မင်းကြီးက``ထာဝရဘုရား၏ဗျာဒိတ်တော်ကို ငါကြေငြာမည်။ ကိုယ်တော်ကငါ့အား`သင်သည်ငါ၏သား ဖြစ်၏။ ယနေ့ပင်လျှင်ငါသည်သင်၏အဖဖြစ်လာ ပြီ။
ရှင်ယောဟန် 6:27 - Common Language Bible ပုပ်ပျက်တတ်သောအစာအာဟာရအတွက် မကြိုးပမ်းကြနှင့်။ ထာဝရအသက်ကိုရရှိ စေသောမပုပ်ပျက်နိုင်သောအစာအာဟာရ အတွက်ကြိုးပမ်းကြလော့။ ဘုရားသခင်သည် လူသားအားတန်ခိုးအာဏာကိုအပ်နှင်းတော် မူသည်ဖြစ်၍ လူသားသည်ထိုအစာအာဟာရ ကိုသင်တို့အားပေးတော်မူလိမ့်မည်'' ဟုမိန့် တော်မူ၏။ Garrad Bible ပျက်စီးတတ်သောအစာအတွက် မလုပ်ဆောင်ကြနှင့်။ ခမည်းတော်ဘုရားသခင်တံဆိပ်ခတ်တော်မူပြီးသော လူ့သားပေးမည့်ထာဝရအသက်ကို တည်မြဲစေသောအစာအတွက်လုပ်ဆောင်ကြလော့ဟု မိန့်တော်မူ၏။ Judson Bible မုန့်ကိုစား၍ ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကို ရခြင်းငှာ မကြိုးစားကြနှင့်။ လူသားသည် သင်တို့အားပေး၍ ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကို ရခြင်းငှာ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ပျက်စီးတတ်သောအစားအစာအတွက်မဟုတ်ဘဲ လူ့သားသည် သင်တို့ကိုပေးမည့် ထာဝရအသက်တိုင်အောင်တည်မြဲသောအစားအစာအတွက် လုပ်ဆောင်ကြလော့။ အကြောင်းမူကား ခမည်းတော်ဘုရားသည် ထိုလူ့သားကို တံဆိပ်ခတ်နှိပ်တော်မူ၏”ဟု ပြန်၍မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပုပ်သိုးပျက်စီးတတ်သောအစားအစာများအတွက် မကြိုးပမ်းကြနှင့်။ လူသားပေးတော်မူမည့် ထာဝရအသက်အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခမည်းတော်ဘုရားသခင်၏ တံဆိပ်ခတ်နှိပ်ခြင်းကို ခံရသောသူဖြစ်သောကြောင့်ပင်” ဟု မိန့်တော်မူ၏။ မြန်မာ မုန့်ကိုစား၍ ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကို ရခြင်းငှာ မကြိုးစားကြနှင့်။ လူသားသည် သင်တို့အားပေး၍ ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကို ရခြင်းငှာ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။ |
မင်းကြီးက``ထာဝရဘုရား၏ဗျာဒိတ်တော်ကို ငါကြေငြာမည်။ ကိုယ်တော်ကငါ့အား`သင်သည်ငါ၏သား ဖြစ်၏။ ယနေ့ပင်လျှင်ငါသည်သင်၏အဖဖြစ်လာ ပြီ။
