ဘုရင်ခံတိုင်းသည်မိမိတို့၏ဝေပုံကျ မုယောစပါးနှင့်ကောက်ရိုးကိုလည်းစစ် ရထားမြင်းများ၊ လားများအတွက်လို အပ်သည့်နေရာအရပ်သို့အရောက်ပေး ဆက်ကြ၏။
ရှင်ယောဟန် 6:9 - Common Language Bible ``ဤမှာသူငယ်တစ်ယောက်ရှိပါ၏။ သူ့ထံ တွင်မုယောမုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ရှိ ပါ၏။ သို့ရာတွင်ဤမျှကြီးမားသောလူ ပရိသတ်အား ထိုမုန့်နှင့်ငါးကိုအဘယ် သို့လျှင်လောက်ငအောင်ကျွေးနိုင်ပါမည် နည်း'' ဟုလျှောက်၏။ Garrad Bible ဤတွင်မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသောသူငယ်တစ်ယောက်ရှိပါသည်။ သို့ရာတွင် ဤမျှလောက်များသောသူတို့အဖို့ မည်သို့ပါနည်းဟုလျှောက်သော်၊ Judson Bible မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တစ်ယောက်ရှိပါ၏။ သို့သော်လည်း ဤမျှလောက် များစွာသောသူတို့သည် ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာရှိပါသနည်း ဟုလျှောက်၏။- မြန်မာ့စံမီသမ္မာကျမ်း “ဤနေရာတွင် မုယောမုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ပါသော သူငယ်တစ်ယောက်ရှိပါ၏။ သို့သော် ဤမျှလောက်များပြားသောသူတို့အတွက် ထိုမုန့်နှင့်ငါးတို့သည် မည်သို့အကျိုးထူးမည်နည်း”ဟု လျှောက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း “မုယောမုန့် ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ယူလာသည့် ကလေးငယ်တစ်ဦးရှိပါ၏။ သို့သော်လည်း ဤလူအုပ်ကြီးအတွက် ထိုမုန့်နှင့်ငါးသည် မည်သို့လုံလောက်ပါမည်နည်း” ဟု လျှောက်လေ၏။ မြန်မာ မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တစ်ယောက်ရှိပါ၏။ သို့သော်လည်း ဤမျှလောက် များစွာသောသူတို့သည် ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာရှိပါသနည်း ဟုလျှောက်၏။- |
ဘုရင်ခံတိုင်းသည်မိမိတို့၏ဝေပုံကျ မုယောစပါးနှင့်ကောက်ရိုးကိုလည်းစစ် ရထားမြင်းများ၊ လားများအတွက်လို အပ်သည့်နေရာအရပ်သို့အရောက်ပေး ဆက်ကြ၏။
ဧလိရှဲက``ထာဝရဘုရားမိန့်တော်မူသော စကားကိုနားထောင်တော်မူပါ။ နက်ဖြန်ဤ အချိန်ရောက်သော် ရှမာရိမြို့စျေးထဲတွင် အကောင်းဆုံးဂျုံဆန်ဆယ်ပေါင် သို့မဟုတ် မုရောဆန်ပေါင်နှစ်ဆယ်ကိုငွေသားတစ်ကျပ် ဖြင့်ဝယ်ယူနိုင်လိမ့်မည်'' ဟုပြန်လည်လျှောက် ထား၏။
ကိုယ်တော်သည်သင်၏မြို့တံခါးကိုဘေးမဲ့ လုံခြုံစွာထားတော်မူ၍ သင့်အားအကောင်းဆုံးသောဂျုံဆန်ဖြင့် ရောင့်ရဲစေတော်မူ၏။
``ဘုရားသခင်သည်တောကန္တာရတွင်ငါတို့အား အစားအစာကိုပေးနိုင်ပါမည်လော။
သူတို့သည်အဖန်တလဲလဲဘုရားသခင်အား သွေးစမ်းလျက်ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသော ဘုရား၏အမျက်တော်ကိုလှုံ့ဆော်ကြ၏။
ငါသည်သင်တို့အားအကောင်းဆုံးဂျုံဆန်ကို ကျွေးမွေး၍ တောပျားရည်ကိုသုံးဆောင်စေမည်'' ဟုဆို၏။
ယုဒပြည်နှင့်ဣသရေလပြည်တို့ကသင်၏ ကုန်စည်များကိုမင်းနစ်မြို့မှဂျုံစပါး၊ ပျား ရည်၊ သံလွင်ဆီ၊ အမွှေးအကြိုင်အမျိုးမျိုး ပေး၍ဝယ်ယူကြ၏။-
