ဒါဝိဒ်မင်းဆက်သည်ခုတ်လှဲသည့်သစ်ပင်နှင့် တူ၏။ သို့ရာတွင်သစ်ငုတ်မှအကိုင်းအခက် များထွက်လာသကဲ့သို့ ဒါဝိဒ်၏သားမြေး များအထဲမှဘုရင်သစ်တစ်ပါးပေါ်ထွက် လာလိမ့်မည်။
ရှင်ယောဟန် 7:27 - Common Language Bible မေရှိယအရှင်ကြွလာတော်မူချိန်၌မူကား ထိုအရှင်၏ဇာတိကိုမည်သူမျှမသိနိုင်ရာ'' ဟုဆိုကြ၏။ Garrad Bible သို့ရာတွင် ဤသူသည်မည်သည့်ဇာတိဒေသကဖြစ်ကြောင်းငါတို့သိကြ၏။ ခရစ်တော်ကြွလာသောအခါ မည်သည့်ဇာတိဒေသကဖြစ်ကြောင်း အဘယ်သူမျှမသိဟု ဆိုကြ၏။ Judson Bible သို့သော်လည်း ဤသူသည် အဘယ်ကဖြစ်သည်ကို ငါတို့သိကြ၏။ ခရစ်တော်သည် ကြွလာတော်မူသောအခါ အဘယ်ကဖြစ်တော်မူသည်ကို အဘယ်သူမျှမသိရဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ဤသူသည် အဘယ်ကလာသည်ကို ငါတို့သိကြ၏။ ခရစ်တော်ကြွလာတော်မူသောအခါ၌မူကား အဘယ်ကလာသည်ကို မည်သူမျှမသိနိုင်ရာ”ဟု ဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း ဤသူသည် အဘယ်က လာသည်ကို ငါတို့သိကြ၏။ ခရစ်တော် ကြွလာတော်မူသောအခါတွင်မူ အဘယ်ကလာသည်ကို မည်သူမျှ သိမည်မဟုတ်ပါ” ဟု ပြောဆိုကြ၏။ မြန်မာ သို့သော်လည်း ဤသူသည် အဘယ်ကဖြစ်သည်ကို ငါတို့သိကြ၏။ ခရစ်တော်သည် ကြွလာတော်မူသောအခါ အဘယ်ကဖြစ်တော်မူသည်ကို အဘယ်သူမျှမသိရဟု ဆိုကြ၏။- |
ဒါဝိဒ်မင်းဆက်သည်ခုတ်လှဲသည့်သစ်ပင်နှင့် တူ၏။ သို့ရာတွင်သစ်ငုတ်မှအကိုင်းအခက် များထွက်လာသကဲ့သို့ ဒါဝိဒ်၏သားမြေး များအထဲမှဘုရင်သစ်တစ်ပါးပေါ်ထွက် လာလိမ့်မည်။
လူတို့သည်သူ့ကိုဖမ်းဆီးပြီးလျှင်သေဒဏ် စီရင်ကြ၏။ ထိုနောက်အသေခံစေရန်ထုတ်ဆောင်သွားကြ၏။ သို့ရာတွင်သူကြုံတွေ့ရမည့်ကံကြမ္မာကို အဘယ်သူမျှဂရုမစိုက်ကြ။ သူသည်ငါတို့အမျိုးသားတို့၏အပြစ်များ အတွက် သေဒဏ်စီရင်ခြင်းခံရ၏။
ထာဝရဘုရားက``ဒါဝိဒ်၏ဖြောင့်မတ်သော သားမြေးတစ်ဦးကို မင်းအဖြစ်ငါရွေးချယ် ခန့်ထားမည့်အချိန်ဧကန်အမှန်ကျရောက် လာလိမ့်မည်။ ထိုမင်းသည်ပညာဉာဏ်နှင့်အုပ် စိုး၍တိုင်းပြည်တစ်လျှောက်လုံးတွင် အမှန် တရားအတိုင်းတရားမျှတစွာစီရင်လိမ့် မည်။-