သို့ဖြစ်၍ကျွန်တော်မျိုးပြန်လျှောက်ထားပါ၏။ ``ကျွန်တော်မျိုးအသင့်ရှိပါ၏။ ကျွန်တော်မျိုးအတွက်ကိုယ်တော်ရှင်ပေးတော် မူသော ညွှန်ကြားချက်များသည်ပညတ်ကျမ်း၌ပါ ရှိပါ၏။
လူကြိုးစားအားထုတ်သမျှတို့၌ ဝမ်းဘို့သာ ကြိုးစားအားထုတ်သော်လည်း၊ စားချင်သော စိတ်မပြေ နိုင်။
ထာဝရဘုရားက ``ဤသူသည်ခွန်အားနှင့်ငါပြည့်ဝစေသောသူ၊ ငါ၏အစေခံ၊ငါနှစ်သက်မြတ်နိုး၍ ရွေးချယ်ထားသူဖြစ်၏။ ငါသည်မိမိ၏တန်ခိုးတော်ကိုသူ့အား အပ်နှင်းတော်မူပြီ။ သူသည်လည်းလူမျိုးတကာတို့ကို တရားမျှတစွာစီရင်အုပ်ချုပ်လိမ့်မည်။
အစာအာဟာရမဖြစ်သည့်အရာအတွက် အဘယ်ကြောင့်ငွေအကုန်အကျခံကြပါ မည်နည်း။ သင်၏လုပ်အားခများကိုအကုန်ခံကာ အဘယ်ကြောင့်မွတ်သိပ်လျက်နေကြပါ မည်နည်း။ ငါ့စကားကိုနားထောင်လျက်၊ငါပြောသည့်အတိုင်း ပြုလုပ်ကြပါမူ သင်တို့သည်အမွန်မြတ်ဆုံးသောအစားအစာ များကို စားသောက်ရကြလိမ့်မည်။
ကိုယ်တော်ရှင်ဗျာဒိတ်ပေးတော်မူသောအခါ ကျွန်တော်မျိုးသည်လုံးစေ့ပတ်စေ့နားထောင် ပါ၏။ နှုတ်ကပတ်တော်တို့သည်ကျွန်တော်မျိုး ၏စိတ်နှလုံးကိုရွှင်ပြုံးအားရစေပါ၏။ အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်၏ နာမတော်ကိုဆောင်ပါ၏။-
သင်တို့နှိမ်နင်းအောင်မြင်သည့်လူမျိုးတို့သည်% အချည်းနှီးအလုပ်ကြမ်းကိုလုပ်လျက်ပင်ပန်း% နွမ်းနယ်ရကြပေသည်။ သူတို့တည်ဆောက်ခဲ့% သမျှသောအဆောက်အဦတို့သည်မီးလောင်% ကျွမ်း၍သွားလေပြီ။ ဤအမှုကားအနန္တ% တန်ခိုးရှင်ထာဝရဘုရားပြုတော်မူသော% အမှုဖြစ်၏။-%
ဤသို့ပေတရုလျှောက်ထားစဉ်ပင်တောက်ပသော မိုးတိမ်တိုက်တစ်ခု၏အရိပ်သည်သူတို့အပေါ် သို့ကျလာ၏။ မိုးတိမ်တိုက်ထဲမှ ``ဤသူကား ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်မြတ်နိုး၏။ သူ၏စကားကို နားထောင်ကြလော့'' ဟုအသံတော်ထွက်ပေါ် လာ၏။
ထို့ကြောင့်ထိုသူတို့သည်ထာဝရအပြစ်ဒဏ်ခံ ရကြလိမ့်မည်။ သူတော်ကောင်းတို့မူကားထာဝရ ချမ်းသာသို့ဝင်စားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
ထိုနောက် ``ဤသူကားငါ၏ချစ်သားဖြစ်၏။ သူ့ကိုငါနှစ်သက်မြတ်နိုး၏'' ဟုကောင်းကင်မှ အသံတော်ပေါ်ထွက်လာ၏။
``သံချေးပိုးရွဖျက်ဆီးတတ်၍သူခိုးဋ္ဌားပြ ထွင်းဖောက်ခိုးယူနိုင်သောလောကဘဏ္ဍာကို မစုဆောင်းကြနှင့်။-
