Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 5:36 - မြန်မာ

36 ယော​ဟန်၏​သက်​သေ​ထက် သာ၍​ကြီး​သော​သက်​သေ​သည် ငါ၌​ရှိ၏။ အ​ကြင်​အ​မှု​တို့​ကို ငါ​ပြီး​စီး​စေ​ခြင်း​ငှာ ခ​မည်း​တော်​သည် ငါ့​လက်​သို့ အပ်​ပေး​တော်​မူ၍၊ ငါ​ပြု​သော ထို​အ​မှု​တို့​သည်​လည်း ငါ့​ဘက်၌​နေ၍၊ ခ​မည်း​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

36 သို့​ရာ​တွင်​ယော​ဟန်​၏​သက်​သေ​ခံ​ချက်​ထက် ကြီး​မြတ်​သည့်​သက်​သေ​ခံ​ချက်​ငါ့​မှာ​ရှိ​၏။ ခ​မည်း​တော်​ငါ့​အား​ပေး​အပ်​သ​ဖြင့် ယ​ခု​ငါ လုပ်​ဆောင်​လျက်​ရှိ​သည့်​အ​မှု​အ​ရာ​များ​က​ပင် ငါ့​ကို​ခ​မည်း​တော်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို သက်​သေ​ခံ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

36 သို့သော်လည်း ငါ၌ယောဟန်၏သက်သေထက်ကြီးမြတ်သောသက်သေရှိသေး၏။ ငါဆောင်ရွက်ပြီးစီးစေရန်ခမည်းတော်လွှဲအပ်တော်မူ၍ ငါဆောင်ရွက်သောအမှုများကပင် ငါ့ကိုခမည်းတော်စေလွှတ်တော်မူလိုက်ကြောင်း သက်သေခံ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

36 ယော​ဟန်၏​သက်​သေ​ထက် သာ၍​ကြီး​သော​သက်​သေ​သည် ငါ၌​ရှိ၏။ အ​ကြင်​အ​မှု​တို့​ကို ငါ​ပြီး​စီး​စေ​ခြင်း​ငှာ ခ​မည်း​တော်​သည် ငါ့​လက်​သို့ အပ်​ပေး​တော်​မူ၍၊ ငါ​ပြု​သော ထို​အ​မှု​တို့​သည်​လည်း ငါ့​ဘက်၌​နေ၍၊ ခ​မည်း​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

36 ငါ​၌​မူကား ယောဟန်​ထက် ကြီးမြတ်​သော​သက်သေခံ​ချက်​ရှိ​၏။ ငါ​ပြီးမြောက်​အောင်​ဆောင်ရွက်​ရန် ငါ့​အား​ခမည်းတော်​ပေးအပ်​တော်မူ​သော​အမှု​များ​ဖြစ်​သည့် ယခု​ငါ​ပြု​နေ​သော​အမှု​များ​က​ပင် ခမည်းတော်​သည် ငါ့​အား​စေလွှတ်​တော်မူ​ကြောင်း​ကို သက်သေခံ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

36 သို့သော် ယောဟန်​၏ သက်သေ​ထက် ကြီးမြတ်သော သက်သေ​သည် ငါ​၌ ရှိ၏။ ခမည်းတော်​သည် ငါ့​အား ထို​အမှုတို့​ကို ပြီးမြောက်​အောင် ဆောင်ရွက်​ရန် ပေးအပ်တော်မူ၏။ ထို​အမှုတို့​ကပင် ငါ့​ကို ခမည်းတော်​စေလွှတ်တော်မူကြောင်း သက်သေခံကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 5:36
17 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​က​လည်း၊ သင်​တို့​သည် ကြား​ရ​သ​မျှ မြင်​ရ​သ​မျှ​တို့​ကို သွား၍ ယော​ဟန်​အား ကြား​လျှောက်​ကြ​လော့။-


