ရောမ 2:13 - Common Language Bible13 လူသည်ပညတ်တရားကိုကြားနာရုံဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ်သူ မဖြစ်နိုင်။ ပညတ်တရားပြဋ္ဌာန်းသည့်အတိုင်း ပြုကျင့်မှသာလျှင် ဘုရားသခင်နှင့်မှန်ကန် စွာဆက်သွယ်သူဖြစ်နိုင်၏။- အခန်းကိုကြည့်ပါ။Garrad Bible13-16 အ သို့ ဆို သော် ပ ညတ် တ ရား မ ရ သော လူ မျိုး ခြား တို့ သည် ဇာ တိ သ ဘာ ဝ အ လျောက် ပ ညတ် တ ရား တော် ယှဉ် ရာ အ ကျင့် ကျင့် လျှင် သြ တ္တ ပ္ပ စိတ် များ သက် သေ ခံ လျက် ကိုယ့် ထင် မြင် ချက် များ စွဲ ဆို တုံ၊ ထု ချေ တုံ ပြု ရာ တွင် ပ ညတ် တ ရား မ ရ သော် လည်း စိတ် နှ လုံး၌ အ က္ခ ရာ တင် ပြီး သော ပ ညတ် တ ရား တော် အ ကျိုး ကို ဖော် ပြ သည့် အ လျောက် ကိုယ့် အ ဖို့ ပ ညတ် တ ရား အ ဖြစ် ရောက် ကြ ပြီ ဖြစ် သ ဖြင့် ငါ ဟော ချက် အ ရ ခ ရစ် တော် ယေ ရှု အား ဖြင့် လူ တို့ ကွယ် ဝှက် ရာ များ ကို ဘု ရား သ ခင် စီ ရင် ဆုံး ဖြတ် တော် မူ အံ့ သော နေ့၌ ပ ညတ် တ ရား ကြား နာ သူ တို့ မ ဟုတ်။ လိုက် နာ သူ တို့ သာ ရှေ့ တော် တွင် ဖြောင့် မတ် ရာ ရောက် ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible13 အကြောင်းမူကား၊ တရားနာသောသူသည် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သည်မဟုတ်။ တရားကို ကျင့်သောသူသာလျှင် ဖြောင့်မတ်ရာသို့ ရောက်လိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 အကြောင်းမူကား ပညတ်တရားကိုကြားနာသောသူတို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ကြသည်မဟုတ်။ ပညတ်တရားကိုလိုက်နာကျင့်သုံးသောသူတို့သာလျှင် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း13 အဘယ်ကြောင့်ဆိုသော် ပညတ်တရားကို ကြားနာရုံမျှကြားနာသောသူသည် ဘုရားသခင်ရှေ့တော်၌ မဖြောင့်မတ်ဘဲ ပညတ်တရားကို လိုက်နာကျင့်သုံးသောသူသာလျှင် ဖြောင့်မတ်သောကြောင့်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်လူသည်ပညတ်တရားကိုစောင့်ထိန်း ခြင်းအားဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက် ဆံခွင့်ကိုမရနိုင်ကြောင်း၊ ခရစ်တော်ကိုယုံကြည် ခြင်းအားဖြင့်သာလျှင်ရနိုင်ကြောင်းကိုငါတို့ သိကြ၏။ ငါတို့သည်လည်းပညတ်တရားကို စောင့်ထိန်းခြင်းအားဖြင့်မဟုတ်ဘဲ ခရစ်တော် ကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်နှင့် မှန်ကန်စွာဆက်ဆံခွင့်ကိုရရှိနိုင်ရန် ခရစ် တော်ယေရှုကိုယုံကြည်ကြ၏။ အဘယ်ကြောင့် ဆိုသော်ပညတ်တရားကိုစောင့်ထိန်းခြင်း အားဖြင့် မည်သူမျှဘုရားသခင်နှင့်မှန်ကန် စွာဆက်ဆံခွင့်ကိုမရနိုင်သောကြောင့်ဖြစ်၏။-
သင်တို့အားငါဆိုသည်ကားဤသူသည် ဘုရားသခင်၏ရှေ့တော်တွင်သူတော်ကောင်း အဖြစ်ဖြင့်အိမ်သို့ပြန်ရ၏။ ဖာရိရှဲမူကား ထိုသို့မဟုတ်။ အဘယ်ကြောင့်ဆိုသော်မိမိ ကိုယ်ကိုချီးမြှောက်သူသည်နှိမ့်ချခြင်းခံရ ၍ မိမိကိုယ်ကိုနှိမ့်ချသူသည်ချီးမြှောက်ခြင်း ခံရမည်ဖြစ်သောကြောင့်တည်း'' ဟုမိန့်တော် မူ၏။
အို ဣသရေလအမျိုးသားတို့၊ ထိုပညတ်တော် များကိုစောင့်ထိန်းလော့။ ထိုသို့ပြုလျှင်ဘိုး ဘေးတို့၏ဘုရားသခင်ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း သင်တို့သည်ကြွယ်ဝ ကောင်းစား၍အင်အားကြီးသောလူမျိုးဖြစ် လာလိမ့်မည်။ အစာရေစာပေါကြွယ်ဝသော ပြည်တွင်နေထိုင်ရကြလိမ့်မည်။''