သူ့အားထောင်သွင်းအကျဉ်းချကာကောင်း မွန်ချောမောစွာ ငါပြန်လည်ရောက်ရှိလာချိန် တိုင်အောင်မုန့်နှင့်ရေကိုသာကျွေးမွေးထား ရန်သူတို့အားမှာကြားလော့'' ဟုအမိန့် ပေးတော်မူ၏။
ရှင်ယောဟန် 9:29 - Common Language Bible ဘုရားသခင်သည်မောရှေအားဗျာဒိတ်ပေး တော်မူခဲ့ကြောင်းကိုငါတို့သိကြ၏။ ဤသူ သည်အဘယ်ကလာသည်ကိုပင်ငါတို့မသိ ကြ'' ဟုဆိုကြ၏။ Garrad Bible ဘုရားသခင်သည် မောရှေအားဗျာဒိတ်ပေးတော်မူကြောင်းငါတို့သိ၏။ ဤသူကား မည်သည့်ဇာတိဒေသကဖြစ်သည်ကိုမသိဟု ဆိုကြ၏။ Judson Bible ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့သိကြ၏။ ထိုသူသည် အဘယ်က ဖြစ်သည်ကို မသိဟုကဲ့ရဲ့၍ ပြောဆိုကြလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် မောရှေအား အမိန့်ရှိတော်မူကြောင်းကို ငါတို့သိကြ၏။ ထိုသူကား မည်သည့်အရပ်မှလာသည်ကို ငါတို့မသိ”ဟု သူ့ကိုပုတ်ခတ်ပြောဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် မောရှေကို မိန့်မြွက်ပြောဆိုသည်ကို ငါတို့သိကြ၏။ ဤသူသည် အဘယ်ကလာသည်ကိုပင် ငါတို့မသိပါ” ဟု ကဲ့ရဲ့ရှုတ်ချလျက် ဆိုကြ၏။ မြန်မာ ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့သိကြ၏။ ထိုသူသည် အဘယ်က ဖြစ်သည်ကို မသိဟုကဲ့ရဲ့၍ ပြောဆိုကြလျှင်၊- |
သူ့အားထောင်သွင်းအကျဉ်းချကာကောင်း မွန်ချောမောစွာ ငါပြန်လည်ရောက်ရှိလာချိန် တိုင်အောင်မုန့်နှင့်ရေကိုသာကျွေးမွေးထား ရန်သူတို့အားမှာကြားလော့'' ဟုအမိန့် ပေးတော်မူ၏။
ယေဟုသည်မိမိ၏အဖော်တပ်မှူးများထံ သို့ပြန်လာသောအခါ ထိုသူတို့က``အစစ အရာရာအဆင်ပြေပါ၏လော။ ထိုသူရူး သည်အဘယ်ကိစ္စနှင့်သင့်ထံသို့လာပါ သနည်း'' ဟုမေးကြ၏။ ယေဟုက``သူ၏ကိစ္စကိုသင်တို့သိပါ၏'' ဟု ဖြေ၏။
ကိုယ်တော်သည်မိမိ၏အကြံအစည်တော် များကို မောရှေအားဖော်ပြတော်မူ၍ အံ့သြဖွယ်သောအမှုတော်တို့ကိုဣသရေလ အမျိုးသားတို့အားမြင်စေတော်မူ၏။
ထိုနောက်ကိုယ်တော်သည်မိမိ၏အစေခံမောရှေနှင့် ကိုယ်တော်ရွေးချယ်တော်မူသူအာရုန်ကို စေလွှတ်တော်မူ၏။
သဲကန္တာရတွင်သူတို့သည်မောရှေအားလည်းကောင်း၊ ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့်အစေခံ အာရုန်အားလည်းကောင်းငြူစူကြ၏။
သို့ရာတွင်ကျွန်တော်မျိုးသည်လူမဟုတ်၊ ပိုးကောင်မျှသာဖြစ်၍လူတကာတို့ကဲ့ရဲ့ စရာ၊ မထီလေးစားပြုစရာဖြစ်ပါ၏။
