ထို့နောက်ပရောဖက်ကဆက်လက်၍``ဤယဇ်ပလ္လင် သည်ပြိုကွဲ၍ ပလ္လင်ပေါ်ရှိပြာတို့သည်လည်းပျံ့ လွင့်လိမ့်မည်။ ထိုအခါငါ့အားဖြင့်ဤစကား ကိုထာဝရဘုရားမိန့်တော်မူကြောင်းသင် သိလိမ့်မည်'' ဟုဟောလေ၏။
ရှင်ယောဟန် 2:18 - Common Language Bible ယုဒအာဏာပိုင်တို့က ``သင်သည်ဤအမှု အရာများကိုပြုလုပ်ပိုင်ကြောင်းသိသာ စေရန် ငါတို့အားအဘယ်နိမိတ်လက္ခဏာ ကိုပြပါမည်နည်း'' ဟုဆိုကြ၏။ Garrad Bible ယုဒလူမျိုးတို့က၊ ဤသို့သင်ပြုသည်မှာ မည်သည့်နိမိတ်လက္ခဏာကိုပြသနည်း ဟုမေးကြသော်၊ Judson Bible ယုဒလူတို့ကလည်း၊ သင်သည် ဤသို့ပြုလျှင် အဘယ်နိမိတ်လက္ခဏာကို ငါတို့အား ပြမည်နည်းဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဂျူးလူမျိုးတို့က ကိုယ်တော်အား “သင်သည် ဤသို့ပြုခြင်းအတွက် မည်သည့်နိမိတ်လက္ခဏာကို ငါတို့အားပြမည်နည်း”ဟု ဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂျူးခေါင်းဆောင်တို့က “ဤအခွင့်ကို ဘုရားသခင်ထံမှ ရသည်မှန်လျှင် မည်သည့်နိမိတ်လက္ခဏာအားဖြင့် ငါတို့အား သက်သေပြမည်နည်း” ဟု ဆိုကြ၏။ မြန်မာ ယုဒလူတို့ကလည်း၊ သင်သည် ဤသို့ပြုလျှင် အဘယ်နိမိတ်လက္ခဏာကို ငါတို့အား ပြမည်နည်းဟု ဆိုကြ၏။- |
ထို့နောက်ပရောဖက်ကဆက်လက်၍``ဤယဇ်ပလ္လင် သည်ပြိုကွဲ၍ ပလ္လင်ပေါ်ရှိပြာတို့သည်လည်းပျံ့ လွင့်လိမ့်မည်။ ထိုအခါငါ့အားဖြင့်ဤစကား ကိုထာဝရဘုရားမိန့်တော်မူကြောင်းသင် သိလိမ့်မည်'' ဟုဟောလေ၏။
``အကယ်၍ဖာရောဘုရင်က`ငါယုံနိုင်ရန် နိမိတ်လက္ခဏာကိုပြလော့' ဟုဆိုလျှင်သင် သည်အာရုန်အား`ဘုရင်ရှေ့၌သင်၏တောင် ဝှေးကိုပစ်ချရန်ပြောလော့။ တောင်ဝှေးသည် မြွေဖြစ်လိမ့်မည်'' ဟူ၍မိန့်တော်မူ၏။-
ကိုယ်တော်သည်ဗိမာန်တော်သို့ပြန်လည်ကြွလာ တော်မူ၍ဟောပြောသွန်သင်တော်မူစဉ်ယဇ်ပုရော ဟိတ်ကြီးများနှင့်ဘာသာရေးခေါင်းဆောင်များသည် အထံတော်သို့ချဉ်းကပ်ကြပြီးလျှင် ``အရှင်သည် ဤအမှုအရာများကိုအဘယ်အခွင့်အာဏာနှင့် ပြုတော်မူပါသနည်း။ ထိုအခွင့်အာဏာကိုအရှင့် အားအဘယ်သူပေးအပ်ပါသနည်း'' ဟုမေး လျှောက်ကြ၏။
ဖာရိရှဲအချို့တို့သည်ရောက်လာ၍ ကိုယ်တော်နှင့် အခြေအတင်ဆွေးနွေးကြ၏။ သူတို့သည်ပရိ ယာယ်ဆင်၍ ``ဘုရားသခင်သည်ကိုယ်တော်အား နှစ်သက်တော်မူကြောင်းသက်သေပြရန် နိမိတ် လက္ခဏာတစ်ပါးကိုပြတော်မူပါ'' ဟုကိုယ်တော် အားတောင်းဆိုကြ၏။-
လူပရိသတ်တို့သည်စုရုံးလျက်နေကြစဉ် ကိုယ်တော်က ``ယခုခေတ်လူတို့သည်အလွန် ဆိုးညစ်လှပါသည်တကား။ သူတို့သည်နိမိတ် လက္ခဏာကိုတောင်းဆိုကြ၏။ သို့ရာတွင်ယောန ၏နိမိတ်လက္ခဏာမှတစ်ပါးအဘယ်နိမိတ် လက္ခဏာကိုမျှသူတို့အားပြလိမ့်မည်မဟုတ်။-
ယေရုရှလင်မြို့ရှိယုဒအမျိုးသားတို့သည် ယဇ်ပုရောဟိတ်နှင့် လေဝိအနွယ်ဝင်အချို့ တို့ကိုယောဟန်ထံသို့စေလွှတ်၍ ``သင်သည် အဘယ်သူနည်း'' ဟုမေးမြန်းစေကြ၏။
ထိုသူတို့က ``သင်သည်မေရှိယမဟုတ်၊ ဧလိယ လည်းမဟုတ်၊ ပရောဖက်လည်းမဟုတ်ပါမူအဘယ် ကြောင့်ဗတ္တိဇံမင်္ဂလာကိုပေးပါသနည်း'' ဟု မေးကြ၏။
ထိုသူတို့က ``အရှင့်အားအကျွန်ုပ်တို့ယုံကြည်နိုင် ကြစေရန် အဘယ်အံ့သြဖွယ်နိမိတ်လက္ခဏာကို ပြတော်မူပါမည်နည်း။ အရှင်အဘယ်အမှုကို လုပ်ဆောင်တော်မူမည်နည်း။-
ထိုသူတို့သည်မိမိတို့ရှေ့တွင်တမန်တော် နှစ်ပါးကိုရပ်စေ၍``သင်တို့သည်မည်သည့် တန်ခိုး၊ မည်သည့်နာမအားဖြင့်ဤအမှု ကိုပြုသနည်း'' ဟုမေးမြန်းကြ၏။
သူက``ထိုနာမကိုအမှီပြု၍ဟောပြောသွန် သင်ခြင်းမပြုရန် သင်တို့အားငါတို့ကျပ်တည်း စွာအမိန့်ပေးခဲ့၏။ သို့ရာတွင်ယခုသင်တို့ သည်ယေရုရှလင်မြို့တစ်မြို့လုံးတွင် အနှံ့ အပြားဟောပြောသွန်သင်ကြလေပြီ။ ထို သူသေရသည်မှာငါတို့ကြောင့်ဖြစ်သည်ဟူ ၍ သင်တို့အပြစ်တင်လိုကြသည်တကား'' ဟုတမန်တော်တို့အားပြောကြားကြ ၏။