အာဗေလသည်လည်းမိမိသိုးအုပ်မှ အဦး ဆုံးပေါက်သောသိုးကိုယူဆောင်ခဲ့၍သတ် ပြီးလျှင် အကောင်းဆုံးသောအပိုင်းများကို ထာဝရဘုရားအားပူဇော်၏။ ထာဝရဘုရား သည်အာဗေလနှင့်သူ၏ပူဇော်သကာကို နှစ်သက်တော်မူ၏။-
ဝတ်ပြု 1:10 - Common Language Bible ထိုသူသည်သိုးသို့မဟုတ်ဆိတ်ကိုယဇ်ပူ ဇော်လိုလျှင် ထိုယဇ်ကောင်သည်အပြစ်အနာ ကင်းသည့်သိုးထီးဆိတ်ထီးဖြစ်ရမည်။- Garrad Bible သိုး ဆိတ် အုပ် မှ မီး ရှို့ ရာ အ လှူ ကို လှူ ဒါန်း လျှင် ကြန် အင် စုံ သော အ ထီး ကို ဆက် ကပ် စေ။ Judson Bible သိုး၊ ဆိတ်ကို မီးရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးကိုဆောင်ခဲ့၍၊ မြန်မာ့စံမီသမ္မာကျမ်း သူသည် သိုးဆိတ်များထဲမှ သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ မီးရှို့ရာယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောအထီးကို ပူဇော်ရမည်။ |
အာဗေလသည်လည်းမိမိသိုးအုပ်မှ အဦး ဆုံးပေါက်သောသိုးကိုယူဆောင်ခဲ့၍သတ် ပြီးလျှင် အကောင်းဆုံးသောအပိုင်းများကို ထာဝရဘုရားအားပူဇော်၏။ ထာဝရဘုရား သည်အာဗေလနှင့်သူ၏ပူဇော်သကာကို နှစ်သက်တော်မူ၏။-
နောဧသည်ထာဝရဘုရားအားပူဇော်ရန်ယဇ် ပလ္လင်ကိုတည်၍ သန့်စင်သောတိရစ္ဆာန်နှင့်ငှက်အမျိုး မျိုးထဲမှတစ်ကောင်ကျစီယူလျက် ပလ္လင်ထက်တွင် အကောင်လိုက်မီးရှို့ပူဇော်လေ၏။-
သင်တို့သည်သိုးသို့မဟုတ်ဆိတ်ကိုရွေးယူ နိုင်သည်၊ သို့သော်ထိုတိရစ္ဆာန်သည်အပြစ်အနာ ကင်းသောတစ်နှစ်သားအထီးဖြစ်ရမည်။-
နောက်တစ်နေ့၌အပြစ်အနာအဆာကင်း သည့်ဆိတ်ထီးတစ်ကောင်ကိုယူ၍အပြစ် ဖြေရာယဇ်အဖြစ်ဖြင့်ပူဇော်ရမည်။-
အဋ္ဌမနေ့၌သူသည် အပြစ်အနာကင်း သောတစ်နှစ်သားအရွယ် သိုးထီးကလေး နှစ်ကောင်၊ သိုးမကလေးတစ်ကောင်၊ သံလွင် ဆီနှင့်ရောသောမုန့်ညက်ငါးပေါင်နှင့်သံလွင် ဆီအဝက်သားကိုယူဆောင်ခဲ့ရမည်။-
သူသည်အပြစ်ဖြေရာယဇ်အတွက် နွား ပျိုတစ်ကောင်နှင့် မီးရှို့ရာယဇ်အတွက်သိုး ထီးတစ်ကောင်ကိုယူဆောင်လာပြီးမှ အလွန် သန့်ရှင်းရာဌာနတော်ထဲသို့ဝင်ရမည်'' ဟု မိန့်တော်မူ၏။
ဣသရေလအမျိုးသားတို့သည် အပြစ် ဖြေရာယဇ်အတွက်ဆိတ်ထီးနှစ်ကောင်နှင့် မီးရှို့ရာယဇ်အတွက်သိုးထီးတစ်ကောင် ကိုအာရုန်ထံသို့ယူဆောင်ခဲ့ရမည်။-
