ယုဒ 1:12 - Common Language Bible12 သူတို့သည်အရှက်အကြောက်ကင်းမဲ့စွာ ပျော်ရွှင်သောက်စားလျက် သင်တို့၏မိတ်သဟာ ယပွဲများတွင်သင်တို့၏ဂုဏ်သိက္ခာကိုညစ် စွန်းစေကြ၏။ ထိုသူတို့ကားကိုယ်ကျိုးကို သာကြည့်တတ်သူများတည်း။ သူတို့သည် မိုးရေမပါဘဲ လေတိုက်ရာသို့လွင့်ပါသွား တတ်သောမိုးတိမ်နှင့်လည်းကောင်း၊ ဆောင်း ဦးကာလတွင်အသီးမသီး၊ အမြစ်မှ ဆွဲနှုတ်ထားသည့်နှစ်ပြန်သေသစ်ပင်နှင့် လည်းကောင်းတူကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible12 သင် တို့ မေ တ္တာ ပွဲ များ တွင် အ တူ စား သောက် စဉ် မ ကြောက် မ ရွံ့ ဘဲ ကိုယ် ကို ကျွေး မွေး သ ဖြင့် အ စွန်း အ ကွက် များ၊ လေ တိုက် ရာ ရေ ကင်း သော မိုး တိမ် များ၊ အ သီး အ ရွက် မဲ့ လျက် နှစ် ထပ် သေ၍ အ မြစ် ပါ နုတ် ပြီး သစ် ပင် များ၊ အခန်းကိုကြည့်ပါ။Judson Bible12 မေတ္တာပွဲလုပ်၍ သင်တို့နှင့်အတူ စားသောက်သောအခါ အားမနာဘဲ၊ မိမိတို့ကိုဝစွာကျွေး၍ ပွဲ၌ အစွန်းအကွက်ဖြစ်ကြ၏။ ရေမရှိ၊ လေတိုက်၍လွင့်သော မိုးတိမ်ကဲ့သို့လည်းကောင်း၊ ညှိုးနွမ်း၍ အသီးမတင်၊ နှစ်ကြိမ်သေ၍ နုတ်ပစ်သော သစ်ပင်ကဲ့သို့လည်းကောင်း၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 သူတို့သည် သင်တို့နှင့်အတူစားသောက်သောအခါ ရှက်ကြောက်ခြင်းမရှိဘဲ မိမိတို့အတွက်သာ ဂရုစိုက်လျက် သင်တို့၏မေတ္တာပွဲ၌ အစွန်းအထင်းများဖြစ်ကြ၏။ သူတို့သည် လေ၌လွင့်ပါသွားသော မိုးရေမပါသည့်မိုးတိမ်များ၊ အမြစ်ပါမကျန်ဆွဲနုတ်ခံရ၍ နှစ်ကြိမ်သေသည့် အသီးမသီးသော ဆောင်းဦးကာလသစ်ပင်များ၊ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း12 သူတို့သည် သင်တို့၏ ချစ်ခြင်းမေတ္တာပွဲတွင် သင်တို့နှင့်အတူ စားသောက်သောအခါ မရှက်ကြောက်ဘဲ ကိုယ့်အဖို့သာ ဂရုစိုက်၍ ပွဲ၌ အန္တရာယ်ရှိသောငုတ်ချွန်များ ဖြစ်ကြ၏။ သူတို့သည် လေတိုက်၍ လွင့်သည့် မိုးရေမပါသော တိမ်များနှင့်တူ၏။ အမြစ်မှ ဆွဲနှုတ်ခံရ၍ နှစ်ခါပြန်သေရသော အသီးမသီးသည့်ဆောင်းဦးသစ်ပင်နှင့်တူ၏။ အခန်းကိုကြည့်ပါ။ |
