သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ရှင်ယောဟန် 8:44 - Common Language Bible သင်တို့၏အဖသည်မာရ်နတ်ဖြစ်၏။ သို့ဖြစ်၍ သင်တို့အဖ၏အလိုသို့လိုက်၍သင်တို့ပြု ကြ၏။ မာရ်နတ်သည်အစကပင်လျှင်လူ သတ်သမားဖြစ်၏။ သူသည်သမ္မာတရား ကင်းမဲ့သူဖြစ်၍သမ္မာတရားတွင်မကျင် လည်၊ လိမ်လည်ပြောဆိုတတ်သူဖြစ်၏။ သူ သည်ကားမုသား၏အဖဖြစ်၍ မိမိပင်ကို ဇာတိသဘောအရမုသားကိုပြောတတ်၏။- Garrad Bible သင်တို့သည် ကိုယ့်အဘမာရ်နတ်မှဖြစ်ပွားကြသဖြင့် အဘ၏တတ်မက်ခြင်းအတိုင်း ပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင်သူသတ်ဖြစ်သည့်ပြင် ဟုတ်မှန်ခြင်းကင်းသောကြောင့် သမ္မာတရား၌မတည်။ မုသာသုံးလျက် မုသာအဘရင်းဖြစ်သည့်အလျောက်၊ မုသာပြောဆိုသောအခါ ကိုယ့်ဆိုင်ရာကိုသာပြောဆို၏။ Judson Bible သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူအသက်ကိုသတ်သောသူ ဖြစ်၏။ သူ၌သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌ မတည်မနေ။ သူသည် မုသားစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏အဘလည်း ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့၏ဖခင်သည် မာရ်နတ်ဖြစ်၏။ ထို့ကြောင့် သင်တို့သည် သင်တို့ဖခင်၏အလိုသို့ လိုက်တတ်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမားဖြစ်၏။ သူ့အထဲတွင် သမ္မာတရားမရှိသောကြောင့် သမ္မာတရားကိုလည်း သူမုန်း၏။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏ဖခင်လည်း ဖြစ်၏။ ထို့ကြောင့် သူလိမ်လည်ပြောဆိုခြင်းမှာ မိမိပင်ကိုစရိုက်အတိုင်း ပြောဆိုခြင်းဖြစ်၏။ မြန်မာ သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူအသက်ကိုသတ်သောသူ ဖြစ်၏။ သူ၌သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌ မတည်မနေ။ သူသည် မုသားစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏အဘလည်း ဖြစ်၏။- |
သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ထိုဝိညာဉ်က`အကျွန်ုပ်သည်အာဟပ်၏ပရော ဖက်များထံသို့သွား၍သူတို့အားလိမ်လည် ဟောပြောစေပါမည်' ဟုလျှောက်၏။ ထာဝရ ဘုရားကလည်း`သင်သွား၍အာဟပ်အားလိမ် လည်လှည့်စားလော့။ အောင်မြင်လိမ့်မည်' ဟုမိန့် တော်မူ၏'' ဟုလျှောက်ထား၏။
စာတန်သည်ဣသရေလပြည်သားတို့ကို ဒုက္ခပေးလိုသဖြင့် ဒါဝိဒ်အားသန်းခေါင် စာရင်းကောက်ယူရန်ဆုံးဖြတ်စေ၏။-
ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။
အချင်းမြွေဆိုးအမျိုးတို့၊ သင်တို့သည်ဆိုးယုတ် သူများဖြစ်သဖြင့် အဘယ်သို့လျှင်ကောင်းမြတ် သည့်စကားကိုပြောနိုင်ကြပါမည်နည်း။ စိတ် နှလုံး၌ပြည့်လျှံနေသည့်အရာများကိုနှုတ် ကဖော်ပြတတ်၏။-