တပည့်တော်တို့က ``အကျွန်ုပ်တို့မှာမုန့်ငါးလုံးနှင့် ငါးနှစ်ကောင်သာရှိပါသည်'' ဟုလျှောက်ထားကြ လျှင်၊
ယုံကြည်ခြင်းအားနည်းသူတို့၊ ယခုတိုင်အောင် ပင်မသိနားမလည်နိုင်ကြသလော။-
ကိုယ်တော်က ``သင်တို့ထံတွင်အစားအစာမည် မျှရှိသနည်း။ သွား၍ကြည့်ကြလော့'' ဟုမိန့်တော် မူ၏။ သူတို့သည်ကြည့်၍တွေ့သောအခါ ``မုန့်ငါးလုံး နှင့်ငါးနှစ်ကောင်ရှိပါသည်'' ဟုလျှောက်ကြ၏။
ငါသည်လူငါးထောင်ကိုကျွေးရန်မုန့်ငါးလုံး ဖဲ့ခဲ့သည်ကို သင်တို့သတိမရကြသလော။ ထိုအခါကမုန့်ကျိုးမုန့်ပဲ့များကိုတောင်း မည်မျှအပြည့်ကောက်သိမ်းရကြသနည်း'' ဟု သူတို့အားမေးတော်မူ၏။ တပည့်တော်တို့က ``တစ်ဆယ့်နှစ်တောင်းကောက် သိမ်းရပါသည်'' ဟုပြန်၍လျှောက်ကြ၏။
ကိုယ်တော်က ``သင်တို့ပင်ထိုသူတို့အားစား စရာကိုကျွေးမွေးကြလော့'' ဟုမိန့်တော်မူ၏။ တပည့်တော်တို့က ``အကျွန်ုပ်တို့သည်ဤလူထု အတွက်အစားအစာများကိုသွား၍ဝယ်ရ ပါမည်လော။ အကျွန်ုပ်တို့ထံမှာမုန့်ငါးလုံး နှင့်ငါးနှစ်ကောင်သာရှိပါ၏'' ဟုပြန်လည် လျှောက်ထားကြ၏။-
မာသက ``အရှင်ဘုရား၊ အရှင်သာဤ အရပ်တွင်ရှိခဲ့ပါမူကျွန်မ၏မောင်သေ မည်မဟုတ်ပါ။-
မာရိသည်သခင်ယေရှုရှိရာအရပ်သို့ရောက် သောအခါ ကိုယ်တော်ကိုမြင်သဖြင့်ခြေတော် ရင်းမှာပျပ်ဝပ်လျက် ``အရှင်ဘုရား၊ အရှင် သာဤအရပ်မှာရှိတော်မူခဲ့ပါလျှင်ကျွန်မ မောင်သည်သေမည်မဟုတ်ပါ'' ဟုလျှောက် ထား၏။
သခင်ယေရှုက ``သင်တို့ယခုမိသောငါး အချို့ကိုယူခဲ့လော့'' ဟုမိန့်တော်မူ၏။
သခင်ယေရှုသည်သူတို့ရှိရာသို့ကြွတော်မူ ၍မုန့်ကိုယူပြီးလျှင်သူတို့အားပေးတော် မူ၏။ ငါးကိုလည်းထိုနည်းတူပေးတော်မူ၏။
သူတို့သည်လှေပေါ်ကဆင်း၍ကုန်းပေါ်သို့ ရောက်ကြသောအခါမုန့်ကိုလည်းကောင်း၊ မီးကျီးပေါ်တွင်ကင်ထားသောငါးကို လည်းကောင်းတွေ့ကြ၏။-
ထိုနောက်သခင်ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းတော်မူပြီးလျှင် ထိုင်နေသောသူတို့အားဝေငှပေးတော် မူ၏။ ငါးကိုလည်းထိုနည်းတူပြုတော် မူ၏။ လူတို့သည်ဝအောင်စားကြရ၏။-
ဖိလိပ္ပုက ``လူတစ်ယောက်ကိုအစားအစာ အနည်းငယ်စီကျွေးရန်ပင်လျှင် ငွေဒေနာရိ နှစ်ရာဖိုးနှင့်လုံလောက်မည်မဟုတ်ပါ'' ဟု လျှောက်၏။-
သင်တို့သည်ငါတို့၏အရှင်ယေရှုခရစ် ၏ကျေးဇူးတော်ကိုသိရှိကြ၏။ ကိုယ်တော် သည်ကြွယ်ဝတော်မူသော်လည်းသင်တို့၏ အကျိုးငှာဆင်းရဲခံတော်မူ၏။ ဆင်းရဲ ခံတော်မူရခြင်းမှာသင်တို့ကြွယ်ဝလာ စေရန်အတွက်ဖြစ်သတည်း။
သူတို့၏ဆိတ်များနွားများမှနို့လှိုင်လှိုင် ထွက်၏။ မျိုးအကောင်းဆုံးသိုးဆိတ်နွားများကိုပိုင်၍ မျိုးအသန့်ဆုံးဂျုံနှင့်အကောင်းဆုံးစပျစ် ရည်ကို စားသုံးရကြ၏။
ထိုပြည်တွင်ဂျုံ၊ မုယောစပါး၊ စပျစ်သီး၊ သဖန်း သီး၊ သလဲသီး၊ သံလွင်သီး၊ ပျားရည်စသည်တို့ ပေါများသည်။-
သတ္တဝါလေးပါးတို့အလယ်မှထွက်ပေါ်လာ သည်ဟုထင်ရသောအသံတစ်ခုကိုငါကြား ရ၏။ ထိုအသံက``ဂျုံဆန်တစ်ခွက်ကိုတစ်နေ့ စာလုပ်အားခပေးရ၏။ သို့ရာတွင်သံလွင် ဥယျာဉ်နှင့်စပျစ်ဥယျာဉ်များကိုမဖျက် ဆီးကြနှင့်'' ဟုဆို၏။