ရှင်မာကု 6:3 - Common Language Bible3 ဤသူသည်မာရိ၏သားမဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒနှင့်ရှိမုန်တို့၏အစ်ကိုလက်သမား ဆရာပင်မဟုတ်လော သူ၏နှမများသည်ငါတို့ အရပ်သူများမဟုတ်လော'' ဟုပြောဆိုကြ၏။ သို့ဖြစ်၍သူတို့သည်ကိုယ်တော်ကိုလက်မခံ ကြ။ အခန်းကိုကြည့်ပါ။Garrad Bible3 သူ သည် လက် သ မား မ ဟုတ် လော။ မာ ရိ သား မ ဟုတ် လော။ ယာ ကုပ်၊ ယော သေ၊ ယု ဒ၊ ရှိ မုန် တို့၏ အစ် ကို မ ဟုတ် လော။ နှ မ များ လည်း ငါ တို့ နှင့် အ တူ ဤ အ ရပ် တွင် ရှိ ကြ သည် မ ဟုတ် လော ဟု ဆို လျက် ကိုယ် တော့် အ တွက် တိုက် လဲ ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible3 သူသည် လက်သမားမဟုတ်လော။ မာရိ၏သား မဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒ၊ ရှိမုန်တို့၏ အစ်ကိုမဟုတ်လော။ သူ့နှမများသည်လည်း ငါတို့နှင့် အနီးအပါးနေကြသည်မဟုတ်လောဟု ပြောဆိုလျက် စေတနာစိတ် ပျက်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 သူသည် လက်သမားမဟုတ်လော။ မာရိ၏သားဖြစ်ပြီး ယာကုပ်၊ ယောသေ၊ ယုဒနှင့်ရှိမုန်တို့၏အစ်ကိုမဟုတ်လော။ သူ၏နှမများသည်လည်း ငါတို့နှင့်အတူ ဤအရပ်၌ရှိကြသည်မဟုတ်လော”ဟု ပြောဆိုကာ ကိုယ်တော်အပေါ်ဘဝင်မကျဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း3 သူသည် လက်သမားမဟုတ်လော။ မာရိ၏သား မဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ယုဒနှင့် ရှိမုန်တို့၏အစ်ကို မဟုတ်လော။ သူ၏ နှမတို့သည်လည်း ငါတို့နှင့် တစ်ရပ်တည်းသားများပင် မဟုတ်လော” ဟု ပြောဆို၍ ကိုယ်တော်အပေါ် ဘဝင်မကျဖြစ်ကာ မယုံကြည်ဘဲနေကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ3 သူသည် လက်သမားမဟုတ်လော။ မာရိ၏သား မဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒ၊ ရှိမုန်တို့၏ အစ်ကိုမဟုတ်လော။ သူ့နှမများသည်လည်း ငါတို့နှင့် အနီးအပါးနေကြသည်မဟုတ်လောဟု ပြောဆိုလျက် စေတနာစိတ် ပျက်ကြ၏။- အခန်းကိုကြည့်ပါ။ |
ရှုမောင်သည်သူတို့ကိုကောင်းချီးပေး၍ ``ဣသရေလ အမျိုးသားတို့တွင် ပျက်စီးဆုံးရှုံးရသူများနှင့် ကယ်တင်ခြင်းကိုခံရသူများပေါ်ပေါက်လာစေရန် ဤသူငယ်ကိုဘုရားသခင်ရွေးချယ်ခန့်ထားတော် မူပြီ။ သူသည်ဘုရားသခင်၏နိမိတ်လက္ခဏာ ဖြစ်၍သူ့အားလူအများပင်ဆန့်ကျင်ပြောဆို ကြခြင်းဖြင့်၊-
လူမျိုးတကာတို့၏ရွံရှာမုန်းတီးခြင်းကို များစွာခံရ၍၊ မင်းဆိုးမင်းညစ်တို့၏အစေခံဖြစ်သူအား၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် သည့် ဘုရားသခင်၊ကယ်တင်ရှင်က၊ ``ပြည်ရှင်မင်းတို့သည်သင့်အားလွတ်မြောက် စေပြီးလျှင် ထ၍အရိုအသေပေးကြလိမ့်မည်။ မင်းညီမင်းသားများသည်လည်းသင့်ကိုမြင်၍၊ ဦးညွှတ်ပျပ်ဝပ်ကာအလေးပြုကြလိမ့်မည်။'' အဘယ်ကြောင့်ဆိုသော်၊ကတိတည်တော်မူသော ထာဝရဘုရားတည်းဟူသော၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် တော်မူသောဘုရားသခင်သည်၊ သင့်ကိုရွေးချယ်ခန့်ထားတော်မူပြီ ဖြစ်သောကြောင့်တည်းဟုမိန့်တော်မူပါ၏။