သူတို့သည်သူတပါး၌ အပြစ်မပြုရလျှင် မအိပ် တတ်။ တစုံတယောက်သော သူကိုမလဲစေလျှင် အိပ်၍ မပျော်တတ်။
ရှင်ယောဟန် 13:30 - Common Language Bible ယုဒရှကာရုတ်သည်မုန့်တစ်ဖဲ့ကိုခံယူ ပြီးလျှင်ချက်ချင်းထွက်ခွာသွားလေသည်။ ထိုအချိန်ကားညအချိန်ဖြစ်သတည်း။ Garrad Bible ယုဒလည်း ထိုတစ်လုပ်စာကိုခံယူပြီးလျှင်ပြီးချင်း ထွက်သွားလေ၏။ ထိုအချိန်ကား ညဉ့်အချိန်တည်း။ Judson Bible ယုဒရှကာရုတ်သည် မုန့်တစ်လုပ်စာကိုခံပြီးမှ ချက်ချင်းထွက်သွား၏။ ထိုအချိန်ကား ညအချိန်ဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း ယုဒသည် မုန့်တစ်ဖဲ့ကိုခံယူပြီးလျှင် ချက်ချင်းထွက်သွားလေ၏။ ထိုအချိန်ကား ညအချိန်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မုန့်တစ်ဖဲ့ကို စားပြီးလျှင် ယုဒသည် ချက်ချင်းထွက်သွားလေ၏။ သူထွက်သွားသောအချိန်သည် ညအချိန်ဖြစ်၏။ မြန်မာ ယုဒရှကာရုတ်သည် မုန့်တစ်လုပ်စာကိုခံပြီးမှ ချက်ချင်းထွက်သွား၏။ ထိုအချိန်ကား ညအချိန်ဖြစ်၏။ |
သူတို့သည်သူတပါး၌ အပြစ်မပြုရလျှင် မအိပ် တတ်။ တစုံတယောက်သော သူကိုမလဲစေလျှင် အိပ်၍ မပျော်တတ်။
သင်တို့သည်မကောင်းမှုတစ်ခုခုကိုထာဝ စဉ်ကြံစည်လျက် အပြစ်ကိုမဆိုင်းမတွ ပြုကျင့်တတ်ကြ၏။ အပြစ်မရှိသောသူ ကိုသတ်ရန်ပင်လျှင်လက်မနှေးကြ။ သင် တို့ရောက်လေရာအရပ်တိုင်း၌ဆုံးပါး ပျက်စီးမှုသာလျှင်ကျန်ရှိခဲ့တတ်၏။-
ငါသည်နေ့စဉ်နေ့တိုင်းဗိမာန်တော်မှာရှိစဉ်သင် တို့သည်အဘယ်ကြောင့်မဖမ်းဆီးကြသနည်း။ သို့ရာတွင်ဤအချိန်ကားသင်တို့၏အချိန်၊ အမိုက်မှောင်စိုးမိုးရာအချိန်တည်း'' ဟု မိန့်တော်မူ၏။
သခင်ယေရှုက ``ဤမုန့်တစ်ဖဲ့ကိုဟင်းပန်း ကန်တွင်နှစ်၍ငါပေးသူသည်ထိုသူပင်ဖြစ် ၏'' ဟုမိန့်တော်မူ၏။ ထိုနောက်မုန့်တစ်ဖဲ့ကို ဟင်းပန်းကန်တွင်နှစ်ပြီးလျှင် ရှိမုန်ရှကာရုတ် ၏သားယုဒအားပေးတော်မူ၏။-