ကိုယ်တော်ပြုတော်မူသောအမှုအရာတို့ကို ကျွန်တော်မျိုး၏သားချင်းတို့အားပြော ကြားပါမည်။ ထိုသူတို့စည်းဝေးရာတွင်ကျွန်တော်မျိုးသည် ကိုယ်တော်အားထောမနာပြုပါမည်။
ရှင်ယောဟန် 18:20 - Common Language Bible သခင်ယေရှုက ``ငါသည်လူအပေါင်းတို့ရှေ့ တွင်အစဉ်ပင်ပွင့်လင်းစွာဟောပြောသွန်သင် ခဲ့၏။ ယုဒအမျိုးသားအပေါင်းတို့စုဝေးရာ ဖြစ်သောတရားဇရပ်များနှင့်ဗိမာန်တော်တွင် ငါဟောပြောသွန်သင်ခဲ့၏။ အဘယ်အခါ၌ မျှလျှို့ဝှက်စွာမဟောပြောခဲ့။- Garrad Bible ယေရှုက ငါသည်လျှို့တဝှက်မဟောဘဲ လောကသားတို့အားအထင်အရှားဟောလျက်၊ ယုဒလူမျိုးအပေါင်းတို့စည်းဝေးရာ ဓမ္မာရုံများနှင့်ဗိမာန်တော်တွင် အစဉ်ဒေသနာပေးခဲ့ပြီ။ Judson Bible ယေရှုကလည်း၊ ငါသည်လောက၌ ထင်ရှားစွာဟောပြောပြီ။ ယုဒလူအပေါင်းတို့ စည်းဝေးရာ တရားဇရပ်၌လည်းကောင်း၊ ဗိမာန်တော်၌လည်ကောင်း၊ အစဉ်မပြတ် ဆုံးမဩဝါဒပေးပြီ။ မထင်ရှားဘဲ အလျှင်းမဟောမပြော။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ငါသည် လောက၌ ထင်ရှားစွာဟောပြောခဲ့၏။ ဂျူးလူမျိုးအပေါင်းတို့စုဝေးရာ ဝတ်ပြုစည်းဝေးကျောင်းနှင့် ဗိမာန်တော်၌ အစဉ်အမြဲသွန်သင်ခဲ့၏။ မည်သည့်အရာကိုမျှ လျှို့ဝှက်စွာမဟောပြောခဲ့ပေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ငါသည် ဤလောကတွင် လူသိရှင်ကြားဟောပြောခဲ့ပြီ။ လူအပေါင်းတို့သည် ငါသွန်သင်သမျှကို သိကြ၏။ ငါသည် ဂျူးလူမျိုးတို့စုဝေးရာဖြစ်သော ဝတ်ပြုဆောင်များနှင့် ဗိမာန်တော်၌ အစဉ်အမြဲဟောပြောသွန်သင်ခဲ့၏။ မည်သည့်အရာကိုမျှ လျှို့ဝှက်စွာမဟောပြောခဲ့ပါ။ မြန်မာ ယေရှုကလည်း၊ ငါသည်လောက၌ ထင်ရှားစွာဟောပြောပြီ။ ယုဒလူအပေါင်းတို့ စည်းဝေးရာ တရားဇရပ်၌လည်းကောင်း၊ ဗိမာန်တော်၌လည်ကောင်း၊ အစဉ်မပြတ် ဆုံးမဩဝါဒပေးပြီ။ မထင်ရှားဘဲ အလျှင်းမဟောမပြော။- |
ကိုယ်တော်ပြုတော်မူသောအမှုအရာတို့ကို ကျွန်တော်မျိုး၏သားချင်းတို့အားပြော ကြားပါမည်။ ထိုသူတို့စည်းဝေးရာတွင်ကျွန်တော်မျိုးသည် ကိုယ်တော်အားထောမနာပြုပါမည်။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ လူစုတော်ဝင်အပေါင်းတို့စုဝေးရာ၌ ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင် ကယ်တော်မူကြောင်းသတင်းကောင်းကို ပြောကြားပါ၏။ ဤအကြောင်းကိုကျွန်တော်မျိုးသည်အစဉ် မပြတ် ပြောကြားနေမည်ဖြစ်ကြောင်းကိုယ်တော်ရှင် သိတော်မူပါ၏။
