လူကိုကြောက်ရွံ့ခြင်း သဘောသည် ကျော့ကွင်း ကို ထောင် တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူ ကား လုံခြုံလိမ့်မည်။
ရှင်ယောဟန် 19:13 - Common Language Bible ဤစကားကိုကြားသောအခါပိလတ်မင်း သည်သခင်ယေရှုကိုအပြင်သို့ထုတ်ဆောင် ခဲ့ပြီးလျှင် ကျောက်ပြားစင်္ကြံပေါ်ရှိတရား ခွင်တွင်ထိုင်လေ၏။ (ထိုစင်္ကြံကိုဟေဗြဲ ဘာသာဖြင့်ဂဗ္ဗသဟုခေါ်၏။)- Garrad Bible ထိုစကားကို ပိလတ်မင်းကြားသော် ယေရှုကိုထုတ်ပြ၍ ဟေဗြဲဘာသာဖြင့်ဂဗ္ဗသအမည်တွင်လျက် ကျောက်ခင်းခေါ်ဌာနရှိတရားခွင်တွင်၊ Judson Bible ထိုစကားကိုကြားလျှင် ပိလတ်မင်းသည် ယေရှုကိုပြင်သို့ထုတ်ပြီးမှ၊ ဟေဗြဲစကားအားဖြင့် ဂဗ္ဗသအမည်ရှိ၍ ကျောက်ခင်းဟုခေါ်ဝေါ်သောအရပ်၌ တရားပလ္လင်ပေါ်မှာထိုင်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ပိလတ်မင်းသည် ထိုစကားတို့ကိုကြားသောအခါ ယေရှုကို အပြင်သို့ခေါ်ဆောင်လာ၍ ဟေဗြဲဘာသာစကားအားဖြင့် ဂဗ္ဗသအမည်ရှိသည့် ကျောက်ခင်းစင်္ကြံဟုခေါ်ဝေါ်သောနေရာမှ တရားပလ္လင်ပေါ်တွင် ထိုင်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုစကားကို ကြားသောအခါ ပိလတ်မင်းသည် ယေရှုကို သူတို့ရှေ့၌ ပြန်လည်ခေါ်ထုတ်၍ ကျောက်ပြားခင်းထားသောဝင်းဟု ခေါ်သည့် နေရာ၌ ရှိသောတရားခွင်တွင် ထိုင်လေ၏။ ထိုစင်္ကြံကို ဟေဗြဲဘာသာဖြင့် “ဂဗ္ဗသ” ဟု ခေါ်ဆို၏။ မြန်မာ ထိုစကားကိုကြားလျှင် ပိလတ်မင်းသည် ယေရှုကိုပြင်သို့ထုတ်ပြီးမှ၊ ဟေဗြဲစကားအားဖြင့် ဂဗ္ဗသအမည်ရှိ၍ ကျောက်ခင်းဟုခေါ်ဝေါ်သောအရပ်၌ တရားပလ္လင်ပေါ်မှာထိုင်လေ၏။- |
လူကိုကြောက်ရွံ့ခြင်း သဘောသည် ကျော့ကွင်း ကို ထောင် တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူ ကား လုံခြုံလိမ့်မည်။
ကျေးရွာ၌ ဆင်းရဲသားတို့ကို ညှဉ်းဆဲခြင်း၊ တရားလမ်းမှလွှဲ၍၊ မတရားသဖြင့် အနိုင်အထက်စီရင် စီရင်ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိ သည်ကို အံ့ဩခြင်းမရှိနှင့်။ ကြီးမြင့်သောသူတယောက်ကို တယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံး သောသူသည် ကြည့်မှတ်လျက်ရှိတော်မူ၏။
