သူတို့က ``သင်သည်မေရှိယဖြစ်ပါသလော။ ငါတို့အားပြောလော့'' ဟုဆိုကြ၏။ ကိုယ်တော်က``ငါပြောလျှင်သင်တို့ယုံကြမည် မဟုတ်။-
ရှင်ယောဟန် 8:25 - Common Language Bible ထိုသူတို့က ``သင်သည်အဘယ်သူနည်း'' ဟု မေးကြ၏။ သခင်ယေရှုက ``ငါအဘယ်သူ ဖြစ်သည်ကိုအစကတည်းကသင်တို့အား ငါပြောခဲ့ပြီ။- Garrad Bible ထိုသူတို့ကလည်း၊ သင်မည်သူနည်းဟုမေးကြသော်၊ ယေရှုက အဘယ်အကြောင်းနှင့် သင်တို့အားငါပြောရဦးမည်နည်း။ Judson Bible ထိုသူတို့ကလည်း သင်သည်အဘယ်သူနည်းဟုမေးလျှင်၊ ယေရှုက၊ ငါသည်သင်တို့အား အစဉ်ပြောဆိုသည်အတိုင်း ငါဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့ကလည်း “သင်သည် မည်သူဖြစ်သနည်း”ဟု မေးကြလျှင် ယေရှုက“ငါမည်သူဖြစ်သည်ကို အစအဦးကပင် သင်တို့အား ငါပြောလာခဲ့၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သူတို့က “သင်သည် မည်သူနည်း” ဟု မေးကြ၏။ ယေရှုက “ငါမည်သူဖြစ်ကြောင်းကို သင်တို့ကို အစဦးကပင် ပြောခဲ့ပြီ။ မြန်မာ ထိုသူတို့ကလည်း သင်သည်အဘယ်သူနည်းဟုမေးလျှင်၊ ယေရှုက၊ ငါသည်သင်တို့အား အစဉ်ပြောဆိုသည်အတိုင်း ငါဖြစ်၏။- |
သူတို့က ``သင်သည်မေရှိယဖြစ်ပါသလော။ ငါတို့အားပြောလော့'' ဟုဆိုကြ၏။ ကိုယ်တော်က``ငါပြောလျှင်သင်တို့ယုံကြမည် မဟုတ်။-
ယေရုရှလင်မြို့ရှိယုဒအမျိုးသားတို့သည် ယဇ်ပုရောဟိတ်နှင့် လေဝိအနွယ်ဝင်အချို့ တို့ကိုယောဟန်ထံသို့စေလွှတ်၍ ``သင်သည် အဘယ်သူနည်း'' ဟုမေးမြန်းစေကြ၏။
ထိုသူတို့က ``သင်သည်အဘယ်သူနည်း။ ငါ တို့ကိုစေလွှတ်လိုက်သူများအားပြန်၍ ပြောရပါမည်။ သင်ကိုယ်တိုင်ကမည်သို့ ဆိုပါသနည်း'' ဟုမေးမြန်းကြ၏။
ထိုအခါလူတို့သည်ကိုယ်တော်ကိုဝန်းရံလျက် ``သင်သည်အဘယ်မျှကြာအောင်အကျွန်ုပ်တို့ အားစိတ်ဒွိဟဖြစ်စေပါမည်နည်း။ အကယ်၍ သင်သည်မေရှိယဖြစ်ပါလျှင် အကျွန်ုပ်တို့အား အတည့်အလင်းပြောပါလော့'' ဟုဆိုကြ၏။
သို့ဖြစ်၍အိမ်တော်ထဲသို့ပြန်ဝင်ပြီးနောက် သခင်ယေရှုအား ``သင်သည်အဘယ်မှလာ သနည်း'' ဟုမေး၏။ သို့ရာတွင်သခင်ယေရှုသည်မည်သို့မျှ ဖြေကြားတော်မမူ။-
တစ်ဖန်သခင်ယေရှုကဖာရိရှဲတို့အား ``ငါ သည်လောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည်အသက်၏အလင်းကိုရ ၍အဘယ်အခါမျှအမှောင်တွင်သွားလာ ရလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍သင်တို့သည်မိမိတို့အပြစ်၌သေ ကြလိမ့်မည်ဟုငါဆိုသတည်း။ ငါသည်`ငါဖြစ် သည်အတိုင်းငါဖြစ်သည်' ကိုသင်တို့မယုံကြည် လျှင် သင်တို့သည်မိမိတို့အပြစ်၌သေလိမ့်မည်'' ဟုမိန့်တော်မူ၏။
သင်တို့အကြောင်းနှင့်ပတ်သက်၍ငါပြောစရာ များစွာရှိ၏။ သင်တို့အားပြစ်တင်ရှုတ်ချစရာ လည်းများစွာရှိ၏။ ငါ့ကိုစေလွှတ်တော်မူသော အရှင်သည်သစ္စာတော်အရှင်ဖြစ်တော်မူ၏။ ထို အရှင်ထံမှငါကြားရသည့်တရားကိုသာ လျှင် ဤလောကသားတို့အားငါဟောပြော၏'' ဟုမိန့်တော်မူ၏။