သခင်ယေရှုက ``မြေခွေးမှာတွင်းရှိ၏။ ငှက်မှာ အသိုက်ရှိ၏။ လူသားမှာမူကားခေါင်းချစရာ နေရာမျှမရှိ'' ဟုမိန့်တော်မူ၏။
ကောင်းကင်မှလည်း ``သင်ကားငါနှစ်သက်မြတ်နိုး ရာ ငါ၏ချစ်သာ၈ပေတည်း'' ဟုအသံတော်ထွက် ပေါ်လာ၏။
ထိုနောက်မိုးတိမ်တိုက်တစ်ခုသည်ပေါ်လာ၍သူတို့ အပေါ်သို့တိမ်ရိပ်ကျလေသည်။ ``ဤသူကားငါ ၏ချစ်သားဖြစ်၏။ သူ၏စကားကိုနားထောင် လော့'' ဟုမိုးတိမ်ကအသံတော်ထွက်ပေါ်လာ၏။-
သန့်ရှင်းသောဝိညာဉ်တော်သည်ချိုးငှက်အသွင် ဖြင့် ကိုယ်ခန္ဓာပုံသဏ္ဌာန်ထင်ရှားစွာဖြင့်ကိုယ်တော် ၏အပေါ်သို့ဆင်းသက်တော်မူ၏။ မိုးကောင်းကင် မှ ``သင်ကားငါနှစ်သက်မြတ်နိုးရာငါ၏ချစ် သားပေတည်း'' ဟုအသံတော်ထွက်ပေါ်လာ၏။
မိုးတိမ်တိုက်သူတို့အပေါ်သို့ရောက်လာသော အခါသူတို့သည်ကြောက်လန့်ကြ၏။ မိုးတိမ် ထဲက ``ဤသူကားငါ၏သားတော်ဖြစ်၏။ သူ့ အားငါရွေးကောက်တော်မူပြီ။ သူ၏စကား ကိုနားထောင်ကြလော့'' ဟုအသံတော်ထွက် ပေါ်လာ၏။
ငါသည်သူတို့အားထာဝရအသက်ကိုပေးသည် ဖြစ်၍ သူတို့သည်သေခြင်းနှင့်အစဉ်မပြတ်ကင်း လွတ်ကြလိမ့်မည်။ အဘယ်သူမျှသူတို့ကိုငါ့ လက်မှလုယူ၍မရနိုင်။-
ကိုယ်တော်ရှင်သည်အစဉ်အမြဲအကျွန်ုပ် ၏ပတ္ထနာကိုနားညောင်းတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ သို့ရာတွင်အကျွန်ုပ်အား ကိုယ်တော်ရှင်စေလွှတ်တော်မူကြောင်းကို ဤ လူအပေါင်းတို့ယုံကြည်ကြစေရန် သူတို့၏ အကျိုးကိုထောက်၍အကျွန်ုပ်ဤသို့လျှောက် ပါ၏'' ဟုမြွက်ဆိုတော်မူ၏။-
သခင်ယေရှုက ``ငါသည်ခရီးလမ်းဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲအဘယ်သူမျှခမည်း တော်ထံသို့မရောက်နိုင်။-
အကယ်၍ငါသည်အခြားမည်သူမျှမပြု သည့်အမှုအရာများကိုသူတို့၏ရှေ့တွင် မပြုခဲ့လျှင် သူတို့၌အပြစ်ရှိမည်မဟုတ်။ ယခုမူကားသူတို့သည်ငါပြုသည့်အမှု အရာများကိုမြင်ရကြလေပြီ။ သို့ဖြစ်၍ ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်း ကောင်းမုန်းကြ၏။-
သားတော်သည်မိမိလက်သို့အပ်နှင်းထား သူတို့အားထာဝရအသက်ကိုပေးနိုင်ရန် ကိုယ်တော်သည်လူသားအပေါင်းတို့ကို စိုးပိုင်သောတန်ခိုးအာဏာကိုပေးတော် မူပါပြီ။-
ကိုယ်တော်၏ဟောပြောချက်ကိုလက်ခံသော သူမူကားယင်းသို့လက်ခံခြင်းအားဖြင့် ဘုရား သခင်သည်သစ္စာတော်ရှင်ဖြစ်ကြောင်းကို သက်သေခံသူဖြစ်၏။-
