ထို့နောက်ပရောဖက်ကဆက်လက်၍``ဤယဇ်ပလ္လင် သည်ပြိုကွဲ၍ ပလ္လင်ပေါ်ရှိပြာတို့သည်လည်းပျံ့ လွင့်လိမ့်မည်။ ထိုအခါငါ့အားဖြင့်ဤစကား ကိုထာဝရဘုရားမိန့်တော်မူကြောင်းသင် သိလိမ့်မည်'' ဟုဟောလေ၏။
ရှင်ယောဟန် 6:30 - Common Language Bible ထိုသူတို့က ``အရှင့်အားအကျွန်ုပ်တို့ယုံကြည်နိုင် ကြစေရန် အဘယ်အံ့သြဖွယ်နိမိတ်လက္ခဏာကို ပြတော်မူပါမည်နည်း။ အရှင်အဘယ်အမှုကို လုပ်ဆောင်တော်မူမည်နည်း။- Garrad Bible အကျွန်ုပ်တို့သည်မြင်၍ ဆရာကိုယုံကြည်ရစေခြင်းငှါ မည်သည့်နိမိတ်လက္ခဏာကိုဆရာပြပါသနည်း။ မည်သည့်အမှုကို ဆောင်ရွက်ပါသနည်း။ Judson Bible ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့်မြင်၍ ကိုယ်တော်ကိုယုံကြည်မည်အကြောင်း အဘယ်နိမိတ်လက္ခဏာကို ပြတော်မူသနည်း။ အဘယ်အမှုကို ပြုတော်မူသနည်း။- မြန်မာ့စံမီသမ္မာကျမ်း သူတို့ကလည်း “သို့ဖြစ်လျှင် အကျွန်ုပ်တို့မြင်၍ ကိုယ်တော်ကိုယုံကြည်နိုင်ရန် မည်သို့သောနိမိတ်လက္ခဏာကို ကိုယ်တော်ပြုတော်မူမည်နည်း။ မည်သည့်အမှုကို ဆောင်ရွက်ပေးတော်မူမည်နည်း။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သူတို့က “ဆရာတော်ကို ယုံကြည်စေလိုပါက အကျွန်ုပ်တို့အား နိမိတ်လက္ခဏာကို ပြတော်မူပါ။ မည်သည့် အမှုကို ပြုတော်မူမည်နည်း။ မြန်မာ ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့်မြင်၍ ကိုယ်တော်ကိုယုံကြည်မည်အကြောင်း အဘယ်နိမိတ်လက္ခဏာကို ပြတော်မူသနည်း။ အဘယ်အမှုကို ပြုတော်မူသနည်း။- |
ထို့နောက်ပရောဖက်ကဆက်လက်၍``ဤယဇ်ပလ္လင် သည်ပြိုကွဲ၍ ပလ္လင်ပေါ်ရှိပြာတို့သည်လည်းပျံ့ လွင့်လိမ့်မည်။ ထိုအခါငါ့အားဖြင့်ဤစကား ကိုထာဝရဘုရားမိန့်တော်မူကြောင်းသင် သိလိမ့်မည်'' ဟုဟောလေ၏။
ပရောဖက်သည်ထာဝရဘုရား၏နှုတ်ကပတ် တော်ကိုကြိုတင်ဖော်ပြခဲ့သည့်အတိုင်း ယဇ်ပလ္လင် သည်လည်းရုတ်တရက်ပြိုကွဲကာပြာတို့သည် မြေပေါ်သို့ဖိတ်စင်၍ကျလေသည်။-
``ဣသရေလအမျိုးသားတို့သည်သင့်ကို မယုံ၊ သင်ပထမဦးစွာပြသောသက်သေ ကိုလည်းလက်မခံလျှင်သင်၏ဒုတိယသက် သေကိုလက်ခံကြလိမ့်မည်။-
``အကယ်၍ဖာရောဘုရင်က`ငါယုံနိုင်ရန် နိမိတ်လက္ခဏာကိုပြလော့' ဟုဆိုလျှင်သင် သည်အာရုန်အား`ဘုရင်ရှေ့၌သင်၏တောင် ဝှေးကိုပစ်ချရန်ပြောလော့။ တောင်ဝှေးသည် မြွေဖြစ်လိမ့်မည်'' ဟူ၍မိန့်တော်မူ၏။-
သင်တို့က၊``ငါတို့တွေ့မြင်ရကြစေရန်ထာဝရ ဘုရားသည် မိမိမိန့်တော်မူသည့်အတိုင်းအလျင် အမြန်ပြုတော်မူပါစေသော။ ဣသရေလအမျိုး သားတို့၏သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင်သည် မိမိ၏အကြံအစည်တော်တို့ကို အကောင်အထည်ဖော်တော်မူပါစေသော။ ကိုယ်တော်၏အကြံအစည်တော်ကိုငါ တို့ကြည့်ကြကုန်အံ့'' ဟုဆိုချေသည်။