ငါသည်လျှို့ဝှက်၍မဟောပြော။ ငါ၏အကြံအစည်တော်ကိုလည်း ထိမ်ဝှက်၍မထား။ ငါသည်ဣသရေလအမျိုးသားတို့အားလူသူ ကင်းမဲ့သည့်အရပ်တွင်ငါ့ကိုရှာဖွေစေသည် မဟုတ်။ ငါသည်ထာဝရဘုရားဖြစ်၏။ သစ္စာစကားကိုဆို၍အမှန်တရားကို ဖော်ထုတ်တတ်၏'' ဟုမိန့်တော်မူသော အရှင်ပင်ဖြစ်သတည်း။
``ယခုငါ၏အနီးသို့ချဉ်းကပ်၍ငါပြောဆို သည်ကို နားထောင်ကြလော့။ အစအဦးကပင်လျှင်ငါသည်သင်တို့အား ပွင့်လင်းစွာဖော်ပြခဲ့၏။ ထိုအဖြစ်အပျက်စ၍ဖြစ်စဉ်ကပင် ငါရှိခဲ့၏ ဟုမိန့်တော်မူ၏။ (ယခုထာဝရအရှင်ဘုရားသခင်သည်ငါ့ အားတန်ခိုးတော်ကိုပေး၍စေလွှတ်တော်မူ ပြီ။)
``လူတို့က `ကြည့်လော့။ မေရှိယသည်တောကန္တာရ တွင်ရှိသည်' ဟုဆိုလျှင်မသွားကြနှင့်။ `အိမ်ခန်း ထဲမှာရှိသည်' ဟုဆိုလျှင်လည်းမယုံကြနှင့်။-
ထိုနောက်ကိုယ်တော်ကလူပရိသတ်တို့အား``သင် တို့သည်ဋ္ဌားပြကိုဖမ်းသကဲ့သို့ငါ့ကိုဖမ်းရန် တုတ်များဋ္ဌားများနှင့်လာကြသလော။ ငါသည် နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင်ထိုင်၍ဟောပြော သွန်သင်နေစဉ်အခါသင်တို့သည်ငါ့ကိုမဖမ်း မဆီးခဲ့ကြ။-
ထိုအခါယဇ်ပုရောဟိတ်မင်းသည်မိမိ၏အဝတ် ကိုဆွဲဆုတ်ပြီးလျှင် ``ထိုသူသည်ဘုရားသခင်ကို ပြစ်မှားပြောဆိုချေပြီ။ ငါတို့သက်သေများထပ်၍ မလိုတော့ပြီ။ ဘုရားသခင်အားသူပြစ်မှားပြော ဆိုသည်ကိုသင်တို့ယခုကြားရကြပြီ။-
ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး ကြွတော်မူလျက်တရားဇရပ်များတွင်သွန် သင်တော်မူ၏။ နိုင်ငံတော်အကြောင်းသတင်း ကောင်းကိုဟောပြောတော်မူ၏။-
သခင်ယေရှုသည်မြို့ရွာရှိသမျှသို့လှည့်လည်ပြီး လျှင်တရားဇရပ်များတွင်သွန်သင်၍နိုင်ငံတော် အကြောင်းသတင်းကောင်းကိုဟောပြောလျက် အနာရောဂါအမျိုးမျိုးတို့ကိုပျောက်ကင်းစေ တော်မူ၏။-
ဤသွန်သင်ချက်ကိုကိုယ်တော်သည်ပွင့်လင်းစွာ မိန့်ကြားတော်မူသတည်း။ ထို့ကြောင့်ပေတရု သည် ကိုယ်တော်ကိုနေရာတစ်ခုသို့ပင့်ခေါ်ပြီး လျှင်အပြစ်တင်စကားလျှောက်လေသည်။-
ကိုယ်တော်သည်နေ့အခါများ၌ဗိမာန်တော် တွင်ဟောပြောသွန်သင်တော်မူပြီးလျှင် ညအခါ များ၌သံလွင်နာမည်တွင်သောတောင်ပေါ်သို့ သွား၍ညဥ့်ကိုလွန်စေတော်မူ၏။-