သူတို့ကိုအုပ်စိုးမည့်သူသည်သူတို့လူမျိုးမှ ပေါ်ထွန်းရလိမ့်မည်။ သူတို့၏မင်းသည်သူတို့အမျိုးသားများ အထဲမှပေါ်ထွန်းရလိမ့်မည်။ ငါဖိတ်ခေါ်သောအခါထိုသူသည်ငါ့ထံသို့ ချဉ်းကပ်လိမ့်မည်။ ငါမဖိတ်မခေါ်ဘဲအဘယ်သူသည်ငါ့ထံသို့ ချဉ်းကပ်ဝံ့သနည်း။ သူတို့သည်ငါ၏လူမျိုးတော်ဖြစ်ကြလျက် ငါသည်လည်းသူတို့၏ဘုရားဖြစ်လိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားက``ဧဖရတ်ခရိုင်၊ ဗက်လင် မြို့၊ သင်သည်ယုဒပြည်တွင်သိမ်ငယ်သော မြို့တစ်မြို့ဖြစ်သော်လည်း ရှေးမင်းဆက်ထဲ မှဣသရေလအမျိုးသားတို့ကိုအုပ်စိုး မည့်ဘုရင်တစ်ပါးကိုငါပေါ်ထွန်းစေ မည်'' ဟုမိန့်တော်မူ၏။
ဤသူသည်မာရိ၏သားမဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒနှင့်ရှိမုန်တို့၏အစ်ကိုလက်သမား ဆရာပင်မဟုတ်လော သူ၏နှမများသည်ငါတို့ အရပ်သူများမဟုတ်လော'' ဟုပြောဆိုကြ၏။ သို့ဖြစ်၍သူတို့သည်ကိုယ်တော်ကိုလက်မခံ ကြ။
လူအပေါင်းတို့ကကိုယ်တော်၏အကြောင်းကို ချီးကူးပြောဆိုကြ၏။ နှုတ်တော်ထွက်စကား များကိုအံ့သြလျက် ``ဤသူသည်ယောသပ် ၏သားမဟုတ်လော'' ဟုဆိုကြ၏။
သူတို့က ``ဤသူသည်ယောသပ်၏သားယေရှု မဟုတ်ပါလော။ သူ့မိဘများကိုငါတို့သိသည် မဟုတ်ပါလော။ သို့ပါလျက်အဘယ်ကြောင့်`ငါ သည်ကောင်းကင်ဘုံမှဆင်းသက်ခဲ့သည်' ဟုသူ ဆိုဘိသနည်း'' ဟုပြောကြ၏။
ယုဒအာဏာပိုင်တို့သည်လွန်စွာအံ့သြကြ လျက် ``ဤသူသည်အဘယ်သင်တန်းကျောင်း ကိုမျှမတက်ဘူးဘဲ ဤအသိပညာများကို အဘယ်သို့ရရှိပါသနည်း'' ဟုဆိုကြ၏။
ဘုရားသခင်သည်မောရှေအားဗျာဒိတ်ပေး တော်မူခဲ့ကြောင်းကိုငါတို့သိကြ၏။ ဤသူ သည်အဘယ်ကလာသည်ကိုပင်ငါတို့မသိ ကြ'' ဟုဆိုကြ၏။
သူသည်ရှုတ်ချခြင်းကိုခံရ၏။ တရားမျှတမှုရှိစေရန်သူ၏အတွက် ဆောင်ရွက်ပေးမည့်သူမရှိ။ ဤလောကမှသူ၏အသက်ကိုရုပ်သိမ်းသွား သဖြင့် အဘယ်သို့လျှင်၊သူ့၏သားမြေးများကို ညွှန်ပြနိုင်မည်နည်း'' ဟူ၍ဖြစ်၏။