ဖာရိရှဲတို့သည်တရားဇရပ်မှထွက်သွားကြ ပြီးလျှင် ကိုယ်တော်ကိုသတ်ရန်ကြံစည်တိုင်ပင် ကြ၏။
ရှင်ယောဟန် 7:19 - Common Language Bible မောရှေသည်သင်တို့အားပညတ်တရားကို ပေးသည်မဟုတ်လော။ သို့သော်လည်းသင်တို့ တစ်စုံတစ်ယောက်မျှ ထိုပညတ်တရားကို မကျင့်သုံးကြ။ သင်တို့သည်ငါ့ကိုသတ်ရန် အဘယ်ကြောင့်ရှာကြံကြသနည်း'' ဟု မိန့်တော်မူ၏။ Garrad Bible မောရှေသည်သင်တို့အား ပညတ်တရားကိုပေးသည်မဟုတ်လော။ ထိုတရားကို သင်တို့အနက် တစ်ယောက်မျှမစောင့်။ စောင့်လျှင် ငါ့ကိုအသေသတ်ရန် အဘယ်ကြောင့်ရှာကြံကြသနည်းဟုမိန့်တော်မူ၏။ Judson Bible မောရှေသည် ပညတ်တရားကို သင်တို့အား ပေးသည်မဟုတ်လော။ ထိုတရားကို သင်တို့တွင် တစ်စုံတစ်ယောက်မျှမကျင့်။ ငါ့ကိုသတ်အံ့သောငှာ အဘယ်ကြောင့် ရှာကြံကြသနည်းဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် သင်တို့အား ပညတ်တရားကိုပေးခဲ့သည်မဟုတ်လော။ သို့သော် သင်တို့တွင် ထိုပညတ်တရားကို လိုက်နာကျင့်သုံးသောသူတစ်စုံတစ်ယောက်မျှမရှိ။ သင်တို့သည် အဘယ်ကြောင့် ငါ့ကိုသတ်ရန် ရှာကြံနေကြသနည်း”ဟု ပြန်၍မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မောရှေသည် သင်တို့အား ပညတ်တရားကို ပေးခဲ့သည်မဟုတ်လော။ သို့သော် သင်တို့ထဲမှ မည်သူကမျှ ထိုပညတ်ကျမ်းကို မလိုက်နာကြ။ သင်တို့သည် အဘယ်ကြောင့် ငါ့ကို သတ်ရန်သာ ရှာကြံကြသနည်း” ဟု မိန့်တော်မူ၏။ မြန်မာ မောရှေသည် ပညတ်တရားကို သင်တို့အား ပေးသည်မဟုတ်လော။ ထိုတရားကို သင်တို့တွင် တစ်စုံတစ်ယောက်မျှမကျင့်။ ငါ့ကိုသတ်အံ့သောငှာ အဘယ်ကြောင့် ရှာကြံကြသနည်းဟု မိန့်တော်မူ၏။- |
ဖာရိရှဲတို့သည်တရားဇရပ်မှထွက်သွားကြ ပြီးလျှင် ကိုယ်တော်ကိုသတ်ရန်ကြံစည်တိုင်ပင် ကြ၏။
သို့သော်ထိုသူတို့သည်ဥယျာဉ်ရှင်၏သားကို မြင်သောအခါ `ဤသူသည်အမွေစားအမွေခံ ဖြစ်၏။ လာကြ။ သူ့ကိုသတ်၍သူ့အမွေဥစ္စာ ကိုယူကြကုန်အံ့' ဟုအချင်းချင်းတိုင်ပင် ပြီးနောက်၊-
ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်ကြား၍ ကိုယ်တော်ကိုသတ်ရန်နည်းလမ်း ရှာကြ၏။ လူပရိသတ်အပေါင်းတို့သည်ယင်းသို့ သွန်သင်တော်မူသည်ကိုလွန်စွာအံ့သြလျက် ရှိကြသောကြောင့် ထိုသူတို့သည်ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။
ထိုနောက်ကိုယ်တော်က ``ဥပုသ်နေ့တွင်အကောင်း ကိုပြုအပ်သလော။ အဆိုးကိုပြုအပ်သလော။ လူ့အသက်ကိုကယ်အပ်သလော၊ သတ်အပ် သလော'' ဟုထိုသူတို့အားမေးတော်မူ၏။ သူတို့သည်လည်းဆိတ်ဆိတ်နေကြ၏။-
ဖာရိရှဲတို့သည်တရားဇရပ်မှချက်ချင်းထွက် သွားကြ၏။ ကိုယ်တော်ကိုသတ်ရန်နည်းလမ်းကို ဟေရုဒ်ပါတီဝင်များနှင့်ဆွေးနွေးတိုင်ပင်ကြ၏။
ဘုရားသခင်သည်ပညတ်တရားကိုမောရှေ အားဖြင့်ပေးအပ်တော်မူ၏။ သို့ရာတွင်ကျေးဇူး တရားနှင့် သစ္စာတရားတို့ကိုမူကားယေရှုခရစ် အားဖြင့်ပေးအပ်တော်မူ၏။-