ဣသရေလရှင်ဘုရင်၊ မေရှိယအရှင်သည် လက်ဝါးကပ်တိုင်မှယခုဆင်းခဲ့ပါစေ။ သို့ ဆင်းသည်ကိုမြင်ရလျှင်ငါတို့ယုံကြည် ပေအံ့'' ဟုအချင်းချင်းပြောဆိုလျက် သရော်ကြ၏။ ကိုယ်တော်နှင့်အတူလက်ဝါးကပ်တိုင်တွင် အတင်ခံရသောသူများကလည်း ကိုယ်တော် ကိုပြက်ရယ်ပြုကြ၏။
ဖာရိရှဲအချို့တို့သည်ရောက်လာ၍ ကိုယ်တော်နှင့် အခြေအတင်ဆွေးနွေးကြ၏။ သူတို့သည်ပရိ ယာယ်ဆင်၍ ``ဘုရားသခင်သည်ကိုယ်တော်အား နှစ်သက်တော်မူကြောင်းသက်သေပြရန် နိမိတ် လက္ခဏာတစ်ပါးကိုပြတော်မူပါ'' ဟုကိုယ်တော် အားတောင်းဆိုကြ၏။-
ဆောင်ရွက်လျှင်မူကားငါ့ကိုမယုံသော်လည်း ငါ၏ဆောင်ရွက်ချက်များကိုယုံကြလော့။ သို့ မှသာလျှင်ခမည်းတော်သည်ငါနှင့်တစ်လုံး တစ်ဝတည်းရှိတော်မူလျက် ငါသည်လည်း ခမည်းတော်နှင့်တစ်လုံးတစ်ဝတည်းရှိသည် ကို သင်တို့သိမြင်နားလည်ကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
သူတို့၏မျက်မှောက်တွင်များစွာသောနိမိတ် လက္ခဏာတို့ကိုပြတော်မူခဲ့သော်လည်း သူတို့သည်ကိုယ်တော်ကိုမယုံကြည်ကြ။-
ယုဒအာဏာပိုင်တို့က ``သင်သည်ဤအမှု အရာများကိုပြုလုပ်ပိုင်ကြောင်းသိသာ စေရန် ငါတို့အားအဘယ်နိမိတ်လက္ခဏာ ကိုပြပါမည်နည်း'' ဟုဆိုကြ၏။
ဤသို့ကိုယ်တော်ပြတော်မူသောအံ့သြဖွယ် နိမိတ်လက္ခဏာကိုမြင်ကြရသောသူတို့က ``ဤသူကားလောကသို့ကြွလာတော်မူမည် ဟုဆိုသောပရောဖက်အမှန်ပင်ဖြစ်၏'' ဟု ဆိုကြ၏။-
သူနာများအားရောဂါပျောက်ကင်းစေတော် မူသည်ကိုတွေ့မြင်ခဲ့ကြသဖြင့် လူပရိသတ် ကြီးသည်နောက်တော်သို့လိုက်ကြ၏။-
သို့ရာတွင်သင်တို့သည်ငါ့ကိုတွေ့မြင်ကြ သော်လည်းမယုံကြည်ကြဟုငါဆိုခဲ့ပြီ။-
လူတို့၏အနာရောဂါများကိုပျောက်ကင်း စေရန် ကိုယ်တော်ရှင်၏လက်တော်ကိုဆန့်တော် မူပါ။ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သော အစေခံသခင်ယေရှု၏နာမတော်အားဖြင့် နိမိတ်လက္ခဏာနှင့်အံ့သြဖွယ်ရာများကို ပြုတော်မူပါ။''
ယုဒအမျိုးသားတို့ကနိမိတ်လက္ခဏာများ ကိုတောင်းခံကြ၏။ ဂရိအမျိုးသားတို့က ဉာဏ်ပညာကိုရှာဖွေကြ၏။-
တစ်ချိန်တည်းမှာပင်ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများနှင့် ထူးဆန်းသောတန်ခိုးအမျိုးမျိုးတို့ကို ပြတော်မူခြင်းအားဖြင့်လည်းကောင်း၊ သန့်ရှင်း သောဝိညာဉ်တော်သည်မိမိအလိုတော် အတိုင်း ဆုကျေးဇူးများကိုဝေငှတော်မူ ခြင်းအားဖြင့်လည်းကောင်းထပ်လောင်း သက်သေပြတော်မူ၏။