ကျွန်တော်မျိုးသည်အပြစ်ဆိုဖွယ်မရှိအောင် ကျင့်ကြံပါမည်။ ကိုယ်တော်သည်အဘယ်အခါမှကျွန်တော်မျိုး ထံသို့ ကြွလာတော်မူပါမည်နည်း။ ကျွန်တော်မျိုးသည်မိမိ၏အိမ်တွင်ဖြူစင်သည့် စိတ်သဘောထားဖြင့်ကျင့်ကြံပြုမူပါမည်။
ရှင်ယောဟန် 14:18 - Common Language Bible ``ငါသည်သင်တို့အားခိုကိုးရာမဲ့ဖြစ်စေ မည်မဟုတ်။ သင်တို့ထံသို့ငါလာဦးမည်။- Garrad Bible ငါသည် သင်တို့ကိုခိုကိုးရာမဲ့ပစ်ထားမည်မဟုတ်။ သင်တို့ထံငါလာဦးမည်။ Judson Bible ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှာ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့ လာဦးမည်။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့ကို မိဘမဲ့အဖြစ် ပစ်ထားမည်မဟုတ်။ သင်တို့ထံသို့ ငါပြန်လာဦးမည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် သင်တို့ကို မိဘမဲ့အဖြစ် မစွန့်ပစ်။ သင်တို့ထံသို့ ငါလာဦးမည်။ မြန်မာ ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှာ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့ လာဦးမည်။- |
ကျွန်တော်မျိုးသည်အပြစ်ဆိုဖွယ်မရှိအောင် ကျင့်ကြံပါမည်။ ကိုယ်တော်သည်အဘယ်အခါမှကျွန်တော်မျိုး ထံသို့ ကြွလာတော်မူပါမည်နည်း။ ကျွန်တော်မျိုးသည်မိမိ၏အိမ်တွင်ဖြူစင်သည့် စိတ်သဘောထားဖြင့်ကျင့်ကြံပြုမူပါမည်။
အို ထာဝရဘုရား၊ အကယ်၍ကျွန်တော်မျိုးသည်အမှောင်ဆုံး ချိုင့်ဝှမ်းကို ဖြတ်၍ပင်သွားရစေကာမူမကြောက်ပါ။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးနှင့်အတူရှိတော်မူသောကြောင့် ဖြစ်ပါ၏။
အို ဣသရေအမျိုးသားတို့၊ သင်တို့ကိုဖန်ဆင်းတော်မူသောထာဝရ ဘုရားက ``မကြောက်ကြနှင့်။ သင်တို့ကိုငါကွယ်ကာ စောင့်ရှောက်မည်။ သင်တို့အားနာမည်တပ်၍ငါခေါ်ယူပြီ။ သင်တို့ကိုငါပိုင်၏။
ထာဝရဘုရားက၊ ``သင်တို့ကိုခွန်အားဖြင့်ပြည့်ဝစေသူမှာငါပင် ဖြစ်၏။ မြက်ပင်တမျှသာအသက်ရှည်သူ သေမျိုးလူသားအား၊သင်တို့သည်အဘယ်ကြောင့် ကြောက်လန့်ရပါမည်နည်း။
ကျွန်တော်မျိုးတို့၏ဖခင်များသည်ရန်သူ၏ သတ်ဖြတ်မှုကိုခံရကြလျက် မိခင်များမှာမုဆိုးမများ ဖြစ်ရကြပါ၏။
အာရှုရိဘုရင်သည်အကျွန်ုပ်တို့ကိုမ ကယ်နိုင်ပါ။ စစ်ရထားများသည်အကျွန်ုပ် တို့ကိုမကာကွယ်နိုင်ပါ။ အကျွန်ုပ်တို့လက် ဖြင့်လုပ်သောရုပ်တုများကို အကျွန်ုပ်တို့၏ ဘုရားဟုနောက်တစ်ဖန်မခေါ်တော့ပါ။ အို ထာဝရဘုရား၊ ကိုယ်တော်သည်ခိုကိုးရာ မဲ့သောသူတို့အားကြင်နာသနားတော် မူပါ၏။''
ငါတို့သည်ထာဝရဘုရားကိုသိကျွမ်း ရန်ကြိုးစားအားထုတ်ကြကုန်အံ့။ နံနက် အရုဏ်တက်မြဲတက်သကဲ့သို့လည်းကောင်း၊ မိုးရာသီတွင်မြေကြီးပေါ်သို့မိုးရွာမြဲ ရွာသကဲ့သို့လည်းကောင်း ကိုယ်တော်သည် ငါတို့ထံသို့မုချကြွလာတော်မူမည်'' ဟုဆိုကြ၏။
အဘယ်ကြောင့်ဆိုသော်လူနှစ်ယောက်သုံးယောက် တို့သည်ငါ့နာမကိုအမှီပြု၍စုဝေးလျှင် စု ဝေးရာတွင်သူတို့နှင့်အတူငါရှိမည်ဖြစ် သောကြောင့်တည်း။
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
ငါသည်ခမည်းတော်အားတောင်းလျှောက် သဖြင့်သင်တို့နှင့်အတူအစဉ်အမြဲရှိ၍ သင်တို့အားမစတော်မူသောအခြား အရှင်တစ်ပါးကိုပေးတော်မူလိမ့်မည်။-
ယင်းသို့သွား၍ပြင်ဆင်ပြီးမှသင်တို့ထံသို့ ငါပြန်လာ၍ ငါရှိရာအရပ်တွင်သင်တို့ရှိ နိုင်ကြစေရန် သင်တို့ကိုငါ့ထံသို့ခေါ်ဆောင် မည်။-
``အချိန်အနည်းငယ်ကြာလျှင်သင်တို့ငါ့ ကိုတွေ့မြင်ကြတော့မည်မဟုတ်။ ထို့နောက် အချိန်အနည်းငယ်ကြာပြန်သော်ငါ့ကို ပြန်၍တွေ့မြင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သင်တို့သည်လောကတွင်ဆင်းရဲဒုက္ခနှင့်တွေ့ ကြုံရလိမ့်မည်။ သို့ရာတွင်အားမငယ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ'' ဟုမိန့်တော် မူ၏။
ငါတို့အရှင်သခင်ယေရှုခရစ်ကိုယ်တော်တိုင် သည်လည်းကောင်း၊ ငါတို့ကိုချစ်တော်မူ၍ ကျေးဇူးတော်အားဖြင့်ခိုင်မြဲသည့်မျှော်လင့် ခြင်းနှင့်မြဲမြံသောရဲရင့်ခြင်းကိုပေးသနား တော်မူသောငါတို့အဖဘုရားသခင်သည် လည်းကောင်း၊-
ကိုယ်တော်သည်မိမိကိုယ်တိုင်ဆင်းရဲဒုက္ခနှင့် စုံစမ်းသွေးဆောင်ခြင်းကိုခံခဲ့ရသဖြင့် စုံ စမ်းသွေးဆောင်ခြင်းခံရသူတို့အားကူညီ မစခြင်းငှာတတ်နိုင်တော်မူသည်။