Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 19:23 - Common Language Bible

23 ``သင်​တို့​သည်​ခါ​နာန်​ပြည်​သို့​ရောက်​ရှိ​သော အ​ခါ သစ်​သီး​ပင်​ကို​စိုက်​ပျိုး​၍​အ​ပင်​မှ ပ​ထ​မ​သုံး​နှစ်​အ​တွင်း သီး​သော​အ​သီး​များ သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင် သ​ဖြင့် ထို​အ​သီး​များ​ကို​မ​စား​သုံး​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 သင် တို့ နေ ပြည် သို့ ရောက်၍ သီး စား ပင် အ မျိုး မျိုး ကို စိုက် ပြီး နောက် သုံး နှစ် ပတ် လုံး လှီး ဖြတ် ခြင်း မင်္ဂ လာ မ ခံ သေး သ ဖွယ် မှတ် လျက် အ သီး ကို မ စား ကြ ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 သင်​တို့​သည် ငါ​ပေး​သော​ပြည်​သို့​ရောက်၍၊ စား​အပ်​သော​အ​ပင်​အ​မျိုး​မျိုး​ကို စိုက်​ပြီး​မှ၊ သုံး​နှစ်​ပတ်​လုံး​သီး​သော​အ​သီး​ကို၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​အ​သီး​ဟူ၍ မှတ်​ရ​မည်။ ထို​အ​သီး​ကို မ​စား​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 သင်​တို့​သည် ငါ​ပေး​သော​ပြည်​သို့​ရောက်​သောအခါ မည်သည့်​သီးစားပင်​ကို​မဆို သင်​တို့​စိုက်ပျိုး​၍ အသီးသီး​လျှင် ထို​အသီး​ကို အရေဖျားလှီး​ခြင်း​မ​ခံ​ထား​သော​အသီး​အဖြစ် သတ်မှတ်​ရ​မည်​။ သုံး​နှစ်​အတွင်း သင်​တို့​အတွက် အရေဖျားလှီး​ခြင်း​မ​ခံ​ထား​သော​အသီး​ဖြစ်​၏​။ ထို​အသီး​ကို မ​စား​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 19:23
12 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​မော​ရှေ​က``ဣသ​ရေ​လ​အ​မျိုး​သား တို့​က​ပင်​လျှင် အ​ကျွန်ုပ်​၏​စ​ကား​ကို​နား​မ ထောင်​ဘဲ စ​ကား​ထစ်​သူ​အ​ကျွန်ုပ်​၏​စ​ကား ကို​ဘု​ရင်​က​မည်​သို့​နား​ထောင်​ပါ​မည်​နည်း'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​လေ​၏။


မော​ရှေ​က``အ​ကျွန်ုပ်​သည် နှုတ်​သတ္တိ​မ​ရှိ​သူ ဖြစ်​ကြောင်း​ကိုယ်​တော်​သိ​တော်​မူ​ပါ​၏။ ဖာ​ရော ဘု​ရင်​သည် အ​ကျွန်ုပ်​ပြော​သော​စ​ကား​ကို​နား ထောင်​မည်​မ​ဟုတ်​ပါ'' ဟု ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​ထား​လေ​၏။


ငါ​က​လည်း``အ​ကယ်​၍​ကျွန်​တော်​မျိုး​ပြော ဆို​သ​တိ​ပေး​သော် အ​ဘယ်​သူ​သည်​ကျွန်​တော် မျိုး​၏​စ​ကား​ကို​နား​ထောင်​ပါ​မည်​နည်း။ သူ တို့​သည်​နား​များ​ကို​ပိတ်​၍​ကိုယ်​တော်​ရှင်​၏ ဗျာ​ဒိတ်​တော်​ကို​နာ​ခံ​ရန်​ငြင်း​ဆို​လျက် ကိုယ် တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​ကို​ပြက်​ရယ်​ပြု ကြ​ပါ​၏။-


အ​ဋ္ဌ​မ​နေ့​၌​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို သား​အား​ပေး​ရ​မည်။-


ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သိုး​ကို​ယဇ်​ပူ​ဇော်​၍ သူ့​အ​ပြစ်​ပြေ​စေ​ရန်​သန့်​စင်​ခြင်း​ဝတ်​ကို ပြု​ရ​မည်။ ထို​အ​ခါ​ဘု​ရား​သ​ခင်​သည်​သူ ၏​အ​ပြစ်​ကို​လွှတ်​တော်​မူ​၏။


စ​တုတ္ထ​နှစ်​တွင်​သီး​သော​အ​သီး​ရှိ​သ​မျှ​ကို ငါ​ထာ​ဝ​ရ​ဘု​ရား​အား​ကျေး​ဇူး​တင်​သည့် အ​နေ​ဖြင့်​ဆက်​ကပ်​ရ​မည်။-


ဘု​ရား​သ​ခင်​အား​ဦး​စွာ​မ​ဆက်​သ​ဘဲ ကောက်​သစ်​ကို​အ​စိမ်း​ဖြစ်​စေ၊ ကျော်​၍​ဖြစ်​စေ၊ မုန့်​လုပ်​၍​ဖြစ်​စေ​မ​စား​ရ။ သင်​တို့​၏​အ​မျိုး အ​စဉ်​အ​ဆက်​သည်​ပ​ညတ်​ကို​ထာ​ဝ​စဉ် စောင့်​ထိန်း​ရ​မည်။


``သင်​တို့​သည်​လွန်​စွာ​ခေါင်း​မာ​ကြ​သည် တ​ကား။ သင်​တို့​စိတ်​နှ​လုံး​သည်​ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​စ​ကား​ကို​ကြား​နာ​ရန်​နား​ပင်း ကြ​သည်​တ​ကား။ သင်​တို့​သည်​မိ​မိ​တို့​ဘိုး ဘေး​များ​ကဲ့​သို့​ပင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ကို​အ​စဉ်​အ​မြဲ​ဆန့်​ကျင်​ဘက်​ပြု​ကြ​သည် တ​ကား။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