သားတော်ကိုဖူးမြင်၍ယုံကြည်လာသူ အပေါင်းတို့သည် ထာဝရအသက်ကိုရကြ စေရန်ခမည်းတော်အလိုတော်ရှိ၏။ ငါသည် လည်းသူတို့အား နောက်ဆုံးသောနေ့၌သေ ခြင်းမှရှင်ပြန်ထမြောက်စေမည်'' ဟုမိန့် တော်မူ၏။
အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ့ ကိုယုံကြည်သူသည်ထာဝရအသက်ကိုရ၏။-
ငါသည်ကောင်းကင်ဘုံမှဆင်းသက်သည့်အသက် အာဟာရဖြစ်၏။ ထိုအစာအာဟာရကိုမှီဝဲသူ သည်အစဉ်ထာဝရအသက်ရှင်လိမ့်မည်။ ငါပေး မည့်အစာအာဟာရသည် ကမ္ဘာသူကမ္ဘာသားတို့ အသက်ရှင်နိုင်ကြစေရန်ပေးသောငါ၏အသား ပေတည်း'' ဟုမိန့်တော်မူ၏။
သခင်ယေရှုက ``အမှန်အကန်သင်တို့အားငါ ဆိုသည်ကား လူသား၏အသားကိုမစား၊ သူ၏ သွေးကိုမသောက်ပါမူသင်တို့၌အသက်မရှိ။-
ငါ့အသားကိုစား၍ငါ့သွေးကိုသောက်သော သူသည် ထာဝရအသက်ကိုရ၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ထိုသူအားသေခြင်းမှ ရှင်ပြန်ထြေမာက်စေမည်။-
သို့ဖြစ်၍ဤအစာအာဟာရကားကောင်းကင် ဘုံမှဆင်းသက်သောအစာအာဟာရဖြစ်၏။ သင်တို့ဘိုးဘေးများစားသုံးကြရသည့် အစာအာဟာရမျိုးမဟုတ်။ ထိုအစာအာ ဟာရကိုသုံးဆောင်သူတို့သည်သေကြရ၏။ ဤ အစာအာဟာရကိုစားသူမူကားအစဉ် မပြတ်အသက်ရှင်လိမ့်မည်'' ဟုမိန့်တော်မူ၏။
အကယ်၍လူသားသည်မိမိနေရင်းရပ်ထံ သို့တက်ကြွတော်မူသည်ကိုမြင်ကြရပါမူ သင်တို့အဘယ်သို့ထင်မှတ်ကြမည်နည်း။-
ရှိမုန်ပေတရုက ``အရှင်၊ အကျွန်ုပ်တို့သည် မည်သူထံသို့သွားကြရပါမည်နည်း။ ကိုယ် တော်ရှင်သာလျှင်ထာဝရအသက်ဆိုင်ရာ တရားကိုဟောပါ၏။-
ငါသည်ကိုယ့်အကြောင်းကိုသက်သေခံ၏။ ငါ့ ကိုစေလွှတ်တော်မူသောခမည်းတော်ကလည်း ငါ့အကြောင်းကိုသက်သေခံ၏'' ဟုမိန့်တော် မူ၏။
နာဇရက်မြို့သားယေရှုသည်ဘုရားသခင် ထံတော်မှသန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုး တော်အဘယ်သို့ခံယူရရှိသည်အကြောင်းကို လည်းကောင်းသင်တို့သိကြ၏။ ဘုရားသခင် သည်ကိုယ်တော်နှင့်အတူရှိတော်မူသဖြင့် ကိုယ်တော်သည်အရပ်ရပ်သို့လှည့်လည်၍ လူ တို့အားကျေးဇူးပြုလျက်မာရ်နတ်နှိပ်စက် သူအပေါင်းတို့အားကျန်းမာစေတော်မူခဲ့၏။-
