တရားဟော 1:17 - Common Language Bible17 အဆုံးအဖြတ်ပေးရာ၌မျက်နှာမလိုက် နှင့်။ မျက်နှာကြီးမျက်နှာငယ်မလိုက်ဘဲ ကြားနာစစ်ဆေးလော့။ သင်တို့၏အဆုံး အဖြတ်သည်ထာဝရဘုရားချမှတ်သော အဆုံးအဖြတ်ဖြစ်သောကြောင့် မည်သူ့ကို မျှမကြောက်ရွံ့ရ။ သင်တို့ကိုယ်တိုင်မစီရင် နိုင်သောအမှုရှိလျှင် ငါ့ထံသို့တင်ပြကြ လော့။ ထိုအမှုကိုငါစီရင်မည်' ဟုမှာကြား ခဲ့၏။- အခန်းကိုကြည့်ပါ။Garrad Bible17 လူ ကြီး လူ ငယ် မ ရွေး၊ မျက် နှာ မ ထောက်၊ နာ ခံ ဆုံး ဖြတ် ကြ လော့။ ဆုံး ဖြတ် ချက် သည် ဘု ရား သ ခင် နှင့် ဆိုင် သော ကြောင့်၊ လူ ကို မ ကြောက် ရ။ သင် တို့ မ စီ ရင် နိုင် အောင် ခက် ခဲ သော အ မှု ကို ကား၊ ငါ့ ထံ သွင်း လော့။ အခန်းကိုကြည့်ပါ။Judson Bible17 တရားအမှုကိုစီရင်သောအခါ အဘယ်သူ၏မျက်နှာကို မထောက်ရ။ လူငယ်စကားကို လူကြီးစကားကဲ့သို့ မှတ်ရမည်။ အဘယ်လူကိုမျှ မကြောက်ရ။ အကြောင်းမူကား၊ တရားအမှုကို ဘုရားသခင်ပိုင်တော်မူသောကြောင့်တည်း။ ကိုယ်တိုင်မစီရင်တတ်သောအမှုကို ငါ့ထံမှာအယူခံရမည်။ ငါလည်းနားထောင်မည်ဟု မှာခဲ့၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 သင်တို့သည် တရားစီရင်သောအခါ မျက်နှာကြီး၊ မျက်နှာငယ် ဟူ၍မျက်နှာမလိုက်ဘဲ ကြားနာစစ်ဆေးရမည်။ တရားစီရင်ခြင်းကို ဘုရားသခင်ပိုင်တော်မူသောကြောင့် မည်သူ့ကိုမျှ မကြောက်နှင့်။ ခက်ခဲသောအမှုကို ငါ့ထံ တင်ပြလော့။ ငါ ကြားနာစစ်ဆေးပေးမည်’ဟု ငါပြောခဲ့၏။ အခန်းကိုကြည့်ပါ။ |
သူတို့ကိုအမြဲတမ်းတရားသူကြီးများ အဖြစ် လူတို့၏အမှုအခင်းများကိုစီရင် စေရမည်။ သူတို့သည်ခက်ခဲသောအမှုများ ကိုသင့်ထံသို့တင်ပြ၍ သေးငယ်သောအမှု များကိုသူတို့ကိုယ်တိုင်စီရင်ဆုံးဖြတ်စေ ရမည်။ ဤနည်းအားဖြင့်သူတို့သည် သင်၏ တာဝန်ကိုခွဲဝေထမ်းဆောင်ကြသော ကြောင့်သင့်အတွက်သက်သာလိမ့်မည်။-
ထို့အပြင်လူခပ်သိမ်းတို့အားမျက်နှာကြီး ငယ်မလိုက်ဘဲသူတို့၏အကျင့်အလျောက် တရားစီရင်တော်မူတတ်သောဘုရားသခင် ထံသို့ဆုတောင်းပတ္ထနာပြုသောအခါ သင် တို့သည်ကိုယ်တော်အားအဖဟုခေါ်လျက် ဆုတောင်းပတ္ထနာပြုကြ၏။ သို့ဖြစ်၍ဤ လောကတွင်အသက်ရှင်သမျှကာလပတ် လုံးထိုအရှင်အားကြောက်ရွံ့ရိုသေကြ လော့။-
ယင်းသို့ပြုမည့်အစားသခင်ဘုရားသည် ငါတို့အားထိုက်တန်သူများအဖြစ်လက်ခံ တော်မူသဖြင့် သတင်းကောင်းကြေညာရန် လွှဲအပ်တော်မူသည်နှင့်အညီငါတို့သည် ကိုယ်တော်ဟောပြောစေသည့်အတိုင်းအစဉ် ပင်ဟောပြောကြ၏။ ငါတို့သည်လူတို့နှစ် သက်မှုကိုရရန်မကြိုးစား။ ငါတို့စိတ် နှလုံးကိုစစ်ဆေးကြည့်ရှုတော်မူတတ် သော၊ ဘုရားသခင်နှစ်သက်မှုကိုသာ လျှင်ရရန်ကြိုးစားကြ၏။-