``သို့ဖြစ်၍ဤစပျစ်ပင်သည်ဆက်လက်၍ ရှင်သန်နိုင်မည်လော။ ထိုအပင်ကိုအမြစ်မှ ဆွဲနုတ်ပြီးလျှင် စပျစ်သီးများကိုချွေကာ အကိုင်းသစ်တို့ကိုလည်းချိုး၍ ညှိုးနွမ်း ခြောက်သွေ့သွားစေမည်မဟုတ်လော။ ထို အပင်ကိုနုတ်ပစ်ရန်ခွန်အားများစွာရှိရန် လူအလုံးအရင်းကိုလိုလိမ့်မည်မဟုတ် ဟုငါအရှင်ထာဝရဘုရားမိန့်တော် မူ၏။-
ငါအရှင်ထာဝရဘုရားသည်သင်တို့၏ ရန်သူဖြစ်၍ ငါ၏သိုးတို့သည်သင့်တာဝန် ဖြစ်ကြောင်းအတိအလင်းကြေညာ၏။ ငါ သည်မိမိ၏သိုးများကိုသင်တို့ထံမှသိမ်း ယူမည်။ အဘယ်အခါ၌မျှသင်တို့သည် သူတို့အားထိန်းကျောင်းခွင့်နှင့် မိမိတို့ကိုယ် ကိုသာလျှင်ကြည့်ရှုပြုစုခွင့်ကိုငါပေး တော့မည်မဟုတ်။ သိုးတို့သည်သင်တို့၏ အစာမဖြစ်အောင် ငါသည်မိမိသိုးတို့ ကိုသင်တို့လက်မှကယ်ဆယ်မည်။
ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့၏သိုးထိန်းတို့အားရှုတ် ချလော့။ သူတို့အားငါအရှင်ထာဝရ ဘုရားထံတော်မှဗျာဒိတ်တော်ကိုဆင့်ဆို ရမည်မှာ အချင်းဣသရေလအမျိုးသား များ၏သိုးထိန်းတို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ သင်တို့သည်မိမိတို့ကိုယ်ကို ကျွေးမွေးပြုစုကြသော်လည်းသိုးများ ကိုမူမစောင့်ထိန်းကြ။-
ငါသည်အသက်ရှင်တော်မူသောဘုရား ဖြစ်တော်မူသည်နှင့်အညီ သင်တို့သည်ငါ ၏စကားကိုနားထောင်ကြလော့။ သိုးထိန်း မရှိသဖြင့်ငါ၏သိုးတို့အားသားရဲ တိရစ္ဆာန်များသတ်ဖြတ်ကိုက်စားကြလေ ပြီ။ ငါ့သိုးထိန်းတို့သည်သိုးကိုလိုက်၍ မရှာကြ။ သူတို့သည်မိမိတို့ကိုသာ လျှင်ကြည့်ရှုစောင့်ရှောက်လျက်သိုးတို့ ကိုမူမစောင့်ထိန်းကြ။-
``သင်တို့သည်ပျော်ရွှင်သောက်စားမူးယစ်ခြင်း၊ လောကီမှုရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ဖြင့် အချိန်မကုန်စေရန်သတိနှင့်နေကြလော့။ ယင်း သို့သတိနှင့်မနေပါမူ တရားစီရင်တော်မူရာ နေ့ရက်သည်ထောင်ချောက်ကျသကဲ့သို့ သင်တို့ အပေါ်သို့ရုတ်တရက်ကျရောက်လိမ့်မည်။ ထို နေ့ရက်သည်ကမ္ဘာပေါ်ရှိလူသားအပေါင်း တို့အပေါ်သို့ကျရောက်လာလိမ့်မည်။-
သင်တို့သည်လမ်းလွဲ၍ကွဲလွဲထူးခြားသော အယူဝါဒအမျိုးမျိုးတို့ဆွဲဆောင်ရာသို့ လိုက်ပါမသွားကြနှင့်။ အစားအစာနှင့် ဆိုင်သောပညတ်များကိုစောင့်ထိန်းခြင်း မဟုတ်ဘဲ ဘုရားသခင်၏ကျေးဇူးတော် မှငါတို့ဝိညာဉ်ခွန်အားရရှိလျှင်ကောင်း ပေ၏။ ထိုပညတ်များကိုစောင့်ထိန်းသူ တို့သည်ကောင်းကျိုးကိုမခံရကြပေ။