``အို ဣသရေလအမျိုးသားတို့၊ ငါ့စကား ကိုနားထောင်ကြလော့။ ဘုရားသခင်သည်ထူး ဆန်းအံ့သြဖွယ်ရာများနှင့်နိမိတ်လက္ခဏာ များကို နာဇရက်မြို့သားယေရှုအားဖြင့်ပြ တော်မူခဲ့၏။ သို့ဖြစ်၍ထိုအရှင်သည်ဘုရား သခင်၏တန်ခိုးအာဏာတော်နှင့်ပြည့်ဝသူ ဖြစ်ကြောင်းသိသာထင်ရှားပေသည်။ ထိုအဖြစ် အပျက်များမှာသင်တို့ရှေ့မှောက်တွင်ဖြစ်ပျက် ခဲ့သဖြင့် ယင်းတို့ကိုသင်တို့ကိုယ်တိုင်သိရှိ ကြသည်။-
သူ့အားဘုရားသခင်ယင်းသို့လက်ခံတော်မူ ပြီးမှအာဗြဟံသည်အရေဖျားလှီးမင်္ဂလာ ခံရ၏။ ထိုအရေဖျားလှီးမင်္ဂလာကားဘုရား သခင်သည်အာဗြဟံ၏ယုံကြည်မှုကိုထောက် လျက် အရေဖျားလှီးမင်္ဂလာမခံမီဖြောင့်မတ်သူ အဖြစ်လက်ခံတော်မူကြောင်းကိုသက်သေပြ သောအမှတ်လက္ခဏာပင်ဖြစ်၏။ သို့ဖြစ်၍ အာဗြဟံသည်အရေဖျားလှီးမင်္ဂလာကို မခံသော်လည်းဘုရားသခင်ကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်သူအဖြစ်ကိုယ်တော် လက်ခံသူအပေါင်းတို့၏အဖဖြစ်လာ ၏။-
အပြစ်တရား၏အခကားသေခြင်းဖြစ်၏။ သို့ရာတွင်ဘုရားသခင်အခမဲ့ပေးတော် မူသောဆုကျေးဇူးတော်ကား ငါတို့၏အရှင် ယေရှုခရစ်နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်း အားဖြင့်ရရှိသောထာဝရအသက်ပေတည်း။
``အစားအစာသည်ဝမ်းအတွက်ဖြစ်၏။ ဝမ်း သည်လည်းအစားအစာအတွက်ဖြစ်၏'' ဟု သင်တို့ဆိုလိမ့်မည်။ ဤစကားသည်မှန်ပေ၏။ သို့ရာတွင်ဘုရားသခင်သည်ထိုအရာနှစ်ခု လုံးကိုဖျက်ဆီးပစ်တော်မူလိမ့်မည်။ ကိုယ်ခန္ဓာ သည်ကာမဂုဏ်လိုက်စားရန်အတွက်မဟုတ်။ သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်ရန် အတွက်ဖြစ်၏။ ဘုရားသခင်သည်လည်းကိုယ် ခန္ဓာလိုအပ်သည်များကိုချပေးတော်မူ၏။-
အခြားသူများသည်ငါ့အားတမန်တော် အဖြစ်ဖြင့်လက်မခံကြစေကာမူ သင်တို့ လက်ခံကြသည်မဟုတ်ပါလော။ ငါသည် သခင်ဘုရား၏တမန်တော်ဖြစ်ကြောင်း သက်သေပြရန်မှာ သခင်ဘုရားနှင့်တစ် လုံးတစ်ဝတည်းရှိပြီးအသက်ရှင်ကြ သောသင်တို့ပင်ဖြစ်ပေသည်။
ငါတို့သည်မျက်စိဖြင့်မြင်နိုင်သောအရာ များကိုအာရုံမစိုက်ဘဲမျက်စိဖြင့်မမြင် နိုင်သောအရာများကိုသာအာရုံစိုက်ကြ၏။ မျက်စိဖြင့်မြင်နိုင်သောအရာများသည် ခေတ္တခဏမျှသာတည်၍မျက်စိဖြင့်မမြင် နိုင်သောအရာများမူကားထာဝရစဉ် တည်သတည်း။
ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ပါက အရေဖျားလှီးမင်္ဂလာခံသည်မခံ သည်မှာအရေးမကြီးပေ။ အရေးကြီးသည့် အရာမှာမေတ္တာတရားကိုပေါ်လွင်စေသည့် ယုံကြည်ခြင်းပင်ဖြစ်သတည်း။
