Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 19:13 - မြန်မာ

13 ထို​စ​ကား​ကို​ကြား​လျှင် ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​ပြင်​သို့​ထုတ်​ပြီး​မှ၊ ဟေ​ဗြဲ​စ​ကား​အား​ဖြင့် ဂ​ဗ္ဗ​သ​အ​မည်​ရှိ၍ ကျောက်​ခင်း​ဟု​ခေါ်​ဝေါ်​သော​အ​ရပ်၌ တ​ရား​ပ​လ္လင်​ပေါ်​မှာ​ထိုင်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ဤ​စ​ကား​ကို​ကြား​သော​အ​ခါ​ပိ​လတ်​မင်း သည်​သ​ခင်​ယေ​ရှု​ကို​အ​ပြင်​သို့​ထုတ်​ဆောင် ခဲ့​ပြီး​လျှင် ကျောက်​ပြား​စင်္ကြံ​ပေါ်​ရှိ​တ​ရား ခွင်​တွင်​ထိုင်​လေ​၏။ (ထို​စင်္ကြံ​ကို​ဟေ​ဗြဲ ဘာ​သာ​ဖြင့်​ဂဗ္ဗ​သ​ဟု​ခေါ်​၏။)-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ထိုစကားကို ပိလတ်မင်းကြားသော် ယေရှုကိုထုတ်ပြ၍ ဟေဗြဲဘာသာဖြင့်ဂဗ္ဗသအမည်တွင်လျက် ကျောက်ခင်းခေါ်ဌာနရှိတရားခွင်တွင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ထို​စ​ကား​ကို​ကြား​လျှင် ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​ပြင်​သို့​ထုတ်​ပြီး​မှ၊ ဟေ​ဗြဲ​စ​ကား​အား​ဖြင့် ဂ​ဗ္ဗ​သ​အ​မည်​ရှိ၍ ကျောက်​ခင်း​ဟု​ခေါ်​ဝေါ်​သော​အ​ရပ်၌ တ​ရား​ပ​လ္လင်​ပေါ်​မှာ​ထိုင်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ပိလတ်​မင်း​သည် ထို​စကား​တို့​ကို​ကြား​သောအခါ ယေရှု​ကို အပြင်​သို့​ခေါ်ဆောင်​လာ​၍ ဟေဗြဲ​ဘာသာစကား​အားဖြင့် ဂဗ္ဗသ​အမည်​ရှိ​သည့် ကျောက်ခင်း​စင်္ကြံ​ဟု​ခေါ်ဝေါ်​သော​နေရာ​မှ တရားပလ္လင်​ပေါ်တွင် ထိုင်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ထို​စကား​ကို ကြား​သောအခါ ပိလတ်မင်း​သည် ယေရှု​ကို သူတို့​ရှေ့​၌ ပြန်လည်​ခေါ်ထုတ်​၍ ကျောက်ပြား​ခင်းထားသော​ဝင်း​ဟု ခေါ်သည့် နေရာ​၌ ရှိသော​တရားခွင်​တွင် ထိုင်လေ၏။ ထို​စင်္ကြံ​ကို ဟေဗြဲဘာသာ​ဖြင့် “ဂဗ္ဗသ” ဟု ခေါ်ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 19:13
16 ပူးပေါင်းရင်းမြစ်များ  

ထို​မှ​တစ်​ပါး တ​ရား​ပ​လ္လင်​ပေါ်​မှာ ထိုင်​စဉ်​တွင်၊ မိ​မိ​ခင်​ပွန်း​သည် လု​လင်​တစ်​ယောက်​ကို စေ​လွှတ်၍၊ ထို​ဖြောင့်​မတ်​သော​သူ​ကို အ​ဘယ်​သို့​မျှ မ​ပြု​ပါ​နှင့်။ ယ​နေ့​ပင် ကျွန်​မ​သည် ထို​သူ​ကြောင့် အိပ်​မက်၌ ပြင်း​စွာ​ခံ​ရ​ပါ​ပြီ​ဟု မှာ​လိုက်၏။-


အ​ဘယ်​သူ​ကို ကြောက်​ရ​မည်​နည်း​ဟူ​မူ​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သတ်​ပြီး​မှ င​ရဲ​ထဲ​သို့ ချ​နိုင်​သော​သူ​ကို ကြောက်​ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​သူ​ကို ကြောက်​ကြ​လော့။-


ကိုယ်​တော်​သည် မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​လျက် ဦး​ခေါင်း​ခွံ​အ​ရပ်​ဟူ၍ တွင်​သော​အ​ရပ်​သို့ ထွက်​တော်​မူ၏။ ထို​အ​ရပ်​ကား၊ ဟေ​ဗြဲ​စ​ကား​အား​ဖြင့် ဂေါ​လ​ဂေါ​သ​အ​မည်​ရှိ၏။-


ယေ​ရှု​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​အ​ရပ်​သည် မြို့​နှင့်​နီး​သည်​ဖြစ်၍၊ ထို​လိပ်​စာ​ကို ဟေ​ဗြဲ​ဘာ​သာ၊ ဟေ​လ​သ​ဘာ​သာ၊ ရော​မ​ဘာ​သာ​အား​ဖြင့် ရေး​ထား​သော​ကြောင့် ယု​ဒ​လူ​များ​တို့​သည် ဖတ်​ကြ၏။-


ထို​စ​ကား​ကို​ကြား​လျှင် ပိ​လတ်​မင်း​သည်​သာ၍ ကြောက်​သ​ဖြင့်၊ အိမ်​တော်​ဦး​ထဲ​သို့ ဝင်​ပြန်၍၊-


ယေ​ရု​ရှ​လင်​မြို့၌ သိုး​တံ​ခါး​နား​မှာ ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် ဗေ​သေ​သ​ဒ​အ​မည်​ရှိ​သော ရေ​ကန်​ရှိ၏။ ထို​ရေ​ကန်​သည် က​နား​ပြင်​ငါး​ဆောင်​နှင့် ပြည့်​စုံ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