ထိုအခါသူတို့သည်ကိုယ်တော်ကိုဖမ်းဆီးရန် ကြိုးစားကြပြန်၏။ သို့ရာတွင်ကိုယ်တော်သည် ရှောင်တိမ်း၍ကြွသွားတော်မူ၏။
ထိုနေ့မှစ၍ယုဒအာဏာပိုင်တို့သည် သခင်ယေရှုကိုသတ်ရန်တိုင်ပင်ကြံစည် ကြ၏။-
ထို့ကြောင့်ဥပုသ်နေ့၌ဤအမှုအရာကို ပြုတော်မူသည့်အတွက် ယုဒအာဏာပိုင် တို့သည်ထိုနေ့မှစ၍ကိုယ်တော်အား အနှောင့်အယှက်ပေးကြ၏။-
ဤသို့မိန့်တော်မူသောကြောင့်လည်းကောင်း၊ ဥပုသ် စည်းကမ်းကိုချိုးဖောက်ရုံမက ဘုရားသခင်အား မိမိ၏အဖဟူ၍ခေါ်ကာ မိမိကိုယ်ကိုဘုရား နှင့်တန်းတူထားတော်မူသောကြောင့်လည်းကောင်း ယုဒအာဏာပိုင်တို့သည်ကိုယ်တော်ကိုသတ် ရန်ပို၍ကြံစည်အားထုတ်ကြ၏။
သို့သော်ငါသည်သင်တို့အားခမည်းတော်၏ ရှေ့တော်၌ အပြစ်တင်စွပ်စွဲလိမ့်မည်ဟုမထင် ကြနှင့်။ သင်တို့အားအပြစ်တင်မည့်သူကား သင်တို့ကိုးစားသောမောရှေပင်ဖြစ်၏။-
ထိုနောက်သခင်ယေရှုသည်ဂါလိလဲပြည်တွင် ဒေသစာရီလှည့်လည်တော်မူ၏။ ယုဒအာဏာ ပိုင်တို့သည်ကိုယ်တော်ကိုသတ်ရန်ကြံစည်နေ ကြသဖြင့် ကိုယ်တော်သည်ယုဒပြည်တွင်ဒေသ စာရီလှည့်လည်တော်မမူလို။-
ယေရုရှလင်မြို့သားအချို့တို့က ``ဤသူကို အာဏာပိုင်ကသတ်ရန်ရှာကြံနေကြသည် မဟုတ်ပါလော။-
သူသည်တောကန္တာရ၌စုဝေးလျက်ရှိသော ဣသရေလအမျိုးသားတို့နှင့်လည်းကောင်း၊ ငါတို့ဘိုးဘေးများနှင့်လည်းကောင်း၊ သိနာ တောင်ပေါ်တွင်မိမိအားဗျာဒိတ်ပေးသည့် ကောင်းကင်တမန်နှင့်လည်းကောင်းအတူရှိ နေခဲ့သူဖြစ်၏။ ငါတို့အားဆင့်ဆိုရန် ဘုရားသခင်ထံတော်မှ အသက်ရှင်စေ သောဗျာဒိတ်တော်ကိုခံယူရရှိသူလည်း ဖြစ်၏။
ထိုသို့ဖြစ်ပါမူပညတ်တရား၏ရည်ရွယ် ချက်ကားအဘယ်နည်း။ ပညတ်တရားကို ဘုရားသခင်ချပေးတော်မူခဲ့ခြင်းမှာ အပြစ် ဒုစရိုက်၏သဘောကိုထုတ်ဖော်ပြသရန် သာဖြစ်၏။ ထိုပညတ်တရားသည်ကတိ တော်ကိုခံယူရရှိသူ အာဗြဟံ၏သားမြေး မပေါ်သေးမီကာလအတွင်း၌သာလျှင် တည်ရှိရန်ဖြစ်သည်။ ဘုရားသခင်သည်ထို ပညတ်တရားကိုကောင်းကင်တမန်များ အားဖြင့် ကြားဝင်စေ့စပ်သူလူတစ်ဦးမှ တစ်ဆင့်ပေးအပ်တော်မူခဲ့၏။-
အရေဖျားလှီးမင်္ဂလာခံယူကြသူတို့ပင်လျှင် ပညတ်တရားကိုမစောင့်ထိန်းကြချေ။ အရေ ဖျားလှီးမင်္ဂလာကိုသင်တို့ခံယူသည့်အတွက် ဂုဏ်ယူဝါကြွားလိုသဖြင့်သင်တို့အားခံယူ စေလိုခြင်းဖြစ်၏။-
အဆုံးအဖြတ်ပေးရာ၌မျက်နှာမလိုက် နှင့်။ မျက်နှာကြီးမျက်နှာငယ်မလိုက်ဘဲ ကြားနာစစ်ဆေးလော့။ သင်တို့၏အဆုံး အဖြတ်သည်ထာဝရဘုရားချမှတ်သော အဆုံးအဖြတ်ဖြစ်သောကြောင့် မည်သူ့ကို မျှမကြောက်ရွံ့ရ။ သင်တို့ကိုယ်တိုင်မစီရင် နိုင်သောအမှုရှိလျှင် ငါ့ထံသို့တင်ပြကြ လော့။ ထိုအမှုကိုငါစီရင်မည်' ဟုမှာကြား ခဲ့၏။-
အကျွန်ုပ်တို့သည်မောရှေပေးသောပညတ် တရားတော်ကိုစောင့်ထိန်းကြ၏။ ယင်းပညတ်တရားတော်ကားငါတို့လူမျိုး၏ အမြတ်နိုးဆုံးသောအမွေဥစ္စာဖြစ်၏။