သင်တို့က`အကျွန်ုပ်တို့သည်ပညတ်တရား တော်ကိုကြားနာစောင့်ထိန်းနိုင်ရန် အဘယ် သူသည်သမုဒ္ဒရာကိုဖြတ်ကူး၍အကျွန်ုပ် တို့ထံသို့ယူဆောင်ခဲ့ပါမည်နည်း' ဟူ၍ မေးမြန်းရလောက်အောင်သမုဒ္ဒရာတစ် ဖက်စွန်း၌ရှိသည်မဟုတ်။-
ဤတာဝန်လုပ်ငန်းကိုငါကြိုးပမ်းလုပ်ဆောင် လျက်ရှိစဉ်ခရစ်တော်သည် ငါ့အားကြီးမား သောတန်ခိုးစွမ်းရည်ကိုပေးတော်မူသည်။ ထို တန်ခိုးစွမ်းရည်သည်ငါ၏အထဲ၌လုပ် ဆောင်လျက်ရှိ၏။
ထိုဥပဒေများသည်အသုံးပြုပြီးနောက်အသုံး မဝင်တော့သည့်အရာများနှင့်စပ်ဆိုင်၏။ ယင်းတို့ အားလုံးပင်လျှင်လူလုပ်သည့်ဥပဒေများ၊ သွန် သင်ချက်များသာဖြစ်သည်။-
လောကတွင်ရှိသောအရာတို့ကိုစိတ်မစွဲ လမ်းဘဲ အထက်ဘုံ၌ရှိသောအရာတို့ကို စိတ်စွဲလမ်းကြလော့။-
သို့ရာတွင်ဘုရားသခင်ချထားတော်မူ သည့်အုတ်မြစ်သည်ခိုင်ခံ့လျက်ရှိပေသည်။ ထိုအုတ်မြစ်ပေါ်တွင်``ထာဝရဘုရားသည် မိမိ၏လူစုတော်အားသိတော်မူ၏'' ဟူ၍ လည်းကောင်း၊``သခင်ဘုရား၏နာမတော်ကို ခံရသူအပေါင်းတို့သည်မကောင်းမှုကို ရှောင်ကြဉ်ရကြမည်'' ဟူ၍လည်းကောင်း ကမ္ပည်းရေးထိုး၍ထားသတည်း။
အဘယ်သူမျှဧသောကဲ့သို့မသမာသူ၊ လောကီဆန်သူမဖြစ်စေနှင့်။ ဧသောသည် သားဦးအရာကိုထမင်းတစ်နပ်စာဖြင့် ရောင်းခဲ့ပေသည်။-
သို့ဖြစ်၍မယုံကြည်သဖြင့်ငြိမ်ဝပ်ရာချမ်း သာကိုမရရှိသောသူတို့ကဲ့သို့ မည်သူမျှ မဖြစ်စေဘဲငြိမ်ဝပ်ရာချမ်းသာကိုရရှိ နိုင်ရန်ငါတို့သည်အစွမ်းကုန်ကြိုးစား ကြစို့။
နေပူရှိန်သည်အပင်ကိုခြောက်သွေ့စေ၍ အပွင့်ကိုကြွေကျစေ၏။ သို့ဖြစ်၍ယင်း၏ တင့်တယ်လှပမှုသည်ပျက်စီးရသကဲ့သို့ ချမ်းသာကြွယ်ဝသူသည် မိမိ၏အလုပ် အကိုင်ကိုဆောင်ရွက်လျက်နေစဉ်ပျောက် ကွယ်ရလိမ့်မည်။
``လူသားအပေါင်းတို့သည်မြက်ပင်နှင့်လည်း ကောင်း၊ သူတို့၏ဘုန်းအသရေသည်မြက်ပွင့် နှင့်လည်းကောင်းတူကြ၏။ မြက်ပင်သည်ညှိုးနွမ်းခြောက်သွေ့၍သွားတတ်၏။ မြက်ပွင့်များသည်လည်းကြွေ၍ကျတတ်၏။
အကြီးမြတ်ဆုံးသောဘုန်းအသရေရောင်ခြည် တော်ရှင်က``ဤသူကားငါနှစ်သက်မြတ်နိုး သောငါ၏ချစ်သားဖြစ်၏'' ဟူသောအသံ တော်မိန့်တော်မူသောအချိန်၌ ခမည်းတော် ဘုရားသခင်ထံတော်မှကိုယ်တော်သည်ဂုဏ် အသရေတော်နှင့်ဘုန်းအသရေတော်ကို ခံယူတော်မူ၏။-