ရှင်ယောဟန် 13:17 - Common Language Bible ဤသစ္စာစကားကိုသင်တို့ယခု သိကြလေ ပြီ။ ယင်းသို့သိသည့်အတိုင်းကျင့်သုံးကြပါ လျှင်မင်္ဂလာရှိကြ၏။ Garrad Bible သင်တို့သည် ဤအခြင်းအရာများကိုသိ၍ပြုကျင့်လျှင် မင်္ဂလာရှိ၏။ Judson Bible ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤအရာများကို သင်တို့သိမှတ်၍ ထိုအတိုင်းကျင့်သုံးလျှင် သင်တို့သည် မင်္ဂလာရှိကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအရာများကို သင်တို့ ယခုသိကြပြီ။ သိသည့်အတိုင်း ကျင့်သုံးလျှင် မင်္ဂလာရှိကြ၏။ မြန်မာ ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။- |
ကိုယ်တော်၏ကျွန်ဖြစ်သူကျွန်တော်မျိုးအား ထိုစီရင်တော်မူချက်များကအသိဉာဏ်ကို ပေးပါ၏။ ကျွန်တော်မျိုးသည်ယင်းတို့ကိုလိုက်နာ စောင့်ထိန်းသည်ဖြစ်၍အကျိုးကျေးဇူးများကို ခံယူရရှိပါ၏။
ဗျာဒိတ်တော်မရှိလျှင်၊ လူတို့သည် အကျိုးနည်း ဖြစ်ကြ၏။ တရားတော်ကို စောင့်သောသူမူကား မင်္ဂလာ ရှိ၏။
ထိုအခါထာဝရဘုရားက ငါ့အား``ယုဒ မြို့များနှင့်ယေရုရှလင်လမ်းများသို့သွား လော့။ ထိုအရပ်တို့တွင်ငါ၏ဗျာဒိတ်တော်ကို ကြေညာကာ၊ ပဋိညာဉ်တော်တွင်ပါရှိသည့် အချက်အလက်များကိုနားထောင်လိုက်နာ ကျင့်သုံးရန်သူတို့အားပြောကြားလော့။-
ငါ၏ဝိညာဉ်တော်ကိုလည်းသွင်းပေးပြီး လျှင် သင်တို့အားငါ၏ပညတ်တော်များ ကိုစောင့်ထိန်းစေမည်။ ငါ၏အမိန့်တော် တို့ကိုလည်းလိုက်နာစေမည်။-
ကောင်းကင်ဘုံရှင်ငါ့ခမည်းတော်၏အလိုတော် အတိုင်းဆောင်ရွက်သူမှန်သမျှသည်ငါ့ညီ၊ ငါ့ အစ်ကို၊ ငါ့အစ်မ၊ ငါ့နှမ၊ ငါ့အမိတို့ပေ တည်း'' ဟုမိန့်တော်မူ၏။
သို့ရာတွင်ကိုယ်တော်က ``ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုကြား၍လိုက်နာသူသည် မင်္ဂလာရှိ၏ဟုဆိုလျှင်ပို၍သင့်မြတ်လိမ့်မည်'' ဟူ၍မိန့်တော်မူ၏။
လူသည်ပညတ်တရားကိုကြားနာရုံဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ်သူ မဖြစ်နိုင်။ ပညတ်တရားပြဋ္ဌာန်းသည့်အတိုင်း ပြုကျင့်မှသာလျှင် ဘုရားသခင်နှင့်မှန်ကန် စွာဆက်သွယ်သူဖြစ်နိုင်၏။-
ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ပါက အရေဖျားလှီးမင်္ဂလာခံသည်မခံ သည်မှာအရေးမကြီးပေ။ အရေးကြီးသည့် အရာမှာမေတ္တာတရားကိုပေါ်လွင်စေသည့် ယုံကြည်ခြင်းပင်ဖြစ်သတည်း။
သို့ရာတွင်လူတို့အားအပြစ်အနှောင်အဖွဲ့မှ လွတ်မြောက်စေသောစုံလင်သည့်တရားကို သေချာစွာလေ့လာကြည့်ရှုသောသူကား တရားနာရုံသာနာ၍မေ့လျော့သောသူ မဟုတ်ဘဲဆက်လက်အာရုံပြုကာလက်တွေ့ ကျင့်သုံးသောသူဖြစ်သဖြင့် အဘယ်အမှု မျိုးကိုပြုသည်မဆိုဘုရားသခင်၏ ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။
သို့ဖြစ်၍ကောင်းသောအကျင့်ကိုသိလျက်နှင့် မပြုမကျင့်ဘဲနေသောသူသည်အပြစ်ရှိ၏။
မိမိတို့အဝတ်ကိုသန့်ရှင်းဖြူစင်အောင်လျှော်ဖွတ် သူတို့သည်မင်္ဂလာရှိကြ၏။ သူတို့သည်အသက်ပင် ၏အသီးကိုစားသုံးနိုင်ခွင့်နှင့် မြို့တံခါးဖြင့်မြို့ တော်တွင်းသို့ဝင်နိုင်ခွင့်ကိုရကြလိမ့်မည်။-