ကိုယ်တော်သည်တရားဇရပ်များမှာဟောပြော သွန်သင်တော်မူရာလူအပေါင်းတို့သည်ကိုယ် တော်ကိုချီးမွမ်းကြ၏။
သို့ဖြစ်၍အဘယ်ကြောင့်ငါ့ကိုစစ်ဆေးမေး မြန်းသနည်း။ ငါဟောပြောသွန်သင်သည်ကို ကြားနာကြရသူတို့အားမေးမြန်းလော့။ သူတို့အားငါမည်သို့ဟောပြောသည်ကို မေးမြန်းလော့။ ငါဟောပြောသည့်အရာတို့ ကိုသူတို့သိကြ၏'' ဟုမိန့်တော်မူ၏။
သခင်ယေရှုသည်ကပေရနောင်မြို့တရား ဇရပ်တွင်ဟောပြောသွန်သင်တော်မူစဉ်က ဤ သြဝါဒများကိုပေးတော်မူသတည်း။
ပွဲတော်ကျင်းပရက်ထက်ဝက်မျှလွန်သော အခါ သခင်ယေရှုသည်ဗိမာန်တော်သို့ကြွ ၍ဟောပြောသွန်သင်လျက်နေတော်မူ၏။-
ကြည့်ပါ။ သူသည်အထင်အရှားဟောပြောသွန် သင်လျက်နေ၏။ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အားမတားမြစ်ပါတကား။ ဤသူသည် မေရှိယအရှင်ဖြစ်ကြောင်းကိုအာဏာပိုင်တို့ ကအကယ်ပင်သိရှိကြလေသလော။ သို့ရာ တွင်ဤသူ၏ဇာတိကိုငါတို့သိကြ၏။-
ကိုယ်တော်သည်ဗိမာန်တော်ထဲတွင်ဟောပြော သွန်သင်လျက်နေတော်မူစဉ် ``သင်တို့ငါ့ကို သိကြ၏။ ငါအဘယ်ကလာသည်ကိုလည်း သိကြ၏။ သို့ရာတွင်ငါသည်ကိုယ့်အခွင့် အာဏာအရလာသည်မဟုတ်။ ငါ့ကိုစေ လွှတ်တော်မူသောအရှင်သည်သစ္စာနှင့်ပြည့်စုံ တော်မူ၏။ ထိုအရှင်ကိုသင်တို့မသိကြ။-
မည်သူမဆိုထင်ပေါ်ကျော်ကြားလိုလျှင် အဘယ်အမှုကိုမျှလျှို့ဝှက်စွာပြုလေ့မရှိ။ သင်သည်ဤသို့အံ့သြဖွယ်အမှုအရာများ ကိုပြုမည်ဆိုပါက သင်၏အကြောင်းကိုကမ္ဘာ ကသိအောင်ပြုပါလော့'' ဟုဆိုကြ၏။-
နောက်တစ်နေ့နံနက်စောစောဗိမာန်တော်သို့ တစ်ဖန်ကြွတော်မူသောအခါ လူအပေါင်းတို့ သည်အထံတော်သို့လာကြ၏။ ကိုယ်တော်သည် ထိုင်တော်မူလျက်ထိုသူတို့အားဟောပြော သွန်သင်တော်မူ၏။-
သင်တို့အကြောင်းနှင့်ပတ်သက်၍ငါပြောစရာ များစွာရှိ၏။ သင်တို့အားပြစ်တင်ရှုတ်ချစရာ လည်းများစွာရှိ၏။ ငါ့ကိုစေလွှတ်တော်မူသော အရှင်သည်သစ္စာတော်အရှင်ဖြစ်တော်မူ၏။ ထို အရှင်ထံမှငါကြားရသည့်တရားကိုသာ လျှင် ဤလောကသားတို့အားငါဟောပြော၏'' ဟုမိန့်တော်မူ၏။
အဂြိပ္ပဘုရင်မင်းမြတ်၊ ထိုအမှုအရာများ အကြောင်းကိုအရှင်သိတော်မူသည်ဖြစ်၍ အကျွန်ုပ်သည်အရှင်၏ရှေ့တော်တွင်ရဲဝံ့စွာ လျှောက်ထားခြင်းဖြစ်ပါသည်။ ထိုအမှုအရာ များသည်ချောင်ကြိုချောင်ကြားတွင်ဖြစ်ပျက် ခဲ့သည်မဟုတ်ပါ။ ယင်းအကြောင်းအရာ အလုံးစုံကိုအရှင်မင်းကြီးသိတော်မူ ပြီးဖြစ်သည်ဟုအကျွန်ုပ်ယုံကြည်ပါ၏။-