သို့ဖြစ်၍စားပွဲမှထ၍ဝတ်လုံတော်ကို ချွတ်တော်မူပြီးလျှင်ပဝါကိုယူ၍ခါး ကိုစည်းတော်မူ၏။-
စားတော်ခေါ်ရာမှထ၍ ဝတ်လုံတော်ကိုချွတ်ထားပြီးလျှင် ပုဝါတစ်ထည်ကိုကိုင်ယူခါးစည်းလျက် အင်တုံတွင်ရေထည့်၍၊
စားပွဲမှထ၍ ဝတ်လုံတော်ကိုချွတ်ပြီးလျှင်၊ ပဝါကိုယူ၍ ခါးကိုစည်းတော်မူ၏။-
ညစာစားပွဲမှထ၍ ဝတ်ရုံတော်ကိုချွတ်ပြီးလျှင် ပဝါကိုယူလျက် မိမိခါး၌စည်းတော်မူ၏။
ထို့ကြောင့် စားပွဲမှ ထ၍ အပေါ်ဝတ်ရုံတော်ကို ချွတ်ပြီးလျှင် ပဝါကို ခါး၌ စည်းတော်မူ၏။
ယောရှဖတ်မင်းက``ထာဝရဘုရားအားမေး လျှောက်ပေးမည့်ပရောဖက်တစ်ပါးမျှ ဤအရပ် တွင်မရှိပါသလော'' ဟုမေး၏။ ယောရံ၏တပ်များမှတပ်မှူးတစ်ယောက်က``ရှာ ဖတ်၏သားဧလိရှဲရှိပါသည်။ သူသည်ဧလိယ ၏လက်ထောက်ဖြစ်ခဲ့ဖူးပါ၏'' ဟုလျှောက်လေ၏။
အစေခံတို့စောင့်မျှော်နေကြသည်ကို သခင် ပြန်ရောက်ချိန်၌တွေ့ရှိရ၏။ ထိုအစေခံတို့ သည်မင်္ဂလာရှိကြ၏။ သင်တို့အားအမှန် အကန်ငါဆိုသည်ကား သခင်သည်ထို အစေခံတို့ကိုဧည့်သည်များအဖြစ်စား ပွဲတွင်ထိုင်စေလျက် မိမိကိုယ်တိုင်ခါးကို စည်းကာဧည့်ခံကျွေးမွေးလိမ့်မည်။-
``သင်တို့တွင်အဘယ်သူသည်မိမိ၏လယ်လုပ် သားအားသော်လည်းကောင်း၊ သိုးကျောင်းသားအား သော်လည်းကောင်းလယ်ကွင်းမှပြန်လာသောအခါ `ညစာစားရန်အလျင်အမြန်လာ၍ထိုင်လော့' ဟုဆိုမည်နည်း။-
ထိုသို့ဆိုမည့်အစား `ငါ၏အတွက်ညစာကို ပြင်လော့။ ငါစားသောက်စဉ်ခါးကိုစည်း၍ငါ့ အားလုပ်ကျွေးလော့။ ပြီးမှသင်စားသောက်လော့' ဟူ၍သာဆိုမည်မဟုတ်လော။-
စားပွဲထိုင်သူ၊ အစေခံသူတို့အနက်အဘယ်သူ သာ၍ကြီးမြတ်သနည်း၊ စားပွဲထိုင်သူမဟုတ် လော။ သို့ရာတွင်ငါသည်သင်တို့တွင်အစေခံသူ သဖွယ်ဖြစ်၏။
ကိုယ်တော်သည်တပည့်တော်တို့၏ခြေကိုဆေး ပြီးနောက် ဝတ်လုံတော်ကိုပြန်၍ဝတ်ပြီးလျှင် ထိုင်တော်မူ၏။ ကိုယ်တော်က ``သင်တို့အတွက် ငါပြုခဲ့သောအမှုအရာကိုနားလည်ကြ သလော။-
သင်တို့သည်ငါတို့၏အရှင်ယေရှုခရစ် ၏ကျေးဇူးတော်ကိုသိရှိကြ၏။ ကိုယ်တော် သည်ကြွယ်ဝတော်မူသော်လည်းသင်တို့၏ အကျိုးငှာဆင်းရဲခံတော်မူ၏။ ဆင်းရဲ ခံတော်မူရခြင်းမှာသင်တို့ကြွယ်ဝလာ စေရန်အတွက်ဖြစ်သတည်း။
``ငါတို့သည်အချင်းချင်းချစ်ရကြမည်'' ဟူ သောတရားတော်ကိုရှေးမဆွကပင်လျှင် သင်တို့ကြားနာခဲ့ရကြ၏။-