သခင်ယေရှုကထိုသူတို့အား ``သင်တို့မြင်ရ ကြားရသည့်အရာများကိုယောဟန်ထံသွား ၍ပြောပြကြလော့။-
ရှင်ယောဟန် 5:36 - Common Language Bible သို့ရာတွင်ယောဟန်၏သက်သေခံချက်ထက် ကြီးမြတ်သည့်သက်သေခံချက်ငါ့မှာရှိ၏။ ခမည်းတော်ငါ့အားပေးအပ်သဖြင့် ယခုငါ လုပ်ဆောင်လျက်ရှိသည့်အမှုအရာများကပင် ငါ့ကိုခမည်းတော်စေလွှတ်တော်မူကြောင်းကို သက်သေခံကြ၏။- Garrad Bible သို့သော်လည်း ငါ၌ယောဟန်၏သက်သေထက်ကြီးမြတ်သောသက်သေရှိသေး၏။ ငါဆောင်ရွက်ပြီးစီးစေရန်ခမည်းတော်လွှဲအပ်တော်မူ၍ ငါဆောင်ရွက်သောအမှုများကပင် ငါ့ကိုခမည်းတော်စေလွှတ်တော်မူလိုက်ကြောင်း သက်သေခံ၏။ Judson Bible ယောဟန်၏သက်သေထက် သာ၍ကြီးသောသက်သေသည် ငါ၌ရှိ၏။ အကြင်အမှုတို့ကို ငါပြီးစီးစေခြင်းငှာ ခမည်းတော်သည် ငါ့လက်သို့ အပ်ပေးတော်မူ၍၊ ငါပြုသော ထိုအမှုတို့သည်လည်း ငါ့ဘက်၌နေ၍၊ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်အကြောင်းကို သက်သေခံကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါ၌မူကား ယောဟန်ထက် ကြီးမြတ်သောသက်သေခံချက်ရှိ၏။ ငါပြီးမြောက်အောင်ဆောင်ရွက်ရန် ငါ့အားခမည်းတော်ပေးအပ်တော်မူသောအမှုများဖြစ်သည့် ယခုငါပြုနေသောအမှုများကပင် ခမည်းတော်သည် ငါ့အားစေလွှတ်တော်မူကြောင်းကို သက်သေခံကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ယောဟန်၏ သက်သေထက် ကြီးမြတ်သော သက်သေသည် ငါ၌ ရှိ၏။ ခမည်းတော်သည် ငါ့အား ထိုအမှုတို့ကို ပြီးမြောက်အောင် ဆောင်ရွက်ရန် ပေးအပ်တော်မူ၏။ ထိုအမှုတို့ကပင် ငါ့ကို ခမည်းတော်စေလွှတ်တော်မူကြောင်း သက်သေခံကြ၏။ မြန်မာ ယောဟန်၏သက်သေထက် သာ၍ကြီးသောသက်သေသည် ငါ၌ရှိ၏။ အကြင်အမှုတို့ကို ငါပြီးစီးစေခြင်းငှာ ခမည်းတော်သည် ငါ့လက်သို့ အပ်ပေးတော်မူ၍၊ ငါပြုသော ထိုအမှုတို့သည်လည်း ငါ့ဘက်၌နေ၍၊ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်အကြောင်းကို သက်သေခံကြ၏။- |
သခင်ယေရှုကထိုသူတို့အား ``သင်တို့မြင်ရ ကြားရသည့်အရာများကိုယောဟန်ထံသွား ၍ပြောပြကြလော့။-
သူငယ်တော်က ``အဘယ်ကြောင့်အကျွန်ုပ်ကိုရှာ ကြပါသနည်း။ အကျွန်ုပ်သည်ခမည်းတော်၏အိမ် တွင်ရှိနေရမည်ကိုမသိကြပါသလော'' ဟု ပြန်ပြော၏။-
သခင်ယေရှုက ``သင်တို့အားငါပြောပြီးဖြစ် ၏။ သို့ရာတွင်သင်တို့မယုံကြ။ ခမည်းတော်ခွင့် ပြုတော်မူချက်အရငါပြုသည့်အမှုအရာ များက ငါ့အကြောင်းကိုသက်သေခံလျက်ရှိ၏။-
