ငါသည်လက်ရွေးစင်မျိုးစေ့မှစပျစ်နွယ်ကို ငါစိုက်ပျိုးခဲ့၏။ သို့ရာတွင်သင်အဘယ်သို့ဖြစ်လာကြ သည်ကိုကြည့်ရှုလော့။ သင်သည်ပုပ်၍အသုံးမဝင်သည့်စပျစ်ပင်နှင့် တူနေပါသည်တကား။
လုကာ 20:9 - Common Language Bible ထို့နောက်ကိုယ်တော်သည်လူတို့အားဤပုံ ဥပမာကိုမိန့်ကြားတော်မူ၏။ ကိုယ်တော် က ``လူတစ်ယောက်သည်စပျစ်ဥယျာဉ်တစ် ခုကိုစိုက်ပျိုး၍သီးစားချ၏။ ထိုနောက် နိုင်ငံရပ်ခြားသို့ကာလအတော်ကြာ သွား၍နေ၏။- Garrad Bible ထို နောက် လူ ပ ရိ သတ် အား ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ လူ တစ် ဦး သည် စ ပျစ် ဥ ယျာဉ် စိုက် ပျိုး လျက် ဥ ယျာဉ် သ မား တို့ အား အ ငှား ချ ထား ပြီး နောက် အ ခြား ပြည် သို့ ကာ လ ရှည် စွာ သွား နေ ၏။ Judson Bible ထိုအခါ ပရိသတ်တို့အား မိန့်တော်မူသော ဥပမာကား၊ လူတစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုးပြီးမှ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှား၍ အခြားသောပြည်သို့ ကြာမြင့်စွာ သွားနေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် လူတို့အား ဤပုံဥပမာကိုပေး၍မြွက်ဆိုတော်မူသည်မှာ“လူတစ်ဦးသည် စပျစ်ခြံကိုစိုက်ပျိုး၍ ခြံသမားတို့အားငှားရမ်းပြီးလျှင် ကာလအတန်ကြာခရီးထွက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုက လူတို့အား ပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “လူတစ်ဦးသည် စပျစ်ခြံကို စိုက်ပျိုးကာ စပျစ်ခြံလုပ်သားတို့အား ငှားရမ်းပြီးမှ အခြားတိုင်းပြည်သို့ အချိန်ကြာမြင့်စွာ သွားရောက်နေထိုင်လေ၏။ မြန်မာ ထိုအခါ ပရိသတ်တို့အား မိန့်တော်မူသော ဥပမာကား၊ လူတစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုးပြီးမှ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှား၍ အခြားသောပြည်သို့ ကြာမြင့်စွာ သွားနေ၏။- |
ငါသည်လက်ရွေးစင်မျိုးစေ့မှစပျစ်နွယ်ကို ငါစိုက်ပျိုးခဲ့၏။ သို့ရာတွင်သင်အဘယ်သို့ဖြစ်လာကြ သည်ကိုကြည့်ရှုလော့။ သင်သည်ပုပ်၍အသုံးမဝင်သည့်စပျစ်ပင်နှင့် တူနေပါသည်တကား။
``ကောင်းကင်နိုင်ငံတော်သည်ခရီးပြုရန် မိမိအိမ် မှထွက်မည့်ဆဲဆဲရှိသူ လူတစ်ယောက်ကြုံတွေ့ရ သည့်အဖြစ်အပျက်နှင့်တူလိမ့်မည်။ သူသည်မိမိ ၏ကျွန်များကိုခေါ်၍ဥစ္စာပစ္စည်းများကိုအပ်၏။-
အချိန်တန်သော်ကျွန်တစ်ယောက်ကိုခြံသမား များထံသို့စေလွှတ်၍သီးစားခကိုတောင်းခံ စေ၏။ သို့ရာတွင်ခြံသမားတို့သည်ထိုကျွန် ကိုရိုက်၍ လက်ချည်းသက်သက်ပြန်လွှတ်လိုက် ကြ၏။-
ထိုအခါသခင်ယေရှုက `ငါပြုသည့်အမှု အရာများကိုအဘယ်အခွင့်အာဏာအရ ပြုသည်ကိုလည်း သင်တို့အားငါမပြော' ဟု မိန့်တော်မူ၏။
``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသည့်မြို့တိုင်းတွင် တရား သူကြီးများနှင့်အခြားအရာရှိများကို ခန့်ထားရမည်။ ဤသူတို့သည်မျက်နှာ မလိုက်ဘဲတရားစီရင်ရမည်။-