``ငါ၏အစေခံမောရှေ၏ပညတ်တရား များကိုလည်းကောင်း၊ ဣသရေလအမျိုး သားတို့လိုက်နာကြရန်သိနာတောင်ပေါ် တွင်သူ့အားငါပေးအပ်ခဲ့သည့်နည်းဥပဒေ များနှင့်ကျင့်ထုံးကျင့်နည်းများကိုလည်း ကောင်းအောက်မေ့သတိရကြလော့။
မောရှေက``ထာဝရဘုရားစေခိုင်း၍ဤ အမှုအလုံးစုံတို့ကိုငါပြုလုပ်ကြောင်း၊ ငါ့အလိုအတိုင်းပြုလုပ်ခြင်းမဟုတ် ကြောင်းကိုသင်တို့သိနိုင်မည့်နည်းမှာဤ သို့တည်း။-
ဤသို့ပြောဆိုသည်ကိုဖာရိရှဲတို့ကြားသိကြ သောအခါ ``ဤသူသည်နတ်မိစ္ဆာဘုရင်ဗေလ ဇေဗုလကိုအမှီပြု၍နတ်မိစ္ဆာများကိုနှင်ထုတ် သူဖြစ်၏'' ဟုဆိုကြ၏။
``ဤသူက `ငါသည်ဘုရားသခင်၏ဗိမာန်တော်ကို ဖြိုဖျက်၍သုံးရက်အတွင်းပြန်လည်ဆောက်နိုင်သည်' ဟုပြောဆိုပါသည်'' ဟူ၍သက်သေခံကြ၏။
ထိုနောက်သူတို့က ``ဤသူသည်ပြည်သူတို့အား လမ်းလွဲစေရန် ကဲသာဘုရင်အားအခွန်တော် မပေးမဆက်နှင့်ဟုတားမြစ်သည်ကိုလည်း ကောင်း၊ မိမိကိုယ်ကိုမေရှိယတည်းဟူသော ဘုရင်တစ်ပါးဖြစ်ကြောင်းပြောဆိုသည်ကို လည်းကောင်း အကျွန်ုပ်တို့တွေ့ရှိရပါ၏'' ဟု ဆို၍ကိုယ်တော်ကိုစွပ်စွဲကြ၏။
ဘုရားသခင်သည်ပညတ်တရားကိုမောရှေ အားဖြင့်ပေးအပ်တော်မူ၏။ သို့ရာတွင်ကျေးဇူး တရားနှင့် သစ္စာတရားတို့ကိုမူကားယေရှုခရစ် အားဖြင့်ပေးအပ်တော်မူ၏။-
မေရှိယအရှင်ကြွလာတော်မူချိန်၌မူကား ထိုအရှင်၏ဇာတိကိုမည်သူမျှမသိနိုင်ရာ'' ဟုဆိုကြ၏။
ကိုယ်တော်သည်ဗိမာန်တော်ထဲတွင်ဟောပြော သွန်သင်လျက်နေတော်မူစဉ် ``သင်တို့ငါ့ကို သိကြ၏။ ငါအဘယ်ကလာသည်ကိုလည်း သိကြ၏။ သို့ရာတွင်ငါသည်ကိုယ့်အခွင့် အာဏာအရလာသည်မဟုတ်။ ငါ့ကိုစေ လွှတ်တော်မူသောအရှင်သည်သစ္စာနှင့်ပြည့်စုံ တော်မူ၏။ ထိုအရှင်ကိုသင်တို့မသိကြ။-
သခင်ယေရှုက ``ငါသည်ကိုယ့်အကြောင်းကို သက်သေခံသော်လည်းငါ၏သက်သေခံချက် သည်ခိုင်လုံ၏။ အဘယ်ကြောင့်ဆိုသော်ငါသည် အဘယ်အရပ်မှလာ၍အဘယ်အရပ်သို့ သွားမည်ကိုငါသိသောကြောင့်တည်း။ သင်တို့ မူကားငါအဘယ်အရပ်မှလာသည်ကို လည်းကောင်း၊ အဘယ်အရပ်သို့သွားမည်ကို လည်းကောင်းမသိကြ။-
အချို့သောဖာရိရှဲတို့က ``ထိုသူသည်ဥပုသ် မစောင့်သဖြင့်ဘုရားသခင်ထံမှကြွလာ သူမဟုတ်'' ဟုဆိုကြ၏။ အချို့ကမူ ``အပြစ်ကူးသူတစ်စုံတစ်ယောက် သည်အဘယ်သို့လျှင် ဤသို့သောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြနိုင်ပါမည်နည်း'' ဟုဆိုကြ၏။ ဤသို့လျှင်ထိုသူတို့သည် အချင်းချင်းစိတ်သဘောကွဲလွဲလျက်နေ ကြ၏။