ကျွန်တော်မတို့အားလုံးပင်သေရကြမည့် သူများဖြစ်ပါ၏။ ကျွန်တော်မတို့သည်မြေ ပေါ်သို့ဖိတ်ကျသွားသောရေနှင့်တူပါ၏။ ယင်းရေကိုနောက်တစ်ဖန်ကျုံး၍မယူနိုင် တော့ပါ။ ဘုရားသခင်ပင်လျှင်သေသူကို ပြန်၍ရှင်စေတော်မမူပါ။ သို့ရာတွင်ဘုရင် သည်ပြည်နှင်ဒဏ်သင့်သူတစ်ဦးကိုပြန် လည်ခေါ်ယူနိုင်ပါ၏။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဘုရားအပေါင်းတို့နှင့်အရှင်သခင်အပေါင်း တို့၏အထွတ်အထိပ်ဖြစ်တော်မူ၏။ ထာဝရ ဘုရားသည်ကြီးမြတ်၍တန်ခိုးတော်နှင့်ပြည့် စုံသောဘုရား၊ ကြောက်ရွံ့ရိုသေဖွယ်သော ဘုရားဖြစ်တော်မူ၏။ လူကဲ့သို့မျက်နှာ လိုက်ခြင်းတံစိုးလက်ဆောင်စားခြင်းရှိတော် မမူ။-
ထိုသူတို့သည်အထံတော်သို့လာ၍ ``ဆရာတော်၊ အရှင်သည်မှန်သောစကားကိုသာပြောတတ် ပါ၏။ လူတို့အဘယ်သို့ထင်မှတ်ကြသည်ကို အရေးမစိုက်။ လူ့မျက်နှာကိုမထောက်ဘဲဘုရား သခင်၏တရားလမ်းကိုဟုတ်မှန်သည့်အတိုင်း သွန်သင်တော်မူကြောင်းအကျွန်ုပ်တို့သိပါ၏။ ရောမဧကရာဇ်မင်းအားအခွန်ဆက်အပ်ပါ သလော၊ မဆက်အပ်ပါသလော။ အကျွန်ုပ်တို့ သည်အခွန်ဆက်ရမည်လော၊ မဆက်ရမည် လော'' ဟုပရိယာယ်ဆင်၍မေးလျှောက်ကြ၏။
သူတို့သည်မိမိတို့၏တပည့်များကိုဟေရုဒ် ၏ပါတီဝင်အချို့နှင့်အတူအထံတော်သို့ စေလွှတ်ပြီးလျှင် ``ဆရာတော်၊ အရှင်သည်သစ္စာ ရှိတော်မူ၍ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်သည်အတိုင်းသွန်သင်တော်မူပါ၏။ လူ တို့အဘယ်သို့ထင်မြင်ကြသည်ကိုအမှုမ ထားပါ။ လူ့မျက်နှာကိုလည်းထောက်တော်မမူပါ။-
ကိုယ်တော်သည်အပြစ်မဲ့သူများကို အပြစ်ရှိ သူတို့နှင့်ရော၍သုတ်သင်ပစ်မည်လော။ ထိုသို့ မဖြစ်နိုင်ပါ။ ကိုယ်တော်သည်ထိုသို့မပြုနိုင် ပါ။ ကိုယ်တော်သည်ထိုသို့ပြုလျှင် အပြစ်မဲ့သူ တို့သည်အပြစ်ရှိသူတို့နှင့်အတူဒဏ်ခံရ ကြပါမည်။ ထိုသို့မဖြစ်ပါစေနှင့်။ ကမ္ဘာမြေ ကြီးတစ်ခုလုံးကိုတရားစီရင်သောအရှင် သည် တရားမျှတစွာစီရင်တော်မူမည်မဟုတ် ပါလော'' ဟုလျှောက်လေ၏။
လူအချင်းချင်းပြစ်မှားသူတို့ကိုထာဝရ ဘုရားသည်ကာကွယ်စောင့်ရှောက်နိုင်သော်လည်း ထာဝရဘုရားအားပြစ်မှားသောသူကိုမူ ကားအဘယ်သူကာကွယ်စောင့်ရှောက်နိုင်ပါ မည်နည်း'' ဟုသားတို့အားပြော၏။ သို့ရာတွင်သူတို့သည်ဖခင်၏စကားကို နားမထောင်ကြ။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် သူတို့အားကွပ်မျက် ရန်ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့်တည်း။