ထာဝရဘုရားက``ငါ့အားလိမ်လည်ပြော ဆို၍လုံးဝမေ့လျော့၍အမှတ်မရကြ သည့်တိုင်အောင် သင်တို့ကြောက်လန့်ကြသည့် ဘုရားများကားအဘယ်သူများပေနည်း။ ငါသည်ကြာမြင့်စွာဆိတ်ဆိတ်နေခဲ့သဖြင့် သင်တို့သည်ငါ့ကိုမကြောက်တော့ဘဲရှိနေ ကြပါသလော။-
သို့ရာတွင်ဇေဒကိမင်းက``ဗာဗုလုန်အမျိုး သားတို့ဘက်သို့ထွက်ပြေးကြသောယုဒ အမျိုးသားတို့ကိုငါကြောက်၏။ အကယ် ၍ငါသည်သူတို့လက်သို့အအပ်ခံရခဲ့ သော်သူတို့သည်ငါ့အားအပြင်းအထန် ညှင်းဆဲကြလိမ့်မည်'' ဟုဆို၏။
သင်တို့ပျိုးပင်အတွက်မိုးရေအလိုဆုံး သောအချိန်တွင်ငါသည်မိုးခေါင်စေခဲ့၏။ တစ်မြို့ပေါ်၌သာရွာသွန်းစေပြီးကျန်တစ် မြို့ပေါ်သို့မရွာစေရန် တားခဲ့သူမှာငါပင် ဖြစ်၏။ လယ်တစ်ခင်းသည်မိုးကိုရ၍ကျန် တစ်ခင်းမှာမူသွေ့ခြောက်ခဲ့လေပြီ။-
ပိလတ်မင်းသည်တရားခွင်တွင်ထိုင်လျက်နေစဉ် သူ၏ဇနီးသည်လူတစ်ယောက်ကိုစေလွှတ်၍ ``ထို အပြစ်ကင်းသူနှင့်ပတ်သက်၍မည်သည့်အရာ ကိုမျှမပြုပါနှင့်။ အကျွန်ုပ်သည်ယမန်ညက အိပ်မက်တွင်သူ၏အတွက်စိတ်ဒုက္ခများစွာ ရောက်ရပါ၏'' ဟုပြောစေ၏။
သင်တို့ကြောက်သင့်သူကိုငါဖော်ပြမည်။ ကိုယ် ခန္ဓာကိုသတ်ပြီးနောက်သင်တို့အားငရဲသို့ ချနိုင်သူဘုရားသခင်ကိုကြောက်ကြလော့။ သင်တို့အားငါဆိုသည်ကားထိုအရှင်ကို ကြောက်ကြလော့။
ကိုယ်တော်သည်ဦးခေါင်းခွံဟုနာမည်တွင်သော အရပ်သို့မိမိ၏လက်ဝါးကပ်တိုင်ကိုထမ်း လျက်ကြွတော်မူ၏။ (ထိုအရပ်ကိုဟေဗြဲ ဘာသာအားဖြင့် ``ဂေါလဂေါသ'' ဟုခေါ် သတည်း။)-
သခင်ယေရှုကိုလက်ဝါးကပ်တိုင်တွင်တင် ၍သတ်သည့်အရပ်မှာမြို့နှင့်နီးကပ်သဖြင့် လူအများပင်ထိုကမ္ပည်းလိပ်စာကိုဖတ် ကြည့်ကြ၏။ ကမ္ပည်းလိပ်စာကိုယုဒဘာသာ၊ လက်တင်ဘာသာနှင့်ဂရိဘာသာတို့ဖြင့် ရေးသားထားသည်။-
ယေရုရှလင်မြို့သိုးတံခါးအနီးမှာရေကန် ရှိ၏။ ထိုရေကန်ကိုဟေဗြဲစကားဖြင့်ဗေသေ သဒဟုခေါ်၏။ ထိုရေကန်ကိုမုခ်ငါးခုဖြင့် ခြံရံထား၏။-
သို့ရာတွင်ပေတရုနှင့်ယောဟန်တို့က``ငါ တို့သည်ဘုရားသခင်၏စကားကိုနား ထောင်ရမည်လော။ သို့မဟုတ်သင်တို့၏စကား ကိုနားထောင်ရမည်လော။ ဘုရားသခင်၏ ရှေ့တော်တွင်အဘယ်သူ၏စကားကိုနား ထောင်သင့်ကြောင်း သင်တို့ကိုယ်တိုင်ပင်အဆုံး အဖြတ်ပေးကြလော့။-