ဝတ်ပြု 10:6 - Common Language Bible
ထိုနောက်မောရှေကအာရုန်နှင့်သူ၏သား များဖြစ်ကြသော ဧလာဇာနှင့်ဣသမာတို့ အား``သင်တို့သည်သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲခြင်းကိုပြရန် ဆံပင်ကို မဖြီးဘဲမနေကြနှင့်။ အဝတ်အင်္ကျီများ ကိုလည်းမဆုတ်ဖြဲကြနှင့်။ ထိုသို့ပြုလျှင် သင်တို့၏အသက်ဆုံးရလိမ့်မည်။ ထာဝရ ဘုရားသည်လည်း ဣသရေလအမျိုးသား အပေါင်းတို့အားအမျက်တော်ထွက်လိမ့်မည်။ သို့သော်သင်တို့၏သွေးချင်းဖြစ်သော ဣသရေလအမျိုးသားအပေါင်းတို့မူ ကား ထာဝရဘုရားထံတော်မှလောင်မီး ကျ၍ သေဆုံးသူတို့အတွက်ဝမ်းနည်း ကြေကွဲကြောင်းပြနိုင်သည်။-
အခန်းကိုကြည့်ပါ။
မော ရှေ သည် အာ ရုန် နှင့် သား ဧ လာ ဇာ၊ ဣ သ မာ တို့ အား လည်း သေ ဘေး ကင်း လွတ် ကြ ရန် လည်း ကောင်း၊ လူ ပ ရိ သတ် ဥ ဿုံ ပေါ် တွင် အ မျက် တော် မ သင့် စေ ရန် လည်း ကောင်း၊ ဦး ဆံ ဖျား လျား ချ ခြင်း၊ အ ဝတ် ဆုတ် ခြင်း မ ပြု ကြ လင့်။ ထာ ဝ ရ ဘု ရား ရှို့ တော် မူ သော မီး လောင် ခြင်း အ တွက် ဆွေ မျိုး သား ချင်း ဖြစ် သော ဣ သ ရေ လ တစ် မျိုး လုံး မြည် တမ်း ကြ စေ။
အခန်းကိုကြည့်ပါ။
မောရှေသည် အာရုန်နှင့်သူ၏သား ဧလာဇာနှင့်ဣသမာတို့ကိုခေါ်၍၊ သင်တို့လည်းသေမည်။ လူအပေါင်းတို့အပေါ်မှာ အမျက်တော်သင့်ရောက်မည်ကို စိုးရိမ်သည်ဖြစ်၍၊ သင်တို့ဦးထုပ်ကို မချွတ်နှင့်။ အဝတ်ကိုမဆုတ်နှင့်။ သင်တို့ညီအစ်ကို ဣသရေလအမျိုးသားရှိသမျှတို့သည် ထာဝရဘုရားပြုတော်မူသော မီးလောင်ခြင်းကိုသာ ငိုကြွေးမြည်တမ်းကြစေ။
အခန်းကိုကြည့်ပါ။
ထို့နောက် မောရှေသည် အာရုန်နှင့် သူ၏သားဧလာဇာ၊ ဣသမာတို့အား “သင်တို့ မသေကြရမည့်အကြောင်း၊ ကိုယ်တော်သည် လူထုအပေါင်းတို့ကိုအမျက်ထွက်တော်မမူမည့်အကြောင်း သင်တို့၏ဆံပင်ကို ဖားလျားမချနှင့်၊ သင်တို့၏အဝတ်ကို မဆုတ်နှင့်။ သင်တို့၏အမျိုးသားချင်းများဖြစ်သော အစ္စရေးအမျိုးသားအပေါင်းတို့သည် ထာဝရဘုရားရှို့တော်မူသောမီးအတွက် ငိုကြွေးရကြမည်။
အခန်းကိုကြည့်ပါ။