ငါ့ကိုမဆီးတားနှင့်။ ငါသည်အမျက်ထွက်၍ သူတို့ကိုသုတ်သင်ပစ်မည်။ ထိုနောက်သင်နှင့် သင်၏အဆက်အနွယ်တို့ကိုလူမျိုးကြီး ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
လုကာ 13:7 - Common Language Bible ဥယျာဉ်ရှင်က `ငါသည်ဤသဖန်းပင်ကိုလာ၍ သဖန်းသီးရှာသည်မှာသုံးနှစ်ရှိချေပြီ။ သို့ရာ တွင်တစ်လုံးမျှမတွေ့ရ။ ဤသဖန်းပင်ကိုခုတ် ပစ်လော့။ အဘယ်ကြောင့်မြေကိုအကျိုးမဲ့ ဖြစ်စေမည်နည်း' ဟုဥယျာဉ်မှူးအားဆို၏။- Garrad Bible ကြည့် လော့၊ ဤ သ ဖန်း ပင် တွင် ယ ခု သုံး နှစ် တိုင် တိုင် အ သီး ရှာ ငါ လာ သော် မ တွေ့။ ခုတ် လှဲ လော့။ အ ဘယ် ကြောင့် မြေ ကို အ သုံး မဲ့ ဖြစ် စေ သ နည်း ဟု ဆို သော အ ခါ၊ Judson Bible ထိုအခါ ဥယျာဉ်စောင့်အားလည်း၊ သုံးနှစ်ပတ်လုံး ဤသင်္ဘောသဖန်းပင်သို့ ငါလာ၍ အသီးကို ရှာသော်လည်း မတွေ့မရ။ ခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကို နှောင့်ယှက်ရသနည်းဟု အမိန့်ရှိသော်၊ ဥယျာဉ်စောင့်က၊ သခင်၊ ယခုနှစ်ရှိပါစေဦး။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူသည် ဥယျာဉ်မှူးအား ‘ကြည့်လော့။ ငါသည် သုံးနှစ်တိုင်တိုင် ဤသဖန်းပင်မှအသီးကိုလာရှာသော်လည်းမတွေ့ရ။ ဤသဖန်းပင်ကိုခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကို အကျိုးမဲ့ဖြစ်စေမည်နည်း’ဟု ဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ခြံစောင့်လုပ်သားအား ‘ကြည့်လော့။ ငါသည် သုံးနှစ်တိုင်တိုင် ဤသဖန်းပင်မှ အသီးကို လာ၍ ရှာသော်လည်း အသီးတစ်လုံးမျှမသီး။ ခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကို အကျိုးမဲ့ဖြစ်စေမည်နည်း’ ဟု ဆို၏။ မြန်မာ ထိုအခါ ဥယျာဉ်စောင့်အားလည်း၊ သုံးနှစ်ပတ်လုံး ဤသင်္ဘောသဖန်းပင်သို့ ငါလာ၍ အသီးကို ရှာသော်လည်း မတွေ့မရ။ ခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကို နှောင့်ယှက်ရသနည်းဟု အမိန့်ရှိသော်၊ ဥယျာဉ်စောင့်က၊ သခင်၊ ယခုနှစ်ရှိပါစေဦး။- |
ငါ့ကိုမဆီးတားနှင့်။ ငါသည်အမျက်ထွက်၍ သူတို့ကိုသုတ်သင်ပစ်မည်။ ထိုနောက်သင်နှင့် သင်၏အဆက်အနွယ်တို့ကိုလူမျိုးကြီး ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
ကောင်းကင်တမန်က`ဤသစ်ပင်ကိုခုတ်ချ ၍အကိုင်းတို့ကိုဖြတ်တောက်ပစ်လော့။ အရွက် တို့ကိုချွေ၍အသီးတို့ကိုကြဲဖြန့်ပစ်လော့။ တိရစ္ဆာန်တို့ကိုထိုသစ်ပင်ရိပ်မှလည်းကောင်း၊ ငှက်တို့ကိုအကိုင်းအခက်များမှလည်း ကောင်းမောင်းထုတ်လော့။-
``သင်တို့သည်ခါနာန်ပြည်သို့ရောက်ရှိသော အခါ သစ်သီးပင်ကိုစိုက်ပျိုး၍အပင်မှ ပထမသုံးနှစ်အတွင်း သီးသောအသီးများ သည်ဘာသာရေးထုံးနည်းအရမသန့်စင် သဖြင့် ထိုအသီးများကိုမစားသုံးရ။-
ထာဝရဘုရားသည်ဆဋ္ဌမနှစ်တွင် မြေ ကိုကောင်းချီးပေးသဖြင့်နှစ်နှစ်စာ အတွက်အသီးအနှံထွက်လိမ့်မည်။-
လူတို့သည်အသီးကောင်းကိုမသီးသည့်အပင် ရှိသမျှကိုခုတ်လှဲ၍ မီးထဲသို့ပစ်ချတတ်ကြ၏။-
ဥယျာဉ်မှူးက `ထိုအပင်ကိုဤနှစ်တစ်နှစ် ထားပါဦး။ အပင်ရင်းပတ်လည်ကိုအကျွန်ုပ် တူးဆွ၍မြေသြဇာထည့်ပါဦးမည်။-
သစ်ပင်ရင်းတွင်ပုဆိန်ကိုချထားလျက်ရှိသဖြင့် အသီးကောင်းကိုမသီးသောအပင်ဟူသမျှသည် ခုတ်လှဲ၍ မီးထဲသို့ပစ်ချခြင်းခံရလတ္တံ့'' ဟုလူ အပေါင်းတို့အားဆို၏။
ကိုယ်တော်ရှင်သည်ငါ၌အသီးမသီးသော အကိုင်းအခက်ရှိသမျှကိုခုတ်ပစ်တော်မူ ၏။ အသီးသီးသည့်အကိုင်းအခက်ရှိသမျှ ကိုလည်းပို၍သီးစေရန်သုတ်သင်ရှင်းလင်း တော်မူ၏။-
ငါ၌မတည်နေသောသူသည်အပြင်သို့ပစ် ထုတ်ခြင်းကိုခံရ၍ ခြောက်သွေ့သွားသည့် အကိုင်းအခက်ကဲ့သို့ဖြစ်လိမ့်မည်။ လူတို့ သည်ထိုသို့သောအကိုင်းအခက်များကို စုသိမ်း၍မီးရှို့တတ်ကြ၏။-