အချို့သောသူတို့ကမူ ``မျက်မမြင်ကို မျက်စိမြင်စေသောသူသည်လာဇရုကို မသေရအောင်မတတ်နိုင်ပါသလော'' ဟု ဆိုကြ၏။
အကယ်၍ငါသည်အခြားမည်သူမျှမပြု သည့်အမှုအရာများကိုသူတို့၏ရှေ့တွင် မပြုခဲ့လျှင် သူတို့၌အပြစ်ရှိမည်မဟုတ်။ ယခုမူကားသူတို့သည်ငါပြုသည့်အမှု အရာများကိုမြင်ရကြလေပြီ။ သို့ဖြစ်၍ ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်း ကောင်းမုန်းကြ၏။-
ဤလောကတွင်အကျွန်ုပ်သည်ကိုယ်တော်၏ ဘုန်းအသရေကိုထွန်းတောက်စေပါပြီ။ ကိုယ် တော်အကျွန်ုပ်အားပေးအပ်တော်မူသောအမှု တော်ကိုအပြီးတိုင်ဆောင်ရွက်ပြီးပါပြီ။-
ယေရုရှလင်မြို့တွင်ကျင်းပသည့်ပသခါပွဲ ၌ ကိုယ်တော်ပြတော်မူသည့်အံ့ဖွယ်သောနိမိတ် လက္ခဏာများကိုတွေ့မြင်ရကြသဖြင့် လူ အမြောက်အမြားပင်ကိုယ်တော်အားယုံကြည် လာကြ၏။-
သားတော်ကိုလောကသို့စေလွှတ်တော်မူသည် မှာ လောကသားတို့အားအပြစ်စီရင်ရန် မဟုတ်။ လောကသားတို့ကိုကယ်တင်ရန် ဖြစ်၏။
သူသည်ညဥ့်အခါကိုယ်တော်၏ထံသို့လာ၍ ``အရှင်ဘုရား၊ ဘုရားသခင်အတူပါရှိတော် မမူလျှင် အဘယ်သူမျှအရှင်ပြတော်မူသော အံ့ဖွယ်နိမိတ်လက္ခဏာများကိုပြနိုင်မည် မဟုတ်ပါ။ သို့ဖြစ်၍အရှင်သည်ဘုရားသခင် စေလွှတ်တော်မူသောဆရာဖြစ်ကြောင်းကို အကျွန်ုပ်တို့သိကြပါ၏'' ဟုလျှောက်၏။
ကိုယ်တော်က ``ငါ၏အစားအစာကားငါ့ကို စေလွှတ်တော်မူသောအရှင်၏အလိုတော်ကို လိုက်နာ၍ ထိုအရှင်ပေးအပ်သည့်အမှုတော် ကိုပြီးစီးအောင်ဆောင်ရွက်ခြင်းပင်ဖြစ်၏။-
သို့ရာတွင်ငါ့အကြောင်းကိုသက်သေခံသူ တစ်ပါးရှိ၏။ သူ၏သက်သေခံချက်သည်မှန် ကန်ကြောင်းကိုငါသိ၏။-
``အို ဣသရေလအမျိုးသားတို့၊ ငါ့စကား ကိုနားထောင်ကြလော့။ ဘုရားသခင်သည်ထူး ဆန်းအံ့သြဖွယ်ရာများနှင့်နိမိတ်လက္ခဏာ များကို နာဇရက်မြို့သားယေရှုအားဖြင့်ပြ တော်မူခဲ့၏။ သို့ဖြစ်၍ထိုအရှင်သည်ဘုရား သခင်၏တန်ခိုးအာဏာတော်နှင့်ပြည့်ဝသူ ဖြစ်ကြောင်းသိသာထင်ရှားပေသည်။ ထိုအဖြစ် အပျက်များမှာသင်တို့ရှေ့မှောက်တွင်ဖြစ်ပျက် ခဲ့သဖြင့် ယင်းတို့ကိုသင်တို့ကိုယ်တိုင်သိရှိ ကြသည်။-
ငါတို့သည်လူတို့၏သက်သေခံချက်ကို လက်ခံတတ်ကြ၏။ ဘုရားသခင်၏သက်သေ ခံတော်မူချက်မှာ လူတို့၏သက်သေခံချက် ထက်ပို၍ပင်ခိုင်လုံ၏။ ကိုယ်တော်သည်သား တော်၏အကြောင်းသက်သေခံတော်မူပြီ။-