင့်အသစ်မွမ်းမံ စေရမည်။
ယဇ်ပုရောဟိတ်သည်ထိုအိမ်သို့သွားရောက် စစ်ဆေးရမည်။ ဖားဥပြန့်ပွားလျက်ရှိသည် ကိုတွေ့ရလျှင်ထိုအိမ်သည်မသန့်စင်ချေ။-
အိမ်ကိုအင်္ဂတေဖြင့်အသစ်မွမ်းမံပြီးသည့် နောက် ယဇ်ပုရောဟိတ်သွားရောက်စစ်ဆေးကြည့် သောအခါ ဖားဥထပ်မံ၍မစွဲကြောင်းတွေ့ ရှိရလျှင် ဖားဥလုံးဝမစွဲတော့ပြီဖြစ်သော ကြောင့် ထိုအိမ်သည်ဘာသာရေးထုံးနည်း အရသန့်စင်သည်ဟူ၍ကြေညာရမည်။-
အကယ်၍လူတို့သည်ငါတို့အရှင်သခင် နှင့်ကယ်တင်ရှင်ဖြစ်တော်မူသောယေရှုခရစ် ကိုသိကျွမ်းရခြင်းအားဖြင့် လောကီညစ်ညမ်း မှုများမှလွတ်မြောက်ကြပြီးနောက်တစ်ဖန် ပြန်၍ ထိုညစ်ညမ်းမှုများ၏ကျွန်ဖြစ်ပါမူ ထိုသူတို့၏နောက်ဆုံးအခြေအနေသည် လက်ဦးအခြေအနေထက်ဆိုးရွားလေ တော့သည်။-
``ခွေးသည်မိမိအန်ဖတ်ကိုပြန်၍စားတတ် ၏'' ဟူသောဆိုရိုးစကားသည်လည်းကောင်း``ဝက် ကိုရေချိုးပေးပါမူသူသည်ရွှံ့နွံတွင်ပြန်၍ လူးတတ်၏'' ဟူသောဆိုရိုးစကားသည်လည်း ကောင်းထိုသူတို့အတွက်မှန်လျက်နေတော့၏။
သူတို့သည်အရှက်အကြောက်ကင်းမဲ့စွာ ပျော်ရွှင်သောက်စားလျက် သင်တို့၏မိတ်သဟာ ယပွဲများတွင်သင်တို့၏ဂုဏ်သိက္ခာကိုညစ် စွန်းစေကြ၏။ ထိုသူတို့ကားကိုယ်ကျိုးကို သာကြည့်တတ်သူများတည်း။ သူတို့သည် မိုးရေမပါဘဲ လေတိုက်ရာသို့လွင့်ပါသွား တတ်သောမိုးတိမ်နှင့်လည်းကောင်း၊ ဆောင်း ဦးကာလတွင်အသီးမသီး၊ အမြစ်မှ ဆွဲနှုတ်ထားသည့်နှစ်ပြန်သေသစ်ပင်နှင့် လည်းကောင်းတူကြ၏။-