ထာဝရဘုရားကသူ့အား ``သင်၏အမျိုး အနွယ်တို့သည် သူတစ်ပါး၏နိုင်ငံ၌သူစိမ်း တစ်ရံဆံအဖြစ်နေထိုင်ရကြမည်။ ထိုအရပ် တွင်သူတို့သည်နှစ်ပေါင်းလေးရာကျွန်အဖြစ် ဖြင့်နှိပ်စက်ညှင်းဆဲခြင်းကိုခံရကြမည်။-
ရှင်ယောဟန် 8:33 - Common Language Bible ထိုသူတို့က ``အကျွန်ုပ်တို့သည်အာဗြဟံ၏ သားမြေးများဖြစ်ပါ၏။ အဘယ်အခါကမျှ တစ်ပါးကျွန်မဖြစ်ခဲ့ဘူးပါ။ `သင်တို့လွတ် လပ်လိမ့်မည်' ဟုအဘယ်ကြောင့်ဆိုပါသနည်း'' ဟုမေးလျှောက်ကြ၏။ Garrad Bible ထိုသူတို့က အကျွန်ုပ်တို့သည်အာဗြဟံ၏အမျိုးအနွယ်ဖြစ်လျက် မည်သူ့ထံမျှကျွန်မခံရစဘူးပါ၊ လွတ်ရာရောက်ကြမည်ဟု အသို့ဆိုပါသနည်းဟူ၍ ပြန်ဆိုကြရာ၊ Judson Bible ယုဒလူတို့ကလည်း၊ ငါတို့သည် အာဗြဟံအမျိုး ဖြစ်ကြ၏။ အဘယ်သူထံ၌ တစ်ရံတစ်ခါမျှ ကျွန်မခံကြ။ လွှတ်လိမ့်မည်ဟူ၍ သင်သည်အဘယ်သို့ပြောဆိုသနည်းဟု မေးမြန်းကြ၏။ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊- မြန်မာ့စံမီသမ္မာကျမ်း သူတို့ကလည်း “အကျွန်ုပ်တို့သည် အာဗြဟံ၏အမျိုးအနွယ်ဖြစ်ကြပြီး မည်သူ့ထံ၌မျှကျွန် မခံခဲ့ဖူးပါ။ သင်သည် အဘယ်ကြောင့်‘သင်တို့လွတ်မြောက်ကြလိမ့်မည်’ဟု ဆိုရသနည်း”ဟူ၍ပြန်ပြောကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့က “အကျွန်ုပ်တို့သည် အာဗြဟံ၏ မျိုးဆက်များဖြစ်ကြ၏။ မည်သည့်အခါကမျှ သူတစ်ပါးကျွန် မဖြစ်ခဲ့ကြပါ။ ထို့ကြောင့် ‘သင်တို့ကို လွတ်မြောက်စေလိမ့်မည်’ ဟူ၍ အဘယ်ကြောင့်ဆိုသနည်း” ဟု လျှောက်ကြ၏။ မြန်မာ ယုဒလူတို့ကလည်း၊ ငါတို့သည် အာဗြဟံအမျိုး ဖြစ်ကြ၏။ အဘယ်သူထံ၌ တစ်ရံတစ်ခါမျှ ကျွန်မခံကြ။ လွှတ်လိမ့်မည်ဟူ၍ သင်သည်အဘယ်သို့ပြောဆိုသနည်းဟု မေးမြန်းကြ၏။ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊- |
ထာဝရဘုရားကသူ့အား ``သင်၏အမျိုး အနွယ်တို့သည် သူတစ်ပါး၏နိုင်ငံ၌သူစိမ်း တစ်ရံဆံအဖြစ်နေထိုင်ရကြမည်။ ထိုအရပ် တွင်သူတို့သည်နှစ်ပေါင်းလေးရာကျွန်အဖြစ် ဖြင့်နှိပ်စက်ညှင်းဆဲခြင်းကိုခံရကြမည်။-
အကျွန်ုပ်တို့သည်ကျွန်ခံလျက်နေကြရ သော်လည်း ကိုယ်တော်ရှင်သည်အကျွန်ုပ်တို့ ကိုစွန့်ပစ်တော်မမူပါ။ ကိုယ်တော်သည်ပေရသိ ဘုရင်တို့ရှေ့တွင် အကျွန်ုပ်တို့ကိုမျက်နှာသာ ရစေတော်မူ၍ အသက်ရှင်ခွင့်နှင့်ပျက်စီး ယိုယွင်းနေသည့်ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ခွင့်နှင့် ယုဒပြည်နှင့်ယေရုရှလင် မြို့တို့တွင် ဘေးမဲ့လုံခြုံစွာနေထိုင်ခွင့်ကို ပေးစေတော်မူပါ၏။
ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား၏ကျွန်များဖြစ်ကြ၏။ ထာဝရဘုရားသည်သူတို့အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူ၏။ သူတို့ကိုကျွန် ရောင်းကျွန်ဝယ်မပြုရ။-
အာဗြဟံသည်ငါတို့၏အဖဖြစ်သည်ဟူ၍ ပြောဆိုရုံမျှဖြင့် သင်တို့သည်အပြစ်မှလွတ်ငြိမ်း ခွင့်ကိုရရှိလိမ့်မည်ဟုမထင်ကြနှင့်။ ဘုရားသခင် သည်ဤကျောက်ခဲများမှ အာဗြဟံ၏သားများ ကိုဖန်ဆင်းတော်မူနိုင်သည်ဟုသင်တို့အား ငါဆို၏။-
နောင်တနှင့်လျော်ကန်သည့်အကျင့်ကိုကျင့်ကြ လော့။ အာဗြဟံသည်ငါတို့၏အဖဖြစ်သည်ဟု မပြောကြနှင့်။ ဘုရားသခင်သည်ဤကျောက်ခဲ များကိုအာဗြဟံ၏သားသမီးများဖြစ်စေ ရန်ဖန်ဆင်းတော်မူနိုင်သည်ဟုသင်တို့အား ငါဆို၏။-
ထိုအခါကိုယ်တော်၏မယ်တော်နှင့်မယ်တော် ၏ညီမသည်လည်းကောင်း၊ ကလောဖ၏ဇနီး ဖြစ်သူမာရိနှင့်မာဂဒလမြို့သူမာရိ သည်လည်းကောင်း သခင်ယေရှု၏လက်ဝါး ကပ်တိုင်အနီးတွင်ရပ်လျက်နေကြ၏။-
သင်တို့သည်အာဗြဟံ၏သားမြေးဖြစ်သည်ကို ငါသိ၏။ သို့ရာတွင်သင်တို့သည်ငါ၏သွန်သင် ချက်ကိုလက်မခံလိုသဖြင့် ငါ့ကိုသတ်ရန် ကြိုးစားကြ၏။-
ထိုသူတို့က ``အကျွန်ုပ်တို့၏အဖသည် အာဗြဟံဖြစ်ပါ၏'' ဟုဆိုကြ၏။ သခင်ယေရှုက ``သင်တို့သည်အာဗြဟံ၏ သားမြေးများဖြစ်ပါမူ အာဗြဟံကဲ့သို့ ပြုကျင့်ကြလိမ့်မည်။-
ငါဟောပြောသည့်တရားကိုအဘယ်ကြောင့် သင်တို့နားမလည်ကြသနည်း။ သင်တို့တွင် ငါ၏တရားကို နာယူနိုင်စွမ်းမရှိသောကြောင့် ပင်ဖြစ်၏။-
ထို့အပြင်အာဗြဟံမှဆင်းသက်လာသူအား လုံးတို့သည်အာဗြဟံ၏သားမြေးအစစ် မဟုတ်ပေ။ ဘုရားသခင်က``သင်သည်ဣဇက် အားဖြင့်သာလျှင်သားမြေးများရလိမ့်မည်'' ဟုအာဗြဟံအားမိန့်တော်မူ၏။-
ထာဝရဘုရားသည်ဣသရေလအမျိုး သားခေါင်းဆောင်တစ်ဦးကိုပေါ်ထွန်းစေသည့် အခါတိုင်း ထိုသူအသက်ရှင်သမျှကာလ ပတ်လုံးသူ့ကိုကူမတော်မူ၍ သူတို့ကိုရန် သူတို့လက်မှကယ်ဆယ်တော်မူသည်။ သူတို့ သည်ဆင်းရဲဒုက္ခနှင့်ညှင်းပန်းနှိပ်စက်ခြင်း ကိုခံရ၍ညည်းညူကြသောအခါထာဝရ ဘုရားသည်သူတို့အားကရုဏာတော်ကို ပြတော်မူပေသည်။-
သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့အားအမျက်တော်ထွက်သဖြင့် မေသောပေါတာမိဘုရင်ခုရှံရိရှသိမ်အား သူတို့ကိုနှိမ်နင်းအောင်မြင်စေတော်မူ၏။ သူ တို့သည်ရှစ်နှစ်ပတ်လုံးထိုဘုရင်၏လက် အောက်ခံဖြစ်ရကြလေသည်။-
ရာဘိန်မင်းထံတွင်သံရထားကိုးရာရှိ၏။ သူ သည်ဣသရေလအမျိုးသားတို့အားအနှစ် နှစ်ဆယ်တိုင်တိုင် အကြမ်းဖက်၍ရက်စက်စွာ အုပ်စိုးလေသည်။ ထိုအခါဣသရေလအမျိုး သားတို့သည် ထာဝရဘုရားထံတော်သို့ ကူမတော်မူရန်ဟစ်အော်ကြကုန်၏။