Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 20:9 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 ထို့နောက် ယေရှု​က လူတို့​အား ပုံဥပမာ​တစ်ခု​ကို မိန့်တော်မူသည်​မှာ “လူ​တစ်ဦး​သည် စပျစ်ခြံ​ကို စိုက်ပျိုး​ကာ စပျစ်ခြံလုပ်သားတို့​အား ငှားရမ်းပြီး​မှ အခြား​တိုင်းပြည်​သို့ အချိန်​ကြာမြင့်​စွာ သွားရောက်​နေထိုင်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ထို့​နောက်​ကိုယ်​တော်​သည်​လူ​တို့​အား​ဤ​ပုံ ဥ​ပ​မာ​ကို​မိန့်​ကြား​တော်​မူ​၏။ ကိုယ်​တော် က ``လူ​တစ်​ယောက်​သည်​စ​ပျစ်​ဥ​ယျာဉ်​တစ် ခု​ကို​စိုက်​ပျိုး​၍​သီး​စား​ချ​၏။ ထို​နောက် နိုင်​ငံ​ရပ်​ခြား​သို့​ကာ​လ​အ​တော်​ကြာ သွား​၍​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ထို နောက် လူ ပ ရိ သတ် အား ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ လူ တစ် ဦး သည် စ ပျစ် ဥ ယျာဉ် စိုက် ပျိုး လျက် ဥ ယျာဉ် သ မား တို့ အား အ ငှား ချ ထား ပြီး နောက် အ ခြား ပြည် သို့ ကာ လ ရှည် စွာ သွား နေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ထို​အ​ခါ ပ​ရိ​သတ်​တို့​အား မိန့်​တော်​မူ​သော ဥ​ပ​မာ​ကား၊ လူ​တစ်​ဦး​သည် စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​ပျိုး​ပြီး​မှ လုပ်​ဆောင်​သော​သူ​တို့​အား ဥ​ယျာဉ်​ကို​ငှား၍ အ​ခြား​သော​ပြည်​သို့ ကြာ​မြင့်​စွာ သွား​နေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ထို့နောက် ကိုယ်တော်​သည် လူ​တို့​အား ဤ​ပုံ​ဥပမာ​ကို​ပေး​၍​မြွက်ဆို​တော်မူ​သည်​မှာ“လူ​တစ်​ဦး​သည် စပျစ်ခြံ​ကို​စိုက်ပျိုး​၍ ခြံသမား​တို့​အား​ငှားရမ်း​ပြီးလျှင် ကာလ​အတန်ကြာ​ခရီးထွက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

9 ထို​အ​ခါ ပ​ရိ​သတ်​တို့​အား မိန့်​တော်​မူ​သော ဥ​ပ​မာ​ကား၊ လူ​တစ်​ဦး​သည် စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​ပျိုး​ပြီး​မှ လုပ်​ဆောင်​သော​သူ​တို့​အား ဥ​ယျာဉ်​ကို​ငှား၍ အ​ခြား​သော​ပြည်​သို့ ကြာ​မြင့်​စွာ သွား​နေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 20:9
15 ပူးပေါင်းရင်းမြစ်များ  

တစ်ဖန် ကောင်းကင်​နိုင်ငံတော်​၏ သဘောသဘာဝ​သည် ဤ​အဖြစ်အပျက်​နှင့် တူ၏။ ခရီးထွက်​မည့် လူတစ်ဦး​သည် မိမိ​၏ အစေခံများ​ကို ခေါ်​၍ သူ​၏ ဥစ္စာပစ္စည်းများ​ကို အပ်လေ၏။


ယေရှု​က “မင်းသား​တစ်ပါး​သည် ရှင်ဘုရင်​အရာ​ကို ခံယူပြီး​ပြန်လာ​ရန် ဝေးသော​တိုင်းပြည်​သို့ သွားလေ၏။


စပျစ်သီး​ဆွတ်​ချိန် ရောက်​သောအခါ အစေခံ​တစ်ဦး​ကို စပျစ်ခြံလုပ်သားများ​ထံသို့ စေလွှတ်​၍ စပျစ်သီး​တချို့​ကို တောင်းစေ၏။ သို့သော် စပျစ်ခြံလုပ်သားများ​က ထို​အစေခံ​ကို ရိုက်နှက်​၍ လက်ချည်းဗလာ ပြန်​လွှတ်လိုက်ကြ၏။


ယေရှု​က “ငါ​သည်လည်း မည်သည့်​အခွင့်အာဏာ​ဖြင့် ဤ​အခြင်းအရာများ​ကို လုပ်ဆောင်နေကြောင်း သင်တို့​အား​မပြောနိုင်” ဟု မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