သင်မြင်သမျှမြေကိုငါသည်သင်၏အဆက်အနွယ်တို့အားထာဝစဉ်အပိုင်စားပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းမရေမတွက်နိုင်အောင်များပြားစေမည်။-
ဝတ်ပြု 10:15 - Common Language Bible သူတို့သည်ထာဝရဘုရားအား ပူဇော် သကာအဖြစ်ယဇ်ကောင်အဆီကိုပူဇော် သောအခါ ရင်ဒူးနှင့်ပေါင်တို့ကိုယူဆောင် ခဲ့ရမည်။ ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်း ဤယဇ်ကောင်ပိုင်းများသည် သင်နှင့် သင်၏သားစဉ်မြေးဆက်အတွက်ဝေစု ဖြစ်ရမည်'' ဟုဆိုလေသည်။ Garrad Bible ထာ ဝ ရ ဘု ရား မျက် မှောက် တော် ၌ ဦး တိုက် ရာ အ လှူ အ ဖြစ် ဦး တိုက် ရန် မီး ပူ ဇော် ရာ ဆီ ဥ များ နှင့် တ ကွ မြှောက် ဆက် ရာ ပေါင်၊ ဦး တိုက် ရာ ရင် ထူး များ ကို ဆောင် သွင်း ကြ ရာ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း သင် နှင့် သား စဉ် မြေး ဆက် တို့ အ မြဲ ထုံး ဖွဲ့ ချက် ဆွမ်း ဖြစ် လိမ့် သ တည်း ဟု ဆို လေ ၏။ Judson Bible မီးဖြင့်ပူဇော်သောယဇ်ကောင် ဆီဥနှင့်တကွ၊ ချီမြှောက်ရာပခုံး၊ ချီလွှဲရာရင်ပတ်ကို ထာဝရဘုရားရှေ့တော်၌ချီလွှဲ၍၊ ချီလွှဲသောပူဇော်သကာကို ပြုခြင်းငှာဆောင်ခဲ့ရကြ၍၊ ထာဝရပညတ်တော်အတိုင်း၊ သင်နှင့် သင်၏သားတို့သည် ကိုယ်အဖို့ယူရကြမည်။ ထိုသို့ ထာဝရဘုရားမှာထားတော်မူပြီဟု ဆိုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ်ချီလွှဲရန် အလှူပစ္စည်းဖြစ်သောပေါင်၊ ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံတို့ကို မီးဖြင့်ပူဇော်မည့်အဆီများနှင့်အတူ ယူဆောင်လာရမည်။ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဤအမှုသည် သင်နှင့် သင့်သားသမီးတို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏”ဟု ဆို၏။ |
သင်မြင်သမျှမြေကိုငါသည်သင်၏အဆက်အနွယ်တို့အားထာဝစဉ်အပိုင်စားပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းမရေမတွက်နိုင်အောင်များပြားစေမည်။-
ယောကျာ်းတိုင်းအရေဖျားလှီးခြင်းမင်္ဂလာခံ ရမည်။ ထိုသို့ပြုလုပ်ခြင်းသည် သင်နှင့်ငါပြု သောပဋိညာဉ်ထာဝစဉ်တည်ကြောင်း ကိုယ် ကာယ၌ထင်ရှားသည့်လက္ခဏာအမှတ် အသားဖြစ်လိမ့်မည်။-
အာဗြဟံသည်မျက်နှာကိုမြေကြီးနှင့်ထိ အောင်ပျပ်ဝပ်နေစဉ်``အသက်တစ်ရာရှိသူ၌ ကလေးရနိုင်ပါဦးမည်လော။ အသက်ကိုး ဆယ်ရှိသူစာရာ၌ကလေးမွေးနိုင်ပါဦး မည်လော'' ဟုတွေးတောမိသဖြင့်ရယ်လေ သည်။-
ယခုသင်သူစိမ်းတစ်ရံဆံအဖြစ်နှင့်နေထိုင် ရသော ဤပြည်ကိုသင်နှင့်သင်၏အဆက်အနွယ် တို့အားငါပေးမည်။ ခါနာန်ပြည်တစ်ပြည်လုံး ကို သင်၏အဆက်အနွယ်တို့အားထာဝစဉ် အပိုင်ပေးမည်။ ငါသည်လည်းသူတို့၏ဘုရား ဖြစ်မည်'' ဟုမိန့်တော်မူ၏။
``ယဇ်ပုရောဟိတ်အဖြစ်ခံယူရာ၌ ပူဇော် သောသိုး၏ရင်ပုံသားနှင့်ပေါင်ကိုအထူး ပူဇော်သကာအဖြစ် ငါ့အားဆက်သသော အခါထိုအသားပိုင်းတို့သည် ယဇ်ပုရော ဟိတ်များ၏ဝေစုဖြစ်စေရမည်။-
ငါ၏လူမျိုးတော်သည်မိတ်သဟာယယဇ် ကိုပူဇော်သောအခါ၊ ယဇ်ကောင်၏ရင်ပုံသား နှင့်ပေါင်ကိုယဇ်ပုရောဟိတ်အားဝေပုံစု အဖြစ်ပေးရမည်ဟူသောပညတ်ကိုအမြဲ စောင့်ရှောက်လော့။ ဤကား၊ လူတို့ကငါထာဝရ ဘုရားအားဆက်သသောပူဇော်သကာဖြစ်၏။
ကျန်သောဘောဇဉ်သကာသည် ယဇ်ပုရောဟိတ် များသုံးဆောင်ရန်အတွက်ဖြစ်စေရမည်။ ထို ဘောဇဉ်သည်ထာဝရဘုရားအား ပူဇော်ပြီး သောဘောဇဉ်သကာဖြစ်သောကြောင့် ယဇ်ပုရော ဟိတ်များသာသုံးဆောင်ရမည်။ အလွန်သန့်ရှင်း သည်။
ဣသရေလအမျိုးသားတို့သည်အဆီ ကိုသော်လည်းကောင်း၊ သွေးကိုသော်လည်း ကောင်းမစားရ။ အရပ်ရပ်တွင်နေထိုင်သော ဣသရေလအမျိုးသားအပေါင်းတို့သည် ဤပညတ်ကိုထာဝစဉ်လိုက်နာရကြမည်။
ယဇ်ကောင်၏ရင်ပုံသားနှင့်လက်ယာပေါင်တို့ သည် ထာဝရဘုရားကဣသရေလအမျိုး သားတို့ထံမှ ယဇ်ပုရောဟိတ်များအား အထူးလှူဖွယ်အဖြစ်သတ်မှတ်ပေးသော ဝေစုဖြစ်သည်။ ဣသရေလအမျိုးသားတို့ သည် ထိုဝေစုကိုယဇ်ပုရောဟိတ်တို့အား ထာဝစဉ်လှူဒါန်းရမည်။-
ယဇ်ပုရောဟိတ်မှတစ်ဆင့်ဣသရေလအမျိုး သားတို့က ထာဝရဘုရားအားဆက်သသော အထူးအလှူဒါနရှိသမျှကိုယဇ်ပုရော ဟိတ်ပိုင်သည်။-