ကမ္ဘာဦး 17:17 - Common Language Bible17 အာဗြဟံသည်မျက်နှာကိုမြေကြီးနှင့်ထိ အောင်ပျပ်ဝပ်နေစဉ်``အသက်တစ်ရာရှိသူ၌ ကလေးရနိုင်ပါဦးမည်လော။ အသက်ကိုး ဆယ်ရှိသူစာရာ၌ကလေးမွေးနိုင်ပါဦး မည်လော'' ဟုတွေးတောမိသဖြင့်ရယ်လေ သည်။- အခန်းကိုကြည့်ပါ။Garrad Bible17 အာ ဗြ ဟံ သည် ပျပ် ဝပ် ပြီး လျှင် ရယ် လျက် အသက် တစ် ရာ ရှိ သူ ကား သား ရ မည် လော။ အ သက် ကိုး ဆယ် ရှိ သူ စာ ရာ လည်း သား ဖွား မည် လော ဟု စိတ် တွင် အောက် မေ့ ၍၊ အခန်းကိုကြည့်ပါ။Judson Bible17 ထိုအခါအာဗြဟံသည်ပျပ်ဝပ်လျက်၊ အသက်တစ်ရာရှိသောသူသည် သားကိုရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသော စာရာသည်သားကိုဖွားလိမ့်မည်လောဟု ရယ်လျက်၊ စိတ်နှလုံးထဲမှာအောက်မေ့ပြီးလျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ထိုအခါ အာဗြဟံသည် ပျပ်ဝပ်လျက် “အသက်တစ်ရာရှိသောသူသည် သားကိုရနိုင်ပါမည်လော။ အသက်ကိုးဆယ်ရှိသောစာရာသည်လည်း သားဖွားနိုင်ပါမည်လော”ဟု စိတ်ထဲ၌တွေးလျက် ရယ်လေ၏။ အခန်းကိုကြည့်ပါ။ |
ကောင်းကင်တမန်သည်ယေရုရှလင်မြို့ကို ဖျက်ဆီးပစ်ရန် ဋ္ဌားကိုကိုင်ကာလေထဲတွင် ရပ်နေသည်ကိုဒါဝိဒ်မြင်လေ၏။ ထိုအခါ သူသည်ဣသရေလပြည်သားခေါင်းဆောင် များနှင့်အတူ မြေသို့တိုင်အောင်ဦးညွှတ် ပျပ်ဝပ်လိုက်၏။ သူတို့အားလုံးပင်လျှင် လျှော်တေအဝတ်ကိုဝတ်ဆင်ထားသတည်း။-
ထိုသို့ယူလိုက်သောအခါသတ္တဝါလေးပါးနှင့် အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် အသီး သီးစောင်းများကိုလည်းကောင်း၊ ဘုရားသခင် လူစုတော်၏ဆုတောင်းပတ္ထနာတည်းဟူသော နံ့သာပေါင်းနှင့်ပြည့်လျက်ရှိသည့်ရွှေဖလား များကိုလည်းကောင်း ကိုင်ဆောင်ကာသိုးသူငယ် တော်၏ရှေ့တော်တွင်ပျပ်ဝပ်လျက်၊
ယဇ်ပလ္လင်မှမီးလျှံများအထက်သို့တက်လျက်နေ စဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည်မီး လျှံထဲမှနေ၍ ကောင်းကင်ဘုံသို့တက်သွားသည် ကိုမာနော်တို့ဇနီးမောင်နှံတွေ့မြင်ရကြလေ သည်။ ထိုအခါကျမှထိုသူသည်ကောင်းကင် တမန်ဖြစ်ကြောင်းကိုမာနော်သိရှိရသတည်း။ သို့ဖြစ်၍သူတို့ဇနီးမောင်နှံနှစ်ယောက်သည် မြေပေါ်သို့ပျပ်ဝပ်လိုက်ကြ၏။ ထိုကောင်းကင် တမန်ကိုမူကားနောက်တစ်ဖန်အဘယ်အခါ ၌မျှသူတို့မတွေ့မမြင်ရကြတော့ချေ။