ရှောလမုန်သီချင်း။ 1:2 - Common Language Bible ကိုယ်တော်၌ မွှေးကြိုင်းသော နံ့သာဆီကဲ့သို့၊ နာမတော်သည် သွန်းလောင်းသောနံ့သာဆီဖြစ်ပါ၏။ ထိုကြောင့်သတို့သမီးကညာတို့သည် ကိုယ်တော်ကိုချစ်ကြ ပါ၏။ Judson Bible သခင်နှုတ်ဆက်သော နမ်းခြင်းဖြင့် ကျွန်မကိုနမ်းပါစေ။ ကိုယ်တော်၏မေတ္တာသည် စပျစ်ရည်ထက် သာ၍ကောင်းပါ၏။ မြန်မာ့စံမီသမ္မာကျမ်း “အရှင်သည် အကျွန်ုပ်ကို နှုတ်ခမ်းအနမ်းဖြင့် နမ်းပါစေသော။ အရှင့်မေတ္တာသည် စပျစ်ဝိုင်ထက် ချိုမြိန်ပါ၏။ |
ထိုနောက်အစ်ကိုတစ်ယောက်စီကိုလည်းဖက်နမ်း၍ ငိုလေသည်။ ထိုနောက်ညီအစ်ကိုတို့သည်ယောသပ် နှင့်ရင်းနှီးစွာစကားပြောဆိုကြ၏။
တုန်လှုပ်လျက်ရှေ့တော်တွင်ဦးညွှတ်ပျပ်ဝပ်ကြလော့။ ယင်းသို့မပြုပါမူကိုယ်တော်သည် အမျက်တော်ထွက်တော်မူသဖြင့် သင်တို့သည်မုချသေကြေပျက်စီးကြလိမ့်မည်။ ကိုယ်တော်ထံတော်သို့ချဉ်းကပ်ခိုလှုံသူ အပေါင်းတို့သည်မင်္ဂလာရှိကြ၏။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် လွန်စွာမြတ်နိုးဖွယ်ဖြစ်ပါ၏။ ကျွန်တော်မျိုးတို့သည်ကိုယ်တော်၏အတောင် တော်ရိပ် အောက်တွင်ဘေးမဲ့လုံခြုံခွင့်ရရှိကြပါ၏။
အိုယေရုရှလင်မြို့သမီးတို့၊ ငါသည်ကေဒတဲ ကဲ့သို့ မည်သေအဆင်းရှိသော်လည်း၊ ရှောလမုန်မင်း၏ ကုလားကာကဲ့သို့ တင့်တယ်သေး၏။
ငါသည်ချစ်ခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍၊ ငါ့ကိုစပျစ်သီးပျဉ်နှင့် အားဖြင့်ကြပါ။ ရှောက်ချိုသီးကို ကျွေး၍သက်သာ စေကြပါ။
ငါ့ခင်ပွန်း၊ သင်၏နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ ယိုတတ်၏။ လျှာအောက်မှာ နို့နှင့်ပျားရည်ရှိ၏။ အဝတ် တန်ဆာသည်လည်း လေဗနုန်အမွှေးအကြိုင်းကဲ့သို့ မွှေးကြိုင်လျက်ရှိ၏။
အနုဆေးပင်တို့သည် မွှေးကြိုင်ကြပါ၏။ ငါတို့ တံခါးနားမှာ ချိုသော အသီးမျိုး အသစ်အဟောင်းတို့ကို ကိုယ်တော်ဘို့ ကျွန်မသိုထားပါပြီ၊ ငါချစ်ရာသခင်။ ထိုစပျစ်ရည်သည် ငါချစ်ရာသခင်အဘို့ ဖြောင့် စွာ စီးတတ်ပါ၏။ အိပ်ပျော်သောသူတို့၏ နှုတ်ခမ်းသို့ အမှတ်တမဲ့ ရောက်တတ်ပါ၏။
သင်၏အရပ်သည် စွန်ပလွံပင်ကဲ့သို့ဖြစ်၍၊ သင်၏ရင်သားတို့လည်း စွန်ပလွံသီးပြွတ်နှင့်တူကြ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဇိအုန် တောင်တော်ပေါ်တွင်ကမ္ဘာပေါ်ရှိလူမျိုးတကာ တို့အတွက် အမွန်မြတ်ဆုံးစားဖွယ်ခဲဖွယ်များ နှင့်အကောင်းဆုံးစပျစ်ရည်များဖြင့် ညစာ စားပွဲကြီးကိုပြင်ဆင်တော်မူလိမ့်မည်။-
ကိုယ်တော်သည်တပည့်တော်တို့နှင့်အတူညစာ စားလျက်နေတော်မူစဉ်မုန့်ကိုယူ၍ကျေးဇူးတော် ကိုချီးမွမ်းတော်မူ၏။ ထိုနောက်မုန့်ကိုဖဲ့၍ ``ဤမုန့် ကားငါ၏ကိုယ်ခန္ဓာဖြစ်၏။ ယူ၍စားကြလော့'' ဟု မိန့်တော်မူပြီးလျှင်တပည့်တော်တို့အားဝေပေး တော်မူ၏။
ထိုနောက်သူသည်ထ၍ဖခင်ထံသို့ပြန်သွားလေ၏။ ``အဝေး၌ပင်ရှိနေစဉ်ဖခင်သည်သူ့ကိုမြင် သော်သနားသဖြင့် ပြေး၍ဖက်ပြီးလျှင်နမ်းရှုပ် လေ၏။-
တုရုမြို့မှဆက်၍ခရီးပြုကြရာ ကျွန်ုပ်တို့ သည်ပတောလင်မြို့သို့ရောက်ကြ၏။ ထိုမြို့ တွင်ညီအစ်ကိုများကိုနှုတ်ဆက်ပြီးနောက် သူတို့ထံတွင်တစ်ရက်မျှတည်းခိုကြ၏။-
သင်တို့အချင်းချင်းတစ်ယောက်ကိုတစ်ယောက် မေတ္တာဖြင့်နမ်းရှုတ်လျက်နှုတ်ဆက်ကြလော့။ ခရစ်တော်၏တပည့်တော်များဖြစ်ကြသူ သင်တို့အပေါင်းသည် ငြိမ်သက်ခြင်းကိုခံစား ရကြပါစေသော။ ရှင်ပေတရုသြဝါဒစာပထမစောင်ပြီး၏။