ဖာရိရှဲတို့သည်မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဒုတိယအကြိမ်ခေါ်ပြီး ``ဘုရားသခင်ရှေ့ တွင်ဟုတ်မှန်ရာကိုပြောပါလော့။ သင့်အား မျက်စိမြင်စေသောသူသည်အပြစ်ကူးသူ ဖြစ်ကြောင်းငါတို့သိကြ၏'' ဟုဆို၏။
မျက်မမြင်ဖြစ်ခဲ့ဖူးသူက ``သူသည်အကျွန်ုပ် အားမျက်စိမြင်စေသူဖြစ်ပါ၏။ သို့ပါလျက် သင်တို့သည် ထိုသူအဘယ်ကလာသည်ကို မသိကြသည်မှာအံ့သြဖွယ်ကောင်းလေစွ။-
လူတို့သည်ဤမျှကြာအောင်နားထောင်နေ ကြပြီးနောက် ဤသို့ပေါလုပြောဆိုသည်ကို ကြားသောအခါ ``ဤသူအားကမ္ဘာမြေကြီး ပေါ်မှသုတ်သင်ပယ်ရှင်းလော့။ သူ့အားသတ် လော့။ သူသည်အသက်ရှင်ရန်မသင့်'' ဟု အသံကုန်ဟစ်အော်ကြ၏။-
သို့သော်ဘုရားသခင်သည်အကျွန်ုပ်ကိုမစ တော်မူသဖြင့် ယနေ့တိုင်အောင်အကျွန်ုပ်သည် အသက်ရှင်၍ယုတ်မြတ်မဟူလူအပေါင်းတို့ အားသက်သေခံလျက်ရှိပါ၏။ မေရှိယသည် အသေခံတော်မူရမည်ဟူ၍လည်းကောင်း၊ ကိုယ်တော်သည်သေခြင်းမှအဦးထမြောက် တော်မူပြီးလျှင် ဣသရေလအမျိုးသားတို့ နှင့်လူမျိုးခြားတို့အား ကယ်တင်ခြင်း အလင်းတရားတော်ကိုကြေညာတော်မူ လိမ့်မည်ဟူ၍လည်းကောင်း မောရှေနှင့်ပရော ဖက်များဟောကြားခဲ့သည့်အတိုင်းအကျွန်ုပ် သည်ဟောပြောပါ၏'' ဟုချေပလျှောက် ထား၏။
``မောရှေကားဣသရေလအမျိုးသားတို့၏ ပစ်ပယ်ခြင်းကိုခံရသူတည်း။ သူတို့က`ငါတို့ ကိုတရားစီရင်အုပ်ချုပ်သူအဖြစ်ဖြင့် သင့် အားမည်သူခန့်ထားသနည်း' ဟုသူ့အားမေး ကြ၏။ သူသည်ဣသရေလအမျိုးသားတို့ ကိုအုပ်ချုပ်ရန်နှင့် မီးလျှံတောက်သောချုံတွင် ထင်ရှားသောကောင်းကင်တမန်၏အကူအညီ ဖြင့် ဣသရေလအမျိုးသားတို့လွတ်မြောက် ရေးဆောင်ရွက်ရန်ဘုရားသခင်စေလွှတ်သော သူဖြစ်သည်။-
ဣသရေလအမျိုးသားတို့တွင် မောရှေကဲ့ သို့သောပရောဖက်မပေါ်ထွန်းတော့ချေ။ သူ သည်ထာဝရဘုရားအား ကိုယ်တိုင်ကိုယ် ကြပ်သိကျွမ်းသူဖြစ်သည်။-
အတိတ်ကာလ၌ဘုရားသခင်သည်ငါတို့ ဘိုးဘေးတို့အားအကြိမ်ပေါင်းများစွာ နည်း အမျိုးမျိုးဖြင့်ပရောဖက်များမှတစ်ဆင့် ဗျာဒိတ်ပေးတော်မူ၏။-
သို့ရာတွင်ဤနောက်ဆုံးသောကာလ၌ သားတော်အားဖြင့်ငါတို့အားဗျာဒိတ် ပေးတော်မူသည်။ သားတော်အားဖြင့်စကြ ဝဠာကိုဖန်ဆင်းတော်မူ၍ နောက်ဆုံး၌ အလုံးစုံကိုပိုင်သစေရန်သားတော်ကို ခန့်ထားတော်မူသည်။-