ဤလူစု၏စိတ်နှလုံးသည်ထိုင်းမှိုင်းလျက် သူတို့၏နားများသည်လေးလျက်မျက်စိများသည် ပိတ်လျက်ရှိ၏။ အကယ်၍သာသူတို့၏မျက်စိများသည်မြင်နိုင်၍ နားများသည်ကြားနိုင်လျက်၊ စိတ်နှလုံးသည်လည်းသိနားလည်နိုင်မည်ဆိုပါမူ သူတို့သည်ငါ့ကိုခိုလှုံကိုးစားလာကြမည်ဖြစ်၍၊ ငါသည်လည်းသူတို့၏အပြစ်များကို ဖြေလွှတ်တော်မူပေအံ့' ဟုဘုရားသခင်မိန့်တော်မူကြောင်းဟေရှာယ ဟောချက်သည်မှန်ပေ၏။
ဂျုံခင်းကားဤကမ္ဘာလောကတည်း။ မျိုးကောင်း မျိုးသန့်သည်နိုင်ငံတော်သားများကိုဆိုလို၏။ ဂျုံရိုင်းစေ့များကားစာတန်မာရ်နတ်၏နိုင်ငံ သားများကိုဆိုလို၏။-
သခင်ယေရှုက ``ငါသည်တစ်ကျိပ်နှစ်ပါး သောသင်တို့ကိုရွေးချယ်ခန့်ထားခဲ့သည် မဟုတ်ပါလော။ သို့သော်လည်းသင်တို့တွင် နတ်မိစ္ဆာတစ်ဦးပါလျက်နေ၏'' ဟုမိန့်တော် မူ၏။-
ထိုအရှင်၏အလိုတော်ကိုလိုက်လျှောက်လို သူသည် ငါဟောပြောသောတရားကားဘုရား သခင်၏တရားလော၊ သို့မဟုတ်ငါ၏ကိုယ် ပိုင်တရားလောဟူ၍ခွဲခြားသိလိမ့်မည်။-
ငါသည်ငါ့ခမည်းတော်ထံမှသိရှိသောအရာ များကိုဟောပြော၏။ သင်တို့မူကားသင်တို့ အဖညွှန်ကြားသည့်အတိုင်းပြုကြ၏'' ဟု မိန့်တော်မူ၏။
သင်တို့သည်သင်တို့အဖကဲ့သို့ကျင့်ကြ၏'' ဟုမိန့်တော်မူ၏။ ထိုသူတို့က ``အကျွန်ုပ်တို့သည်ဖခင်မဲ့မွေး သောသားများမဟုတ်။ အကျွန်ုပ်တို့မှာဘုရား သခင်တည်းဟူသောဖခင်တစ်ပါးတည်းရှိ၏'' ဟုဆိုကြ၏။
သို့သော်လည်းထိုအရှင်ကိုသင်တို့မသိကြ။ ငါမူကားသိ၏။ အကယ်၍ငါမသိဟုဆို လျှင်ငါသည်သင်တို့နည်းတူလိမ်လည်ပြော ဆိုသူဖြစ်ပေအံ့။ ငါသည်ခမည်းတော်ကို အကယ်ပင်သိ၍ကိုယ်တော်၏စကားကို နားထောင်၏။-
``မာရ်နတ်၏သား၊ လှည့်စားလိမ်လည်တတ်သူ၊ အမှန်တရား၏ရန်သူ၊ သင်သည်ထာဝရ ဘုရား၏ဖြောင့်မှန်သောတရားလမ်းကို ကောက်လိမ်အောင်ပြုပါသည်တကား။-
ယုဒအမျိုးသားတို့ကလည်း ``ဤစကားများ သည်ဟုတ်မှန်ပါ၏'' ဟုဆိုကာပေါလုကိုဝိုင်း ၍စွပ်စွဲပြောဆိုကြလေသည်။
ပေတရုက ``အာနနိ၊ သင်သည်လယ်ရောင်းရ ငွေအချို့အဝက်ကိုမိမိအဖို့ဖယ်ထားခြင်း အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိုလှည့် စားလေပြီ။ အဘယ်ကြောင့်စာတန်အားသင် ၏စိတ်နှလုံးကိုစိုးမိုးခွင့်ပေးပါသနည်း။-
ဧဝသည်မြွေ၏ကောက်ကျစ်စဉ်းလဲမှုဖြင့် အလှည့်စားခံရသကဲ့သို့သင်တို့သည်လည်း စိတ်ဖောက်ပြန်ကာ ခရစ်တော်အားအကြွင်းမဲ့ ချစ်ခင်စွဲလမ်းမှုကိုစွန့်လွှတ်လိုက်ကြမည် လောဟုငါစိုးရိမ်မိ၏။-
နိုးနိုးကြားကြားရှိကြလော့။ သတိနှင့်စောင့် နေကြလော့။ သင်တို့၏ရန်သူမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။-
ဘုရားသခင်သည်အပြစ်ကူးသူကောင်းကင် တမန်များကိုချမ်းသာပေးတော်မမူဘဲ မှောင် မိုက်သောငရဲထဲသို့ချထားတော်မူ၏။ ထို နေရာတွင်သူတို့ကိုသံကြိုးများဖြင့်ချည် နှောင်ကာ တရားစီရင်တော်မူရာနေ့ကို စောင့်မျှော်စေတော်မူ၏။-
ငါတို့သည်အပြစ်သားများမဟုတ်ဟုဆို ပါမူ ငါတို့သည်မိမိတို့ကိုယ်ကိုလှည့်စား ကြ၏။ ငါတို့၌သစ္စာတရားမရှိ။-
