ထာဝရအရှင်ဘုရားသခင်ကမိန်းမအား``သင် သည်အဘယ်ကြောင့်ထိုသို့ပြုရသနည်း'' ဟု မေးတော်မူလျှင် ``မြွေကကျွန်မကိုလှည့်စား သဖြင့်စားမိပါသည်'' ဟုပြန်လည်လျှောက် လေ၏။
ဝတ်ပြု 12:5 - Common Language Bible သမီးကိုဖွားမြင်သောအမျိုးသမီးသည် ဋ္ဌမ္မ တာရာသီပေါ်ချိန်၌မသန့်ရှင်းသကဲ့သို့ မီး ဖွားပြီးတစ်ဆယ့်လေးရက်အတွင်းဘာသာ ရေးထုံးနည်းအရမသန့်ရှင်းချေ။ မိခင်သည် သွေးသန့်သည့်ကာလမတိုင်မီ နောက်ထပ်ခြောက် ဆယ့်ခြောက်ရက်အတွင်းဘာသာရေးထုံးနည်း အရမသန့်ရှင်းချေ။ Garrad Bible သား မိန်း မ ကို ဖွား မြင် လျှင် မူ ကား ရာ သီ ရောက် ရာ ထုံး နည်း အ တိုင်း မ သန့် ဘဲ နှစ် သိ တင်း ပတ် လုံး နေ ရ လျက် အ သွေး ဖြင့် သန့် အောင် ခြောက် ဆယ့် ခြောက် ရက် တိုင် တိုင် ဆက် လက် နေ ရ မည်။ Judson Bible သားမိန်းမကိုဖွားမြင်လျှင်၊ ဥတုရောက်သကဲ့သို့ တစ်ဆယ်လေးရက်ပတ်လုံး မစင်ကြယ်နေရမည်။ စင်ကြယ်စေခြင်းနှင့် ဆိုင်သောအသွေးရှိ၍၊ အရက်ခြောက်ဆယ်ခြောက်ရက်ပတ်လုံး နေရမည်။ မြန်မာ့စံမီသမ္မာကျမ်း သမီးမိန်းကလေးကိုမွေးဖွားလျှင် သူသည် ဓမ္မတာလာသကဲ့သို့ တစ်ဆယ့်လေးရက်ပတ်လုံး မစင်ကြယ်။ သွေးသန့်စင်ဖို့ ရက်ပေါင်းခြောက်ဆယ့်ခြောက်ရက် စောင့်ရမည်။ |
ထာဝရအရှင်ဘုရားသခင်ကမိန်းမအား``သင် သည်အဘယ်ကြောင့်ထိုသို့ပြုရသနည်း'' ဟု မေးတော်မူလျှင် ``မြွေကကျွန်မကိုလှည့်စား သဖြင့်စားမိပါသည်'' ဟုပြန်လည်လျှောက် လေ၏။
မိခင်သည်နောက်ထပ်သုံးဆယ့်သုံးရက်အတွင်း ဘာသာရေးထုံးနည်းအရမသန့်ရှင်းသဖြင့် သွေးသန့်သည့်ကာလမတိုင်မီသန့်ရှင်းသော အရာတစ်စုံတစ်ခုကိုမထိမကိုင်ရ။ တဲ တော်အတွင်းသို့လည်းမဝင်ရ။
မိခင်သည်သားကိုဖွားမြင်သည်ဖြစ်စေ၊ သမီးကို ဖွားမြင်သည်ဖြစ်စေသွေးမသန့်သည့်ကာလပြီး ဆုံးသောအခါ မီးရှို့ရာယဇ်ပူဇော်ရန်တစ်နှစ်သား သိုးကလေးကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်ပူ ဇော်ရန် ချိုးသို့မဟုတ်ခိုတစ်ကောင်ကိုလည်းကောင်း ထာဝရဘုရားစံတော်မူရာတဲတော်တံခါးဝ သို့ယူဆောင်ခဲ့၍ယဇ်ပုရောဟိတ်ထံအပ်ရမည်။-