Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 8:33 - မြန်မာ

33 ယု​ဒ​လူ​တို့​က​လည်း၊ ငါ​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး ဖြစ်​ကြ၏။ အ​ဘယ်​သူ​ထံ၌ တစ်​ရံ​တစ်​ခါ​မျှ ကျွန်​မ​ခံ​ကြ။ လွှတ်​လိမ့်​မည်​ဟူ၍ သင်​သည်​အ​ဘယ်​သို့​ပြော​ဆို​သ​နည်း​ဟု မေး​မြန်း​ကြ၏။ ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

33 ထို​သူ​တို့​က ``အ​ကျွန်ုပ်​တို့​သည်​အာ​ဗြ​ဟံ​၏ သား​မြေး​များ​ဖြစ်​ပါ​၏။ အ​ဘယ်​အ​ခါ​က​မျှ တစ်​ပါး​ကျွန်​မ​ဖြစ်​ခဲ့​ဘူး​ပါ။ `သင်​တို့​လွတ် လပ်​လိမ့်​မည်' ဟု​အ​ဘယ်​ကြောင့်​ဆို​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 ထိုသူတို့က အကျွန်ုပ်တို့သည်အာဗြဟံ၏အမျိုးအနွယ်ဖြစ်လျက် မည်သူ့ထံမျှကျွန်မခံရစဘူးပါ၊ လွတ်ရာရောက်ကြမည်ဟု အသို့ဆိုပါသနည်းဟူ၍ ပြန်ဆိုကြရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 ယု​ဒ​လူ​တို့​က​လည်း၊ ငါ​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး ဖြစ်​ကြ၏။ အ​ဘယ်​သူ​ထံ၌ တစ်​ရံ​တစ်​ခါ​မျှ ကျွန်​မ​ခံ​ကြ။ လွှတ်​လိမ့်​မည်​ဟူ၍ သင်​သည်​အ​ဘယ်​သို့​ပြော​ဆို​သ​နည်း​ဟု မေး​မြန်း​ကြ၏။ ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 သူ​တို့​က​လည်း “အကျွန်ုပ်​တို့​သည် အာဗြဟံ​၏​အမျိုးအနွယ်​ဖြစ်​ကြ​ပြီး မည်သူ့​ထံ၌​မျှ​ကျွန် မ​ခံ​ခဲ့​ဖူး​ပါ။ သင်​သည် အဘယ်ကြောင့်‘သင်​တို့​လွတ်မြောက်​ကြ​လိမ့်မည်’​ဟု ဆို​ရ​သနည်း”​ဟူ၍​ပြန်​ပြော​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

33 ထို​သူတို့​က “အကျွန်ုပ်တို့​သည် အာဗြဟံ​၏ မျိုးဆက်များ​ဖြစ်ကြ၏။ မည်သည့်အခါ​ကမျှ သူတစ်ပါး​ကျွန် မဖြစ်ခဲ့ကြပါ။ ထို့ကြောင့် ‘သင်တို့​ကို လွတ်မြောက်စေ​လိမ့်မည်’ ဟူ၍ အဘယ်ကြောင့်​ဆိုသနည်း” ဟု လျှောက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 8:33
18 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​သည် ငါ​တို့​အ​ဘ​ဖြစ်​သည်​ဟူ၍ စိတ်​ထဲ၌ မ​အောက်​မေ့​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် ဤ​ကျောက်​ခဲ​တို့​မှ အာ​ဗြ​ဟံ​သား​တို့​ကို ထုတ်​ဖော်​ဖန်​ဆင်း​နိုင်​တော်​မူ​သည်​ဟု ငါ​အ​မှန်​ဆို၏။


နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော​အ​ကျင့်​ကို ကျင့်​ကြ​လော့။ အာ​ဗြ​ဟံ​သည် ငါ​တို့​အ​ဘ​ဖြစ်​သည်​ဟူ၍ စိတ်​ထဲ၌ မ​အောက်​မေ့​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် ဤ​ကျောက်​ခဲ​တို့​မှ အာ​ဗြ​ဟံ​သား​တို့​ကို ထုတ်​ဖော် ဖန်​ဆင်း​နိုင်​တော်​မူ​သည်​ဟု ငါ​အ​မှန်​ဆို၏။-


ယေ​ရှု၏ လက်​ဝါး​ကပ်​တိုင်​တော်​နား​မှာ မယ်​တော်​နှင့် မယ်​တော်၏​ညီ​မ​ဖြစ်​သော က​လော​ဖ၏​မ​ယား မာ​ရိ​နှင့် မာ​ဂ​ဒ​လ​မာ​ရိ​တို့​သည် ရပ်​နေ​ကြ၏။-


သင်​တို့​သည် အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​ကြ​သည်​ကို ငါ​သိ၏။ သို့​သော်​လည်း ငါ၏​ဒေ​သ​နာ​သည် သင်​တို့၌ တည်​နေ​ရာ​ကို မ​ရ​သော​ကြောင့် သင်​တို့​သည် ငါ့​ကို သတ်​အံ့​သော​ငှာ ရှာ​ကြံ​ကြ၏။-


ထို​သူ​တို့​က​လည်း၊ အာ​ဗြ​ဟံ​သည် ငါ​တို့​အ​ဘ​ဖြစ်၏​ဟု ဆို​ကြ၏။ ယေ​ရှု​က​လည်း၊ သင်​တို့​သည် အာ​ဗြ​ဟံ၏​သား​မှန်​လျှင် အာ​ဗြ​ဟံ၏​အ​ကျင့်​ကို ကျင့်​ကြ​လိမ့်​မည်။-


အ​ဘယ်​ကြောင့်​ငါ့​စ​ကား​ကို နား​မ​လည်​ကြ​သ​နည်း။ ငါ၏​ဒေ​သ​နာ​ကို နား​မ​ခံ​မ​ယူ​နိုင်​သော​ကြောင့်​သာ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​လည်​ကြ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