ဘောဇဉ်ပူဇော်သကာကိုပူဇော်သောနေ့၌ အနာအဆာကင်းသောတစ်နှစ်သားသိုး ကလေးကိုလည်းမီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။-
တစ်စုံတစ်ယောက်သည် မိမိ၏နွားတစ်ကောင် ကိုမိတ်သဟာယယဇ်အဖြစ်ပူဇော်လိုလျှင် ထိုနွားသည်အပြစ်အနာကင်းသောနွားထီး သို့မဟုတ်နွားမဖြစ်ရမည်။-
မိမိ၏အပြစ်ကိုသိလျှင်အပြစ်အနာကင်း သောဆိတ်ထီးတစ်ကောင်ကိုယဇ်ပူဇော်ရန် ယူဆောင်ခဲ့ရမည်။-
အကယ်၍ယဇ်ပုရောဟိတ်မင်းသည်အပြစ် ပြုမိလျှင် လူတို့အားလည်းအပြစ်ရောက်စေ သည့်အတွက်ကြောင့်သူသည် အပြစ်အနာ ကင်းသောနွားပျိုကို မိမိအပြစ်ဖြေရန် ထာဝရဘုရားအားယဇ်ပူဇော်ရမည်။-
တစ်စုံတစ်ယောက်သည်ထာဝရဘုရား၏ သန့်ရှင်းမြင့်မြတ်မှုကို အမှတ်မထင်ထိခိုက် အပြစ်ကူးလွန်မိသော်အပြစ်အနာကင်း သောသိုးထီး၊ သို့မဟုတ်ဆိတ်ထီးကိုထာဝရ ဘုရားထံတော်သို့ယူဆောင်ခဲ့ရမည်။ ထိုသိုး သို့မဟုတ်ဆိတ်၏တန်ဖိုးကို ကျပ်ချိန်တော် အရအဖိုးဖြတ်သည့်ငွေကိုပါဆက်သ ရမည်။-
ထို့နောက်သူသည်အာရုန်အား``သင်သည်အပြစ် အနာကင်းသောနွားပျိုတစ်ကောင်နှင့်သိုးထီး တစ်ကောင်ကို ထာဝရဘုရားအားပူဇော်လော့။ နွားပျိုကိုအပြစ်ဖြေရာယဇ်အတွက်လည်း ကောင်း၊ သိုးထီးကိုမီးရှို့ရာယဇ်အဖြစ်လည်း ကောင်းပူဇော်လော့။-
``မိမိ၏သိုးအုပ်တွင်အပြစ်အနာကင်း သည့်သိုးများရှိပါလျက် ငါ့အားလိမ်လည် လှည့်စား၍အသုံးမကျသည့်ယဇ်ကောင် ကိုပူဇော်ဆက်သသူသည်ကျိန်စာသင့်ပါ စေသတည်း။ အဘယ်ကြောင့်ဆိုသော်ငါသည် ကြီးမြတ်သည့်ဘုရင်ဖြစ်တော်မူ၍ ငါ၏ နာမတော်ကိုလူမျိုးတကာတို့ကြောက်ရွံ့ ရိုသေရသောကြောင့်တည်း'' ဟုအနန္တတန် ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။
ဣသရေလအမျိုးသားတို့အား အောက်ဖော် ပြပါပညတ်များကိုပြဋ္ဌာန်းပေးတော်မူ၏။ ဣသရေလအမျိုးသားတို့သည် အပြစ် အနာကင်း၍ထမ်းပိုးမတင်ရသေးသော နွားနီမတစ်ကောင်ကို၊-
နောက်တစ်နေ့၌မိမိ၏ထံသို့သခင်ယေရှု ကြွလာသည်ကိုမြင်လျှင် ယောဟန်က ``လောက သားတို့၏အပြစ်ကိုယူဆောင်သွားတော်မူ သောဘုရားသခင်၏သိုးသူငယ်တော်ကို ကြည့်ကြလော့။-
အပြစ်အနာအဆာကင်းစင်သည့်သိုးသူငယ် နှင့်တူသောခရစ်တော်၏အသက်တော်ကို တင်လှူပူဇော်ခြင်းဖြစ်ပေသည်။-