သင်တို့ထံငါစာရေးရခြင်းအကြောင်းမှာ သမ္မာတရားကိုသင်တို့မသိကြ၍မဟုတ်။ သမ္မာတရားကိုလည်းကောင်း၊ မုသားစကား သည် သမ္မာတရားနှင့်မည်သို့မျှမသက်ဆိုင် သည်ကိုလည်းကောင်းသင်တို့သိကြသော ကြောင့်ဖြစ်၏။
ကိုယ်တော်ကိုသိပါသည်ဟုဆိုပြီးလျှင် ပညတ်တော်တို့ကိုမစောင့်ထိန်းသူသည် လူလိမ်ဖြစ်၍ထိုသူ၌သစ္စာတရားမရှိ။-
မာရ်နတ်၏ဘက်သားဖြစ်၍မိမိ၏ညီအာဗေလ ကိုသတ်သူကာဣနကဲ့သို့ ငါတို့မဖြစ်စေကြ နှင့်။ ကာဣနသည်မိမိ၏ညီကိုအဘယ်ကြောင့် သတ်သနည်း။ သူ၏အကျင့်သည်ဆိုးယုတ်၍ သူ့ ညီ၏အကျင့်မူကားဖြောင့်မှန်သောကြောင့် ဖြစ်၏။
မိမိ၏ညီအစ်ကိုကိုမုန်းသောသူသည်သူ သတ်သမားဖြစ်၏။ သူသတ်သမားသည် ထာဝရအသက်ကိုမရကြောင်းသင်တို့ သိကြ၏။-
မိမိတို့ရရှိထားသောအာဏာနှင့်မရောင့် ရဲဘဲ နေရင်းဌာနကိုစွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအကြောင်းကိုလည်း သတိရကြလော့။ ဘုရားသခင်သည်မိမိ တရားစီရင်တော်မူရာနေ့ကြီး၌ သူတို့ အားအပြစ်ဒဏ်ပေးရန်မှောင်မိုက်ရာ အောက်အရပ်တွင်ထာဝရသံကြိုးများ ဖြင့်ချည်နှောင်၍ထားတော်မူ၏။-
ကမ္ဘာသူကမ္ဘာသားတို့အားလှည့်ဖြားသူနတ် မိစ္ဆာဘုရင်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍ လည်းကောင်းခေါ်ဝေါ်ခြင်းခံရသူရှေးမြွေ နဂါးကြီးသည် မိမိ၏ဘက်သားကောင်းကင် တမန်များနှင့်အတူကမ္ဘာမြေပေါ်သို့ပစ်ချ ခြင်းကိုခံရလေသည်။
သူသည်ပထမသားရဲ၏ရှေ့၌ပြပိုင်ခွင့် ရှိသည့်နိမိတ်လက္ခဏာများကိုပြ၍ ကမ္ဘာ သူကမ္ဘာသားတို့အားမှောက်မှားလမ်းလွဲစေ လေသည်။ ဋ္ဌားဒဏ်ရာကိုရရှိသော်လည်း မသေဘဲရှင်နေသူထိုသားရဲအား ရိုသေ ဂုဏ်ပြုသည့်အနေဖြင့်သူ၏ရုပ်တုကိုပြု လုပ်ရန်ကမ္ဘာသူကမ္ဘာသားတို့အားစေခိုင်း ၏။-
သင်ခံရမည့်ဆင်းရဲဒုက္ခများအတွက်မစိုး ရိမ်နှင့်။ စာတန်သည်သင်တို့အချို့ကိုထောင်ထဲ ၌အကျဉ်းချထားခြင်းအားဖြင့်စစ်ဆေးလိမ့် မည်။ သင်သည်ဆယ်ရက်တိုင်တိုင်ဒုက္ခခံရလိမ့်မည်။ သေသည်တိုင်အောင်သစ္စာစောင့်လော့။ သို့မှသာ သင့်အားအသက်သရဖူကိုငါပေးမည်။
သို့ရာတွင်သူရဲဘောနည်းသူ၊ သစ္စာဖောက်သူ၊ စက် ဆုပ်ရွံရှာဖွယ်ကောင်းသူ၊ လူသတ်သူ၊ အကျင့်ပျက် သူ၊ စုန်းအတတ်ဖြင့်ပြုစားသူ၊ ရုပ်တုကိုးကွယ်သူ၊ လိမ်လည်ပြောဆိုသူတို့သည်ကန့်မီးအိုင်ထဲသို့ ရောက်ရကြလိမ့်မည်။ ဤကားဒုတိယသေခြင်း ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။
သို့ရာတွင်လူမဆန်သူများ၊ ပြုစားတတ်သူ များ၊ ကာမဂုဏ်လိုက်စားသူများ၊ လူသတ်သမား များ၊ ရုပ်တုကိုးကွယ်သူများ၊ လိမ်လည်ပြောဆို ၍ကျင့်ကြံသူများသည်မြို့ပြင်တွင်နေရကြ လိမ့်မည်။
သူတို့၏ဘုရင်ကားတွင်းနက်ကြီး၏ကောင်းကင် တမန်ဖြစ်၏။ သူ၏နာမည်မှာဟေဗြဲဘာသာ စကားအားဖြင့် အဗန္ဒုန်ဟူ၍လည်းကောင်း၊ ဂရိဘာသာအားဖြင့်အပေါလျုန်ဟူ၍လည်း ကောင်းဖြစ်၏။ (အပေါလျုန်၏အနက်မှာ``ဖျက် ဆီးသူ'' ဟူ၍ဖြစ်သတည်း။)