ယေ​ရှု​က၊ မိ​ဘ​သည် အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို ရှာ​ရ​ပါ​သ​နည်း။ အ​ကျွန်ုပ်​သည် အ​ဘ၏​အိမ်၌ နေ​ရ​သည်​ကို မ​သိ​ပါ​သ​လော​ဟု ပြော​ဆို​လျှင်၊-


ယေ​ရှု​က​လည်း၊ ငါ​ပြော​ပြီ။ သင်​တို့​သည် မ​ယုံ​ကြ။ ငါ့​ခ​မည်း​တော်၏​အ​ခွင့်​နှင့် ငါ​ပြု​သော​အ​မှု​တို့​သည် ငါ၏​သက်​သေ​ဖြစ်​ကြ၏။-


အ​ချို့​တို့​က၊ မျက်​စိ​ကန်း​သော​သူ​ကို မြင်​စေ​တော်​မူ​သော ဤ​သ​ခင်​သည်၊ လာ​ဇ​ရု​ကို မ​သေ​စေ​ခြင်း​ငှာ မ​တတ်​နိုင်​သ​လော​ဟု​ဆို​ကြ၏။


ငါ​သည် အ​ခြား​သူ​မ​ပြု​ဖူး​သော​အ​မှု​ကို ထို​သူ​တို့​ရှေ့​မှာ​မ​ပြု​လျှင် သူ​တို့၌​အ​ပြစ်​မ​ရှိ။ ယ​ခု​မူ​ကား၊ သူ​တို့​သည် ထို​အ​မှု​ကို​မြင်​ရ၍ ငါ​နှင့် ငါ့​ခ​မည်း​တော်​ကို မုန်း​ကြ၏။-


အ​ကျွန်ုပ်​သည် မြေ​ကြီး​ပေါ်​မှာ ကိုယ်​တော်​ကို ဘုန်း​ထင်​ရှား​စေ​ပါ​ပြီ။ အ​ကျွန်ုပ်​ဆောင်​ရွက်​စ​ရာ​ဖို့ အ​ကျွန်ုပ်၌ အပ်​ပေး​တော်​မူ​သော​အ​မှု​ကို အ​ကျွန်ုပ်​ဆောင်​ရွက်၍ ပြီး​ပါ​ပြီ။-


ပ​သ​ခါ​ပွဲ​အ​တွင်း​တွင် ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့၌​ရှိ၍၊ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို များ​စွာ​သော​သူ​တို့​သည် မြင်​ရ​သ​ဖြင့် ကိုယ်​တော်​ကို ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။-


လော​ကီ​သား​တို့​အား အ​ပြစ်​စီ​ရင်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည်​သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ လော​ကီ​သား​တို့​သည် ကိုယ်​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​သို့​ရောက်​မည်​အ​ကြောင်း စေ​လွှတ်​တော်​မူ၏။-


ည​အ​ခါ ယေ​ရှု​ထံ​တော်​သို့​လာ၍၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည်​ပြ​တော်​မူ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ဘု​ရား​သ​ခင်၏​အ​ခွင့်​မ​ရှိ​လျှင် အ​ဘယ်​သူ​မျှ မ​ပြ​နိုင်​သည်​ကို အ​ကျွန်ုပ်​တို့​သည်​ထောက်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ကြွ​လာ​တော်​မူ​သော ဆ​ရာ​ဖြစ်​ကြောင်း​ကို သိ​ကြ​ပါ၏​ဟု​လျှောက်​သော်၊-


ယေ​ရှု​က၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ၏ အ​လို​တော်​ကို​ဆောင်​ခြင်း၊ သူ၏​အ​မှု​တော်​ကို ပြီး​စီး​ခြင်း​အ​မှု​သည် ငါ့​စား​စ​ရာ​ဖြစ်၏။-


ငါ၏​အ​ကြောင်း​ကို သက်​သေ​ခံ​သော​သူ တစ်​ပါး​ရှိ​သေး၏။ ထို​သူ၏​သက်​သေ​တည်​ကြောင်း​ကို ငါ​သိ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